How-to

Screen Resolution ဘယ်လိုချိန်မလဲ

srceen-resolution

ဘာမှ ခက်ခက်ခဲခဲတော့ မဟုတ်ပါဘူး။ ကွန်ပျူတာ စတင် သုံးစွဲသူတွေနဲ့ မသိသေးတဲ့သူတွေ အဆင်ပြေစေဖို့ Windows 7မှာ Screen Resolution ချိန်တဲ့ အကြောင်းလေး ပြောပြ ချင်ပါတယ်။

ပထမဦးဆုံးအနေနဲ့ Desktopရဲ့ လွတ်နေတဲ့ နေရာ တစ်နေရာမှာ Mouse Pointer တင်ပြီး Right Clickနှိပ်လိုက်ပါ။ နှိပ်ပြီးရင်တော့ အောက်ဆုံးက Personalizeဆိုတာလေးကို ရွေးလိုက်ပါ။ Personalizeကို နှိပ်လိုက်ရင်တော့ Personalization Panel ပေါ်လာပါမယ်။ အဲဒီလို ပေါ်လာခဲ့ရင် ဘယ်ဘက် အောက်ဖက်ထောင့်မှာ Displayဆိုတဲ့ စာတမ်းလေး ရှိပါတယ်။ တွေ့ပြီဆိုရင် Click တစ်ချက်နှိပ်လိုက်ပါ။

နှိပ်လိုက်ရင် Display Panelလေး ပေါ်လာမှာ ဖြစ်ပြီး အပေါ်ဘက်ထောင့်မှာ Adjust Resolutionဆိုတဲ့ စာတမ်းကို ရှာပြီး Click နှိပ်လိုက်ပါ။ အဲဒီလို နှိပ်လိုက်ရင် Screen Resolution Pannelလေးပေါ်လာမှာ ဖြစ်ပြီး Resolutionရဲ့ ဘေးက Boxမှာ Down Arrowလေး ရှိပါတယ်။ အဲဒီ Down Arrowကို ဖြည်ချလိုက်ရင်တော့ ကိုယ် လိုချင်တဲ့ Resolutionကို လိုသလို ချိန်ညှိနိုင်မယ့် နေရာကို ရောက်ပါပြီ။ မိမိသုံးတဲ့ Monitorက ဘယ်လောက် Resolutionကို ထောက်ပံ့ ပေးနိုင်လဲဆိုတာကို သိရင် ပိုကောင်းပြီး မိမိစိတ်ကြိုက် တစ်မျိုးခြင်းစီလည်း စမ်းသပ်ချိန်ညှိနိုင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *