Featured, News

သင့်ရဲ့ အနှစ်သက်ဆုံး Appsတွေ Apple Watchပေါ်မှာ ဘယ်လိုမြင်ရမလဲ

သင့်ရဲ့ အနှစ်သက်ဆုံး Appsတွေ Apple Watchပေါ်မှာ ဘယ်လိုမြင်ရမလဲ

သတင်းတွေ အရမ်းထွက်ခဲ့တဲ့ Apple Watchကို ဒီနှစ်ထဲမှာ ရောင်းချတော့မယ်လို့ မျှော်လင့်ရပါတယ်။ စမတ်ဖုန်းနယ်ပယ်မှာ iPhone အောင်မြင်ခဲ့သလို ချပ်၀တ်တန်ဆာ ကွန်ပြူတာ နယ်ပယ်မှာလည်း Apple Watchဟာ အောင်မြင်မလား ဆိုတာ ကတော့ မသိရသေးပါဘူး။ ဒါပေမယ့် သေချာတာတစ်ခုက Appleဟာ သူ့ရဲ့ စမတ်နာရီကို ရင်းနှီးမြှပ်နှံဖို့ အလျှင်အမြန် ပြုလုပ်မှာ ဖြစ်ပါတယ်။

Apple Watchဟာ ဘယ်နဲ့ တူမလဲဆိုတာ စိတ်၀င်စားစရာ ကောင်းပါတယ်။ ကုမ္ပဏီတွေဟာ သူတို့ရဲ့ Appတွေကို စမတ်နာရီမှာ ဘယ်လို ပုံစံမျိုးနဲ့ ထည့်သွင်းမလဲဆိုတာနဲ့ ဘယ်လို Appအသစ်တွေ ထွက်ပေါ်လာမလဲဆိုတာကို Fastcodesign ၀က်ဆိုက်က စူးစမ်းလေ့လာထားပါတယ်။ Apple Watchဟာ လက်ရှိ Interfaceတွေနဲ့ မတူပါဘူး။ သူ့ရဲ့ စွမ်းရည်တွေက သူ့ရဲ့ ကန့်သတ်ချက်ထဲမှာ ရှိနေပါတယ်။ သူဟာ အရွယ်သေးပြီး စက္ကန့်ပိုင်းအတွက်သာ ထိတွေ့အသုံးပြုရတာကြောင့် အသုံးပြုလို့ အဆင်ပြေမှာ ဖြစ်ပါတယ်။ အသံနဲ့ထိန်းချုပ်နိုင်တာ၊ ထိတွေ့ အသုံးပြုနိုင်တာ၊ အကြီးချဲ့ကြည့်လို့ရတဲ့ ဒစ်ဂျစ်တယ် Crown ပါရှိတာ၊ Apps များထဲမှာ Zoom ဆွဲကြည့်နိုင်တာတို့လို စွမ်းဆောင်ချက်တွေက ဒီဇိုင်းလိုအပ်ချက်နဲ့ အခွင့်အရေးများရဲ့ ကမ္ဘာသစ်ကို ဖွင့်လှစ်ပေးလိုက်တာ ဖြစ်ပါတယ်။ ပါးနပ်တဲ့ ကုမ္ပဏီတွေက သူတို့ရဲ့ Appsတွေကို Apple Watchအတွက် ပြုလုပ်ပေးကြမှာ ဖြစ်ပါတယ်။ စမတ်နာရီရဲ့ Interfaceကို အခြေပြုပြီး ဆန်းသစ်တဲ့ ကိုယ်ပိုင် စွမ်းရည်တွေကိုပံ့ပိုးပေးကြမှာပါ။

လက်ရှိ Appsများ

Uber
3040936-inline-i-9-how-your-favorite-apps-will-look-applewatchconcepts-uber
ဖြစ်နိုင်ခြေ

အငှားယာဉ်မှာယူဖို့ အသံနဲ့ အမိန့်ပေးနိုင်မှာ ဖြစ်ပါတယ်။

အချိန်နဲ့တစ်ပြေးညီ အငှားယာဉ်များရဲ့ တည်နေရာကို သိနိုင်မှာ ဖြစ်ပါတယ်။

ယာဉ်မောင်းသူမှ ပေးပို့တဲ့ စာတွေအတွက် Quick Notificationရရှိနိုင်မှာ ဖြစ်ပါတယ်။

အလုပ်လုပ်ပုံ

အချိန်နဲ့ တည်နေရာ အခြေပြု Appဖြစ်တဲ့အတွက် Uberက အငှားယာဉ်များရဲ့ တည်နေရာနဲ့ ရောက်ရှိမယ့်အချိန်တို့ကို အသုံးပြုသူများထံ စဉ်ဆက်မပြတ် အသိပေးနေမှာ ဖြစ်ပါတယ်။ အသုံးပြုသူများက iPhoneအစား စမတ်နာရီကနေ ဖုန်းခေါ်နိုင်မှာ ဖြစ်ပါတယ်။

Foursquare
3040936-inline-i-6-how-your-favorite-apps-will-look-applewatchconcepts-foursquare
ဖြစ်နိုင်ခြေ

အသုံးပြုသူရဲ့ တည်နေရာနဲ့ အချိန်တို့ကို အခြေပြုပြီး အကြံပြုချက်များ ပြပေးမှာ ဖြစ်ပါတယ်။

အသုံးပြုသူ နှစ်သက်မယ့် နေရာများကို အသံနဲ့ ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။

တစ်ချက်နှိပ်ရုံနဲ့ Check-Inပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

အလုပ်လုပ်ပုံ

စမတ်နာရီကနေ အနီးအနားမှ နေရာများကို အသံနဲ့ ရှာဖွေနိုင်မှာ ဖြစ်ပြီး အသုံးပြုသူရဲ့ တည်နေရာနဲ့ အမူအကျင့်အလိုက် အကြံပြုပြသပေးမှာ ဖြစ်ပါတယ်။ ဒစ်ဂျစ်တယ် Crownလို့ ခေါ်တဲ့ နာရီရဲ့ ညာဘက်ဘေးရှိ စက်ဝိုင်းခလုတ်ကို လှည့်ပြီး အကြံပြုချက်များကို Scrollလုပ်ပြီး ကြည့်နိုင်မှာ ဖြစ်ပါတယ်။

Chase
3040936-inline-i-1-how-your-favorite-apps-will-look-applewatchconcepts-chase
ဖြစ်နိုင်ခြေ

အခြားအကောင့်များထံ ငွေလွှဲနိုင်မှာ ဖြစ်ပါတယ်။

ငွေပေးဆောင်ချိန်၊ Depositတင်ချိန်နဲ့ အကောင့် Statementsရချိန်တို့မှာ သင့်တော်တဲ့ အချက်ပေးမှုတွေ ပေါ်လာမှာ ဖြစ်ပါတယ်။

ငွေကြေးအခြေအနေကို သိနိုင်မှာ ဖြစ်ပါတယ်။

အလုပ်လုပ်ပုံ

စမတ်နာရီမှာ အွန်လိုင်းဘဏ်စနစ်အတွက် အဆင်ပြေစေမှာ ဖြစ်ပေမယ့် ကန့်သတ်ချက်ရှိပါတယ်။ iPhoneမှ လက်ဗွေရာ Sensorကို အသုံးပြုရင်း ငွေပေးချေမှုကို ခွင့်ပြုရတဲ့ Apple Pay၀န်ဆောင်မှုကို နာရီရဲ့ ဘေးဘက်ရှိ ခလုတ်ကို နှစ်ချက်နှိပ်ပြီး အသုံးပြုရမှာ ဖြစ်ပါတယ်။

Fandango
3040936-inline-i-5-how-your-favorite-apps-will-look-applewatchconcepts-fandango
ဖြစ်နိုင်ခြေ

စမတ်နာရီကနေ ရုပ်ရှင်လက်မှတ် မှာယူနိုင်မှာ ဖြစ်ပါတယ်။

ရုပ်ရှင်ပြချိန်နဲ့ အနီးအနားရှိ ရုပ်ရှင်များရဲ့ အချက်ပေးမှုများကို ရရှိမှာ ဖြစ်ပါတယ်။

ရုပ်ရှင်ရုံများကို လွယ်ကူစွာ ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။

အလုပ်လုပ်ပုံ

ဒီလို Appမှာတော့ လက်မှတ်တွေကို စကင်ဖတ်နိုင်တဲ့ စွမ်းဆောင်ချက်က မပါမဖြစ်ဖြစ်ပါတယ်။ ဒါပေမယ့် လေယာဉ်စီးနင်းခွင့် လက်မှတ်တွေ ၊ ရုပ်ရှင် လက်မှတ်တွေနဲ့ ကူပွန်တွေကို iPhoneမှာ သိမ်းထားတဲ့ Passbookကတော့ အလွယ်တကူ သုံးလို့ရတဲ့ မတူညီတဲ့ နည်းလမ်းကို တစ်ခါတည်း ထည့်သွင်းပေးထားမယ်လို့ ထင်ရပါတယ်။

Instagram

သင့်ရဲ့ အနှစ်သက်ဆုံး Appsတွေ Apple Watchပေါ်မှာ ဘယ်လို မြင်ရမလဲ

သင့်ရဲ့ အနှစ်သက်ဆုံး Appsတွေ Apple Watchပေါ်မှာ ဘယ်လို မြင်ရမလဲ

ဖြစ်နိုင်ခြေ

အသုံးပြုသူရဲ့ ဓါတ်ပုံကို Like, Commentပြုလုပ်ရင် အချက်ပေးမှုများ ရနိုင်မှာပါ။

ဒစ်ဂျစ်တယ် Crownကို အသုံးပြုပြီး ဓါတ်ပုံတွေ ပြောင်းလဲကြည့်နိုင်မှာ ဖြစ်ပါတယ်။

အလုပ်လုပ်ပုံ

ဒီလို အရွယ်သေးတဲ့ မျက်နှာပြင်မှာ ပုံတွေ တည်းဖြတ်ရတာ ခက်ခဲမှာပါ။ အဲဒီအတွက် Instagramဟာ စမတ်နာရီမှာ ဒီဖန်ရှင်ကို ကန့်သတ်ထားမှာပါ။ ဒါပေမယ့် အသုံးပြုသူများက အချက်ပေးမှုများ ၊ Messageများနဲ့ ကြည့်ရှုမှုများကနေ စဉ်ဆက်မပြတ် သိရှိနိုင်တဲ့ အကျိုးကျေးဇူး ရနိုင်ပါတယ်။

The New York Times
3040936-inline-i-4-how-your-favorite-apps-will-look-applewatchconcepts-elections
ဖြစ်နိုင်ခြေ

အချိန်နဲ့ တစ်ပြေးညီ သတင်း အသစ်များ ရနိုင်ပါတယ်။

ရွေးကောက်ပွဲတွေနဲ့ အခြား ထူးခြားတဲ့ ပွဲတွေကနေ တိုက်ရိုက်တင်ဆက်မှုကို ကြည့်နိုင်မှာပါ။

ဗီဒီယိုရိုက်ကူးထုတ်လွှင့်မှုကို တိုက်ရိုက်ကြည့်နိုင်ပါတယ်။

အလုပ်လုပ်ပုံ

သတင်းအသစ်များကို နာရီရဲ့ အချက်ပေးစနစ်ကနေ တိုက်ရိုက် သိနိုင်မှာပါ။ ဗီဒီယို တိုက်ရိုက် ရိုက်ကူးတင်ဆက်မှုကတော့ ဒီပလက်ဖောင်းမှာ ကောင်းမွန်တဲ့ စွမ်းရည်အသစ်ဖြစ်မှာပါ။

ထွက်ပေါ်လာနိုင်တဲ့ Apps များ

နောက်ထုတ်မယ့် WatchKitအသစ်နဲ့ အတူ iOS Applicationsများဟာ စမတ်နာရီပေါ်မှာ Runလို့ ရနိုင်တဲ့ APIကို ရရှိတော့မှာ ဖြစ်ပါတယ်။ Developerတွေက သူတို့ ကိုယ်ပိုင် Appsများကို စမတ်နာရီအတွက် တီထွင်ပေးတော့မှာပါ။ အဲဒီနေ့အတွက် ပြင်ဆင်ထားရမှာပါ။ အဲဒီ Appတွေက စမတ်နာရီမှာ ဒီလို ပုံထွက်လာနိုင်ပါတယ်။

iBeacons

3040936-inline-i-2-how-your-favorite-apps-will-look-applewatchconcepts-coffee
iBeaconsနဲ့ အတူ Appleက သင့်ရဲ့ iPhone, Apple Watchရဲ့ တိကျတဲ့ တည်နေရာကို တွက်ချက်ဖို့ Bluetooth နည်းပညာကို အသုံးပြုမှာပါ။

ဖြစ်နိုင်ခြေ

တည်နေရာ အခြေပြု အသိပေးမှု၊ တည်နေရာ အခြေပြု ပရိုမိုးရှင်းများကို ပံ့ပိုးပေးမှာပါ။

အလုပ်များကို မှတ်သားပေးတဲ့ Appsများနဲ့ တွဲဖက် အသုံးပြုနိုင်မှာဖြစ်ပါတယ်။

အလုပ်လုပ်ပုံ

စတိုးဆိုင်၊ အရောင်းဆိုင်နဲ့ စမတ် မီးဖိုချောင်သုံး ကိရိယာတွေအတွက်တောင် အသုံး၀င်မှုများစွာ ရနိုင်မှာပါ။ ဥပမာ အနေနဲ့ ရေခဲသေတ္တာထဲမှာ နွားနို့ကုန်နေရင် စမတ်နာရီက အရောင်းဆိုင်ရှေ့ရောက်ရင် သတိပေးမှာပါ။

ငွေရေးကြေးရေး
3040936-inline-i-budget
ဖြစ်နိုင်ခြေ

အသုံးပြှုမှုကို တွက်ချက်ပြီး Updateလုပ်ပေးနိုင်မှာပါ။

ငွေကြေးသတင်းအချက်အလက်တွေကို လွယ်ကူစွာ သိနိုင်မှာပါ။

ငွေကြေးအဖွဲ့အစည်းများနဲ့ Syncပြုလုပ်မှာပါ။

အလုပ်လုပ်ပုံ

အထူးသဖြင့် ငယ်ရွယ်သူများနဲ့ နည်းပညာကို မြတ်နိုးသူများ အပါအ၀င် လူများစွာက Mintလို ငွေကြေး Appကို အသုံးပြုနေကြပါပြီ။ စမတ်နာရီဟာ ငွေကြေးကို စီမံခန့်ခွဲရာမှာ ပိုမို လွယ်ကူစေမှာ ဖြစ်ပါတယ်။

To-Do Lists
3040936-inline-i-todolist
ဖြစ်နိုင်ခြေ

လုပ်စရာ ရှိတဲ့ အလုပ်တွေအတွက် အချိန်အခြေပြု အသိပေးမှုများနဲ့ အလုပ်ပြီးမြောက်သွားရင် အသိပေးမှုများကို ပံ့ပိုးပေးနိုင်ပါတယ်။

တည်နေရာအခြေပြု အကြံပြုချက်များကို ရနိုင်ပါတယ်။

အလုပ်လုပ်ပုံ

စမတ်နာရီဟာ ဘယ်တုန်းကမှနဲ့ မတူအောင် အသိပေးမှုများကို လွယ်ကူစေအောင် ပံ့ပိုးပေးမှာ ဖြစ်ပါတယ်။ အဲဒီအတွက် အလုပ်မှတ်သားတဲ့ Appsတွေဟာ ပိုမိုပေါ်ထွက်လာနိုင်ပါတယ်။

အားကစားပွဲရလဒ်များနဲ့ Leagueပြိုင်ပွဲများ
3040936-inline-i-7-how-your-favorite-apps-will-look-applewatchconcepts-live-score
ဖြစ်နိုင်ခြေ

အချိန်နဲ့တစ်ပြေးညီ အချက်ပေးမှုများကို ပံ့ပိုးပေးနိုင်ပြီး အားကစားပွဲရလဒ်များနဲ့ အသေးစိတ်သတင်းအချက်အလက်များကို လွယ်ကူစွာ ကြည့်နိုင်မှာပါ။

အလုပ်လုပ်ပုံ

အားကစားချစ်မြတ်နိုးသူတွေဟာ အချိန်နဲ့တစ်ပြေးညီ သူတို့ရဲ့ အနှစ်သက်ဆုံး အားကစားအသင်းများ၊ အားကစားသမားများရဲ့ သတင်းအချက်အလက်များကို ရယူနေကြပါတယ်။ အဲဒီအတွက် ဒီနေရာမှာ စိန်ခေါ်မှုက တစ်ချက်ကြည့်ရုံနဲ့ သတင်းအချက် အလက်တွေကို အလွယ်တကူ မြင်နိုင်အောင်နဲ့ ရိုးရှင်းအောင် ပြုလုပ်ပေးရမှာပါ။

တည်နေရာညွှန်ပြမှု
3040936-inline-i-8-how-your-favorite-apps-will-look-applewatchconcepts-navigation
ဖြစ်နိုင်ခြေ

အသုံးပြုသူအတွက် အကောင်းဆုံး လမ်းကြောင်းတွေကို ညွှန်ပြပေးနိုင်မှာပါ။

အခြားကိရိယာများနဲ့ စမတ်နာရီကို ချိတ်ဆက်နိုင်ပြီး စမတ်နာရီကနေ ချိတ်ဆက်နေတဲ့ Deviceကို Lock/ Unlock ပြုလုပ်နိုင်တာမျိုးဖြစ်တဲ့ Proximityနဲ့ ပတ်သက်တာတွေကို လုပ်နိုင်မှာ ဖြစ်ပါတယ်။

အလုပ်လုပ်ပုံ

Google Mapsဟာ iPhoneအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ ၀န်ဆောင်မှုတစ်ခုပါ။ အမြင်ကို ရှုပ်ထွေးစေခြင်းမရှိဘဲ တည်နေရာညွှန်ပြမှုတွေကို လျှင်မြန်စွာ ပြသပေးနိုင်မယ်ဆိုရင် စမတ်နာရီဟာ ယာဉ်မောင်းများ၊ စက်ဘီးစီးသူများနဲ့ တည်နေရာတစ်ခုကနေ အခြား တည်နေရာတစ်ခုကို သွားချင်သူများ အားလုံးအတွက် အဆင်ပြေစေမှာ ဖြစ်ပါတယ်။ ဥပမာ အားဖြင့် စမတ်နာရီဟာ တုန်ခါမှုကို အသုံးပြုပြီး ဘယ်နဲ့ ညာ လမ်းညွှန်မှုများကို ပံ့ပိုးပေးနိုင်ပါတယ်။

မီးဖိုချောင် ပံ့ပိုးမှု
3040936-inline-i-3-how-your-favorite-apps-will-look-applewatchconcepts-cooking
ဖြစ်နိုင်ခြေ

ဈေး၀ယ်ရမယ့် စာရင်းကို လွယ်ကူစွာ ပြသပေးနိုင်ပြီး တစ်ဆင့်ချင်းလမ်းညွှန်မှုများနဲ့ အချက်ပေးမှုများကို ပံ့ပိုးပေးနိုင်မှာပါ။

ချက်ပြုတ်ရမယ့် အစားအစာများကိုလည်း အကြံပြုပေးမှာပါ။

အလုပ်လုပ်ပုံ

မီးဖိုချောင်မှာ ဂတ်ဂျက်မျိုးစုံကိုတွေ့နိုင်ပါတယ်။ စမတ်နာရီကို အသံနဲ့ ခိုင်းစေနိုင်ခြင်းက စားဖိုမှူးများ အကြိုက်တွေ့စေမှာပါ။ ဥပမာ အနေနဲ့ အသံနဲ့ အမိန့်ပေးခြင်းဖြင့် လက်မှာ ဂျုံမှုန့်တွေ ပေနေတဲ့ စားဖိုမှူးက Timerကို သတ်မှတ်နိုင်မှာပါ။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *