News

CDMA ဖုန်းများ မက်ဆေ့ချ်မှတစ်ဆင့် အင်တာနက် လျှောက်ရန် မရသေးဟု ဆို

internet communication

သြဂုတ်လ ၁ရက်နေ့မှ စတင်၍ မိုဘိုင်းဖုန်းများအား မက်ဆေ့ချ်မှတစ်ဆင့် အင်တာနက် လျှောက်ထားခွင့်ပြုရာတွင် GSMနှင့် WCDMA ဖုန်းများသာ ပေးပို့ လျှောက်ထားနိုင်မည် ဖြစ်ပြီး CDMA ဖုန်းများမှာမူ လျှောက်ထားနိုင်ဦးမည် မဟုတ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်ဟု Daily Elevenတွင် ဖော်ပြထားသည်။ GSMနှင့် WCDMA ဖုန်းများ အင်တာနက် သုံးစွဲမှုအား မက်ဆေ့ချ် ပေးပို့၍ လျှောက်ထားရာတွင် မက်ဆေ့ချ် နံပါတ် ၁၃၃၁သို့ Orden Data Serviceဟု ပေးပို့ရမည် ဖြစ်ပြီး “You have ordered Data Service Successfully ! Please Restant your handset”ဟု မက်ဆေ့ချ် ပြန်လာပါက မိမိဖုန်းအား Restartချကာ အင်တာနက် စတင် သုံးစွဲနိုင်ပြီ ဖြစ်သည်။ မက်ဆေ့ချ် ပေးပို့ရန်အတွက် မိမိ ဖုန်းဘီလ်တွင် အင်တာနက် လျှောက်ထားခ ငွေကျပ်တစ်သောင်း ဖြည့်သွင်းထားရမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၊ ကြေးနန်း ဆက်သွယ်ရေးနှင့် စာတိုက် သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဦးကျော်စိုးက ပြောကြားရာတွင် “CDMAအတွက် စနစ်က အဆင်သင့် မဖြစ်သေးလို့ပါ။ ၁၅၀၀တန် MEC ဖုန်းကတော့ သက်ဆိုင်ရာ အင်တာနက် လျှောက်တဲ့နေရာမှာပဲ သွားလျှောက်ရမယ်”ဟု ဆိုပါသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *