Mobile

အန်းဒရွိုက် သမိုင်းကြောင်း

ပြီးခဲ့တဲ့ ရက်သတ္တပတ်က IDCသုတေသီတွေက ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့ပါတယ်။ အဲဒါကတော့ Googleရဲ့ Android OSတွေဟာ ကမ္ဘာ့စမတ်ဖုန်း ၈၀ရာခိုင်နှုန်းမှာ အသုံးပြုမောင်းနှင်နေပြီး Appleရဲ့ iOSကတော့ စမတ်ဖုန်းတွေရဲ့ ၁၃ရာခိုင်နှုန်းမှာသာ အသုံးပြုတယ်လို့ ဆိုပါတယ်။ လွန်ခဲ့တဲ့နှစ်ကတော့ iOSဟာ စမတ်ဖုန်းဈေးကွက်ရဲ့ ၁၆ရာခိုင်နှုန်းကို ထိန်းချုပ်နိုင်ခဲ့ပြီး အခု ၁၃ရာခိုင်နှုန်းဆိုတော့ ကျဆင်းသွားတာပဲ ဖြစ်ပါတယ်။ iPhoneကို မိတ်ဆက်ပြသခဲ့ပြီးနောက် ထွက်ရှိခဲ့တဲ့ Android OSရဲ့ သမိုင်းကြောင်းလေး တစ်စေ့တစ်စောင်း လေ့လာလိုက်ရအောင်ဗျာ။

၁။ Androidဟာ ၂၀၀၃ခုနှစ်မှာ သီးခြားကုမ္ပဏီတစ်ခု အဖြစ် Mr.Andy Rubinရဲ့ ဦးဆောင်မှုနဲ့ စတင်ခဲ့ပါတယ်။ မိုဘိုင်းနည်းပညာရဲ့ ခေတ်ဦးပိုင်းမှာတော့ Androidဟာ အခြားထင်ရှားတဲ့ နာမည်တွေရှိခဲ့ပါတယ်။ အဆိုပါ အချိန်တွေတုန်းက Mr.Andy Rubinနဲ့ အဖွဲ့ဟာ ဖုန်းတွေနဲ့ ဒစ်ဂျစ်တယ်ကင်မရာတွေ အတွက် Softwareတစ်ခု ရေးဆွဲဖို့ ကြိုးစားလျက်ရှိနေပါတယ်။

၂။ ၂၀၀၅ ခုနှစ်မှာ Googleဟာ Androidကို ၀ယ်ယူခဲ့ပြီး Mr.Andy Rubinနဲ့ အဖွဲ့ဟာ Android Mobile OSရယ်လို့ အမည်တွင်လာမယ့် OSအတွက် စတင်လှုပ်ရှားခဲ့ပါတယ်။

၃။ ၂၀၀၈ခုနှစ်မှာတော့ Googleဟာ T-Mobileနဲ့ ပူးပေါင်းပြီး ပထမဆုံး အန်းဒရွိုက်စနစ်သုံး စမတ်ဖုန်းဖြစ်တဲ့ G1ကို မိတ်ဆက်ပွဲထုတ် ခဲ့ပါတယ်။

၄။ အန်းဒရွိုက်ကို တကယ်တမ်း နာမည်ကြီးစေခဲ့တာကတော့ ၂၀၀၉ခုနှစ်၊ နို၀င်ဘာမှာ ပွဲထုတ်ဖြန့်ချိခဲ့တဲ့ Motorola Droidပဲ ဖြစ်ပါတယ်။ အဆိုပါ စမတ်ဖုန်းဟာ အန်းဒရွိုက်ဗားရှင်း အသစ်ဖြစ်တဲ့ 2.0ဗားရှင်းကို အသုံးပြုခဲ့ပြီး Verizonရဲ့ မူပိုင်တစ်ခုလည်း ဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက Verizonဟာ iPhoneကို Offerမပေးသေးတဲ့ အတွက် Androidရဲ့ အကြီးစားအောင်မြင်မှု တစ်ခုလည်း ဖြစ်ပါတယ်။

၅။ Motorolaဟာ ၎င်းတို့ရဲ့ စမတ်ဖုန်းကို iPhoneနဲ့ ကွဲပြားခြားနားအောင် ဖန်တီးပြီး အန်းဒရွိုက်ဈေးကွက် ဖြစ်တည်လာအောင် စွမ်းဆောင်ခဲ့ပါတယ်။ Motorola Droidရဲ့ Physical Keyboardနဲ့ ဖြုတ်လို့ တပ်လို့ရတဲ့ Batteryဟာ iPhoneထက် ကွဲပြားသာလွန်စေခဲ့တဲ့ အဓိကအချက်တွေပဲ ဖြစ်ပါတယ်။

၆။ ၂၀၁၀ခုနှစ် ဇန်နဝါရီလမှာတော့ Googleဟာ ၎င်းတို့ရဲ့ ပထမဆုံးစမတ်ဖုန်း Nexus Oneကို မိတ်ဆက်ပွဲထုတ် ခဲ့ပါတယ်။ အဆိုပါဖုန်းဟာ ကျွန်တော်တို့ရဲ့ စမတ်ဖုန်း၀ယ်ယူမှု ပုံစံကို လှုပ်ရှားသွားစေဖို့ Googleရဲ့ ကြိုးပမ်းမှု တစ်ရပ်ပဲ ဖြစ်ပါတယ်။ Googleဟာ Unlokcedလုပ်ပြီး စမတ်ဖုန်းကို အွန်လိုင်းကနေ ၅၂၉ဒေါ်လာနဲ့ ရောင်းချခဲ့ပါတယ်။ T-Mobile Customerတွေကတော့ ၁၇၉ဒေါ်လာပေးပြီး Contractနဲ့ ၀ယ်ယူနိုင်ခဲ့ပါတယ်။

၇။ ကံဆိုးစွာနဲ့ပဲ Nexus Oneကို Googleက ၂၀၁၀၊ ဇူလိုင်မှာ ထုတ်လုပ်ခြင်းရပ်ဆိုင်းခဲ့ပြီး အသုံးပြုသူတွေကလည်း Nexus Oneကို မသုံးကြတော့ပါဘူး။

၈။ ဒါပေမယ့် ၂၀၁၀ဟာ အန်းဒရွိုက်အတွက် ကံအကောင်းဆုံး နှစ်တစ်နှစ် ဖြစ်ခဲ့ပါတယ်။ တောင်ကိုရီးယား အခြေစိုက် Samsungကုမ္ပဏီဟာ ၎င်းတို့ရဲ့ ပထမဆုံး Galaxy S စမတ်ဖုန်းကို ၂၀၁၀မှာ ပွဲထုတ်ခဲ့ပြီး အန်းဒရွိုက် Deviceတွေအတွက် Samsungဟာ ပေါ်ပြူလာအဖြစ်ဆုံး Brandတစ်ခုအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။ Samsungကုမ္ပဏီဟာလည်း Galaxyစမတ်ဖုန်း အလုံးရေ သန်းတစ်ရာကျော် ရောင်းချခဲ့ရပါတယ်။

၉။ HTCကလည်း အားကျမခံ EVO 4Gကို ကြေညာပွဲထုတ်ခဲ့ပြီး Samsungရဲ့ ပရိသတ်အာရုံစိုက်ခံရမှုကို သူတို့ဘက်ပါအောင် လွှဲပြောင်းနိုင်ခဲ့ပါတယ်။ အဆိုပါ EVO 4Gဟာ အဲဒီအချိန်တုန်းက (၂၀၁၀တုန်းက) Best-Reviewစမတ်ဖုန်း ဖြစ်ခဲ့ပြီး iPhoneရဲ့ အဓိကပြိုင်ဘက်အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

၁၀။ အဆိုပါ ၂၀၁၀ခုနှစ်မှာပဲ အန်းဒရွိုက်ဟာ အမေရိကမှာ ကြီးစိုးနေတဲ့ iPhoneရဲ့ ဈေးကွက်ေ၀စုကို မျှယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီအချိန်တုန်းက BlackBerryစမတ်ဖုန်းတွေ မင်းမူနေတဲ့ ကာလပေါ့ဗျာ။

၁၁။ ၂၀၁၀နှောင်းပိုင်းမှာတော့ Googleဟာ Samsungက တည်ဆောက်ပေးတဲ့ Nexus Sစမတ်ဖုန်းကို အန်းဒရွိုက်ဗားရှင်းအသစ် 2.3(Gingerbread) သုံးပြီးထုတ်လုပ် ခဲ့ပါတယ်။ Samsungရဲ့ Galaxy Sနဲ့ ဆင်တူပေမယ့် အနည်းငယ်ကွာခြားချက်တွေတော့ ရှိပါတယ်။ အဆိုပါ ဗားရှင်းအသစ် Gingerbreadဟာလည်း တစ်ရှိန်ထိုး အောင်မြင်လာတဲ့ အန်းဒရွိုက်ဗားရှင်း တစ်ခုပေါ့ဗျာ။

၁၂။ ၂၀၁၁ခုနှစ်အစောပိုင်းမှာ Googleဟာ Tabletတွေမှာသာ အသုံးပြုဖို့ သီးသန့် ရည်ရွယ်ထုတ်လုပ်တဲ့ Honeycombလို့ အမည်ပေးထားတဲ့ အန်းဒရွိုက်ဗားရှင်း ကိုထုတ်လုပ်ခဲ့ပြန်ပါတယ်။ အဆိုပါ OSကို Motorolaရဲ့ Xoom Tabletမှာ ပွဲထုတ်ပြသခဲ့တာ ဖြစ်ပြီး ကံမကောင်းစွာနဲ့ပဲ အဲဒီအချိန်တုန်းက Xoom Tabletကော Honeycomဗားရှင်းပါ ကောင်းစွာမရောင်းရခဲ့ပါဘူး။

၁၃။ အန်းဒရွိုက်ဟာ အမေရိကမှာ ကြီးစိုးနေတဲ့ BlackBerryရဲ့ ဈေးကွက်ေ၀စုကို ၂၀၁၁ခုနှစ်မှာ ရယူနိုင်ခဲ့ပြီး BlackBerryရဲ့ ဈေးကွက်ရှယ်ယာတွေဟာလည်း ကျဆင်းခဲ့ပါတယ်။

၁၄။ အန်းဒရွိုက်ရဲ့ အကြီးမားဆုံး အပြောင်းအလဲဟာ ၂၀၁၁၊ နို၀င်ဘာမှာ ICS(Ice Cream Sandwich)ဗားရှင်း အသစ်ထွက်ပေါ်ခြင်းနဲ့ စတင်ခဲ့ပြီး အဆိုပါ OSဟာ အန်းဒရွိုက်အတွက် အသစ်ကျပ်ချွတ် မြင်ကွင်းမျိုး ပေးစွမ်းနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ICSဟာ Tabletတွေမှာပါ သုံးလို့ရအောင် ဖန်တီးထားတာလည်း ဖြစ်ပါတယ်။

၁၅။ ဒါတင်မကသေးပါဘူး။ ၂၀၁၁၊ နို၀င်ဘာမှာ Samsungဟာ Appleနဲ့ iPhoneကို တိုက်ခိုက်ဖို့ စီမံကိန်းတွေ စတင်ခဲ့ပြီး ၁၀ဘီလျံခန့် တန်ကြေးရှိတဲ့ ဈေးကွက်ကို ပိုင်ဆိုင်ထားကာ ကမ္ဘာ့အကြီးမားဆုံး စမတ်ဖုန်းကုမ္ပဏီ ဖြစ်ခဲ့ပါတယ်။ Samsungရဲ့ အန်းဒရွိုက် Devicesတွေဟာလည်း ပေါ်ပြူလာ အဖြစ်ဆုံးပါပဲ။

၁၆။ ၂၀၁၂ခုနှစ် အရောက်မှာတော့ Samsungအတွက် Galaxy S IIIထုတ်လုပ်လိုက်ခြင်းဖြင့် ကုမ္ပဏီကို “Top Android Phone Maker”ဖြစ်အောင် ပို့ဆောင်ပေးခဲ့ပါတယ်။ အဆိုပါ Galaxy S IIIစမတ်ဖုန်းဟာလည်း iPhoneပြီးရင် အရောင်းရဆုံး စမတ်ဖုန်း ဖြစ်ခဲ့ပါတယ်။

၁၇။ ၂၀၁၂၊ နွေရာသီကာလမှာ Googleဟာ အန်းဒရွိုက်ဗားရှင်းအသစ် Jelly Beanကို မိတ်ဆက်ပွဲထုတ် ခဲ့ပြန်ပါတယ်။ အဆိုပါ ဗားရှင်းမှာ Google Nowဆိုတဲ့ iPhoneရဲ့ Siriထက် ပိုမိုအသုံး၀င်တဲ့ Featureလည်း ပါ၀င်လာပါတယ်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *