News

ကမ္ဘာကျော် Apple ကုမ္ပဏီက ကျန်းမာရေးနည်းပညာတွေကို စိတ်၀င်စားလာ…

ပစ္စည်းအကောင်းစားများကိုသာ အစဉ်မပြတ် ထုတ်လုပ်လျက် ရှိသည့် ကမ္ဘာကျော် Appleကုမ္ပဏီအနေနဲ့ ခြေလှမ်းကျဲတွေလှမ်းပြီး အခြားနယ်ပယ်တွေမှာပါ လွှမ်းမိုးဖို့ ကြိုးစားနေ ပါပြီ။ Appleရဲ့ လက်ရှိ CEO ဖြစ်သူ Tim Cook ကိုလည်း လျှော့တွက်လို့မရတဲ့ လူတစ်ယောက်ဆိုတာ ပြိုင်ဘက် ကုမ္ပဏီတွေ သတိကြီးကြီးထားဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။ ရရှိထားတဲ့ သတင်းများအရတော့ Appleဟာ ဆေးရုံ ဆေးခန်းတွေမှာ အသုံးပြုတဲ့ နှလုံးခုန်နှုန်း၊ အသက်ရှူနှုန်းပြတဲ့ ကိရိယာကို အထူးလေ့လာနေပြီး အဆိုပါ ကိရိယာမျိုးတွေကို ထုတ်လုပ်သွားနိုင်ဖွယ် ရှိပါတယ်။

လက်ရှိမှာတော့ iWatch က ကျန်းမာရေးအတွက် အထောက်အကူဖြစ်တဲ့ function တွေထည့်သွင်းပေးထားပြီး နာမည်ကြီးပုဂ္ဂိုလ် အတော်များများရဲ့ လက်ကောက်၀တ်တွေမှာ တွေ့ရှိနေရပြီ ဖြစ်ပါတယ်။ အဆိုပါနာရီတွေကို smart watch များလို့ နာမည်ပေးထားပြီး Microsoft, Motorola နဲ့ Samsung ကုမ္ပဏီတွေကလည်း လိုက်လံ ပြိုင်ဆိုင်ဖို့ အပြင်းအထန် ပြင်ဆင်နေကြပြီ ဖြစ်ပါတယ်။ “ဝတ်ဆင်လို့ရတဲ့ နည်းပညာများ” လို့ တင်စားခြင်းခံရတဲ့ ပစ္စည်းတွေထဲမှာ Apple ရဲ့ iWatch, Google ရဲ့ Google Glass မျက်မှန်တွေ ပါ၀င်ပါတယ်။ ဘာပဲဖြစ်ဖြစ်တော့ Apple အနေနဲ့ ၊ CEO Tim Cook၏ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ နောက်ထပ်ဘယ်လို ပစ္စည်းအသစ်အဆန်းတွေ တီထွင်ဦးမလဲဆိုတာ စိတ်၀င်စားဖွယ်ပဲ ဖြစ်ပါတယ်။

Ref : http://gigaom.com/2013/07/18/apple-is-suddenly-really-interested-in-health-tech/

Related Posts

One thought on “ကမ္ဘာကျော် Apple ကုမ္ပဏီက ကျန်းမာရေးနည်းပညာတွေကို စိတ်၀င်စားလာ…

  1. Myo Thiha says:

    I glad to hear good news from apple.I hope it’s can be decided production which it apple series success in IT market.

Leave a Reply

Your email address will not be published. Required fields are marked *