How-to

Hard Disk Driveကို ကြာရှည်အသုံးခံအောင် ဘယ်လို လုပ်ရမလဲ

hard-disk

Hard Disk တစ်လုံး ပျက်ပြီဆိုရင် Dataတွေ ဆုံးရှုံးရလို့ နစ်နာမှုတွေ အများကြီး ရှိပါတယ်။ သုံးတာကြာလာတာနဲ့အမျှ ပျက်စီးမှုဆိုတာကတော့ ရှိလာမှာပါ။ ဒါပေမယ့် တတ်နိုင်သလောက် ပျက်စီးမှု နည်းပြီး ကြာရှည်ခံအောင် ထိန်းသိမ်းတဲ့နည်းလမ်းတွေ ရှိပါတယ်။ အဲဒီလို နည်းလမ်းတွေထဲကမှ အဖြစ် များပြီး ထိန်းသိမ်းဖို့ မေ့လျော့တတ်တဲ့ တချို့ကို ပြောပြချင်ပါတယ်။ အရမ်း ပညာရှင်ဆန်တဲ့ အကြံပေးချက်မျိုးတွေ မဟုတ်ပေမယ့် လွယ်ကူပြီး နေ့စဉ် သတိထားလုပ်ဆောင်သင့်တဲ့ အချက်လေးတွေ ဖြစ်ပါတယ်။ အဖြစ်အများဆုံး ပျက်စီးမှု နှစ်ခုကတော့ Heatတက်တာနဲ့ Physical Damageလို့ ခေါ်တဲ့ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ပျက်စီးမှုတွေပါပဲ။ ဒါကြောင့် သင့်ရဲ့ Hard Driskကို ကြာရှည် အသုံးခံအောင် Cooling Fanတွေ သုံးပါ။ Desktop Coolingလုပ်ရတာ လွယ်ပါတယ်။ Extra Fanတွေလည်း လွယ်လွယ်ကူကူ တပ်ဆင်နိုင်ပါတယ်။ Casing ပုံးရဲ့ ဘေးဘက် (သို့မဟုတ်) အနောက်ဘက်ကနေ Extra Fanက ထုတ်ပေးတဲ့ လေသက်ရောက်နိုင်မယ့် အနေအထားမျိုးမှာ တပ်ဆင်ပေးရင် လွယ်လွယ်ကူကူနဲ့ အဆင်ပြေနိုင်မှာပါ။

Laptopတွေကတော့ Deskstop PCတွေထက် Heat ပိုတက်ပြီး အပူချိန် လျှော့ချဖို့လည်း သိပ်တော့ မလွယ်လှပါဘူး။ ဒါပေမယ့် သင့်ရဲ့ Laptop Heat တက်တာကို တတ်နိုင်သလောက် ကာကွယ်ပေးဖို့ Laptop Cooler သုံးပေးသင့်ပါတယ်။ လူ တော်တော်များက ကိုယ့်ရဲ့ Laptopကို Laptop Coolerပေါ် တကူးတက တင်ပြီး သုံးချင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဒါဟာ ရိုးရှင်း လွယ်ကူပြီး Hard Diskကို ကြာရှည်ခံစေမယ့် နည်းလမ်း တစ်ခုပါပဲ။ Physical Damageတွေနဲ့ ပတ်သက်လို့ကတော့ ပထမဆုံး Desktop PC တွေမှာ Hard Disk Driveကို သေသေချာချာ မြဲမြံအောင် တပ်ဆင်ထားလား ဆိုတာကို စစ်ဆေးထားပါ။ ဖြုတ်ရ တပ်ရတာလည်း သိပ်မခက်အောင် သေသေ သပ်သပ်လည်း ရှိအောင် တပ်ဆင်ထားလားဆိုတာကို စစ်ဆေးကြည့်လိုက်ပါ။ Hard Diskတွေဟာ ပြုတ်ကျတာမျိုး၊ တိုက်မိခိုက်မိတာမျိုးကြောင့် ပျက်စီး တတ်တယ်ဆိုတဲ့ အချက်လေးကို သတိထား ဆင်ခြင်လိုက်ရင် အဆင်ပြေမှာပါ။ Laptopတွေတော့ အရင်ကထက် ပိုမိုပြီး အကြမ်းခံ အသုံးခံလာအောင် တီထွင်လာကြပေမယ့် Laptopရဲ့ Hard Disk Driveတွေကတော့ ပျက်စီးဖို့ လွယ်ကူနေဆဲပါပဲ။

စက်ကို ဖွင့်ထားရင်းနဲ့ ပြုတ်ကျတာမျိုး၊ ရွေ့လျားစေတာမျိုးက သာမန် ပိတ်ထားတဲ့ အချိန်ထက် အများကြီး ပိုပြီး ထိခိုက်စေတာကြောင့် သတိထားသင့်တဲ့ အချက်တစ်ခုပဲ ဖြစ်ပါတယ်။ နောက်ဆုံး အချက်အနေနဲ့ Laptopမှာပဲ ဖြစ်ဖြစ်၊ Desktop PCမှာပဲ ဖြစ်ဖြစ်၊ Shut down မလုပ်ဘဲ Powerကို ရုတ်တရက် ပိတ်ပစ် တာမျိုးကလည်း Hard Diskကို ထိခိုက်စေနိုင်တယ်လို့ ဆင်ခြင် သင့်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *