Featured, News

Appleက ဂိမ်းလက်ကိုင်အဖြစ် အသွင်ပြောင်းနိုင်တဲ့ iPhone Home Buttonကို တီထွင်နေ

Appleက ဂိမ်းလက်ကိုင်အဖြစ် အသွင်ပြောင်းနိုင်တဲ့ iPhone Home Buttonကို တီထွင်နေ

Appleက ဂိမ်းလက်ကိုင် အဖြစ် အသွင်ပြောင်းနိုင်တဲ့ Home Buttonကို iPhoneတွေအတွက် Patentအနေနဲ့ မှတ်ပုံတင် လိုက်ပါတယ်။ Patently Apple ၀က်ဆိုက်က ရေးသားထားတဲ့ အဲဒီ Patentဟာ iPhoneရဲ့ Home Buttonကို အားပမာဏ အတိုင်းအတာ တစ်ခုနဲ့ ဖိလိုက်တာနဲ့ Home Buttonကနေ ဂိမ်းလက်ကိုင်တစ်ခု ထွက်ပေါ်လာမှာ ဖြစ်ပါတယ်လို့ ဖော်ပြထားပါတယ်။ ထိတွေ့မျက်နှာပြင်တွေဟာ ဂိမ်းကစားဖို့အတွက် အကောင်းဆုံး မဟုတ်ဘူးဆိုတာနဲ့ သီးခြား ဂိမ်းလက်ကိုင် တွေနဲ့ ဖုန်းကို ချိတ်ဆက်ရာမှာ အခက်အခဲတွေရှိနေတယ်ဆိုတာ အဲဒီ Patentက ပြသလိုက်တာပါ။ Appleရဲ့ နည်းပညာ အသစ်ဟာ ဂိမ်းကစားသူတွေအနေနဲ့ သူတို့ရဲ့ လက်ချောင်းများက မျက်နှာပြင်ကို ကာကွယ်မနေစေဖို့လည်း ပြုလုပ်ပေးထား ပါတယ်။

Patentမှာ သမားရိုးကျ Home Buttonပါရှိတဲ့ iPhone 6စမတ်ဖုန်းလိုမျိုး ရုပ်ပုံများ ပါရှိပါတယ်။ အသုံးပြုသူဟာ အားပမာဏတစ်ခုနဲ့ Home Buttonကို ဖိနှိပ်လိုက်ရင် x, y, z ခလုတ်တွေနဲ့ ဘယ် ညာ ရွေ့လျားနိုင်တဲ့ ခလုတ်တွေပါတဲ့ ဂိမ်းလက်ကိုင်တစ်ခုဟာ မျက်နှာပြင်ပေါ်မှာ ပေါ်ထွက်လာမှာ ဖြစ်ပါတယ်။ ဂိမ်းလက်ကိုင်ကို ဖုန်းထဲ ပြန်ထည့်ရတာလည်း လွယ်ကူပြီး Home Buttonကို အားပမာဏတစ်ခုနဲ့ ဖိနှိပ်လိုက်ရုံပါပဲ။

Patentနဲ့ ပတ်သက်တဲ့ အခြား အသေးစိတ်အချက်အလက်တွေကတော့ Force Sensor, Accelerometer, Gyroscope, Contact Sensor, Optical Sensor, Capacitive Sensor, Ultrasonic Sensor တို့အပါအ၀င် အခြား Sensor များကို Home Buttonမှာ ထည့်သွင်းနိုင်တာ ဖြစ်ပါတယ်။ ဒါဟာ Play Station လက်ကိုင်လို သမားရိုးကျ Analog Stick တွေထက် ပိုမို စွမ်းရည်ပြည့်၀တဲ့ အလွန်အသုံး၀င်တဲ့ Input Deviceတစ်ခု ဖြစ်လာမှာ ဖြစ်ပါတယ်။

အောင်မြင်စွာ တီထွင်နိုင်မယ်ဆိုရင်တော့ ဒါဟာ ပြောင်မြောက်တဲ့ ဒီဇိုင်း ဖြစ်ပါတယ်။ ဒါပေမယ့် ဒီနေ့ခေတ်မှာ Home Button မှာ လက်ဗွေရာ ဖတ်ရှုတဲ့ Sensorများကို ထည့်သွင်းနေကြတာ ဖြစ်ပြီး ဂိမ်းလက်ကိုင်နဲ့ Touch ID Sensorနှစ်ခုစလုံးကို ဒီလို သေးငယ်တဲ့ နေရာလေးမှာ ထည့်သွင်းဖို့ဆိုတာ နည်းပညာ စိန်ခေါ်မှုကြီးတစ်ခု ဖြစ်တယ်ဆိုတဲ့ အချက်တွေက ဒီ Patent ကို စားသုံးသူလက်ထဲ အရောက်ပို့နိုင်မယ့် လမ်းခရီးမှာ အဟန့်အတားများစွာ ရှိနေမယ်လို့ သံသယဖြစ်မိပါတယ်။ သီအိုရီအရတော့ Appleဟာ ဂိမ်းမြတ်နိုးသူတွေအတွက် ထူးခြားဆန်းသစ်တဲ့ အတွေ့အကြုံကို ပံ့ပိုးပေးဖို့ စဉ်းစားနေတယ်ဆိုတာ သိလိုက်ရပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *