Featured, News

သင့်ရဲ့ iOS Deviceမှ Touch IDကို အသုံပြုပြီး သင့်ရဲ့ Macကို Unlock ပြုလုပ်ပါ

သင့်ရဲ့ iOS Deviceမှ Touch IDကို အသုံပြုပြီး သင့်ရဲ့ Macကို Unlock ပြုလုပ်ပါ

Appleက iOS 8မှာ Handoffဆိုတဲ့ စွမ်းဆောင်ချက် အသစ်ကို မိတ်ဆက်ခဲ့ပါတယ်။ အဲဒီစွမ်းဆောင်ချက်ဟာ သင့်ရဲ့ လုပ်လက်စအလုပ်တွေကို iOSနဲ့ OS X Deviceတွေကြားမှာ ဆက်လက်ပြုလုပ်နိုင်တာ ဖြစ်ပါတယ်။ ဆိုပါစို့ သင်ဟာ iPhoneမှာ အလုပ်တစ်ခုလုပ်နေတယ်ဆိုပါစို့။ အရွယ်ကြီးတဲ့ မျက်နှာပြင်နဲ့မှ အလုပ်ဆက်လုပ်လို့ အဆင်ပြေမယ့် နေရာကို ရောက်ရင် iPhoneကို အောက်ချပြီး OS X Deviceကနေ လုပ်လက်စအလုပ်ကို ဆက်လုပ်နိုင်တာပါ။

Handoffမှာ လိုအပ်နေတာတစ်ခုက iOS Deviceမှ Touch IDကို Macဆီသို့ လွှဲပြောင်းပေးနိုင်တဲ့ စွမ်းရည်ဖြစ်ပါတယ်။ Developerအချို့က Key Touchလို့ ခေါ်တဲ့ Appအသစ်နဲ့ Touch IDစွမ်းဆောင်ချက်ကို OS Xသို့ လွှဲပြောင်းပေးနိုင်ဖို့ ကြိုးစားနေပါတယ်။

လက်ရှိအချိန်မှာတော့ KeyTouchဟာ အနီးအနားက iPad , iPhoneတို့မှ Touch IDကို အသုံးပြုပြီး Macကို Unlockလုပ်ပေးနိုင်ပါပြီ။ Macမှာ Passwordတောင်းရင် သူ့ဟာသူ ထည့်ပေးမှာ ဖြစ်ပါတယ်။ ဒီလိုလုပ်ဖို့ အစိတ်အပိုင်း နှစ်ခုရှိပါတယ်။ တစ်ခုက ဒေါ်လာ ၀.၉၉ တန်ကြေးရှိတဲ့ iOS Appဖြစ်ပြီး နောက်တစ်ခုက အခမဲ့ Mac Appဖြစ်ပါတယ်။

Appနှစ်ခုကို အင်စတော လုပ်ပြီးရင် Setupလုပ်ရပါမယ်။ မိနစ်အနည်းငယ်ကြာရင် သင့်ရဲ့ Macမှာ Touch IDနဲ့ ချိတ်ဆက်ပြီးပါပြီ။ အခုအချိန်မှာ အဲဒီစွမ်းဆောင်ချက်ကို အသုံးပြုရတာ အနည်းငယ်တော့ အလုပ်ရှုပ်ပါတယ်။ Macမှာ Passwordမရိုက်ရပေမယ့် iOS Deviceကို Unlockလုပ် ၊ Appကို ဖွင့်၊ စကရင်ကို တစ်ချက်နှိပ်ပြီးမှ Home Button ပေါ်မှာ သင့်ရဲ့ လက်ချောင်းကို တင်ရမှာ ဖြစ်ပါတယ်။

Developerတွေက သူတို့ရဲ့ နည်းလမ်းဟာ အလုပ်အနည်းငယ်ရှုပ်တာကို သိတဲ့အတွက် ဒီထက် အဆင်ပြေစေမယ့် နည်းလမ်းကို တီထွင်နေပါတယ်။ ဒါ့အပြင် တီထွင်သူတွေက Website Developerတွေနဲ့ ပူးပေါင်းပြီး APIရရှိအောင် ပြုလုပ်နေပါတယ်။ အဆင်ပြေပြီ ဆိုရင်တော့ KeyTouchအသုံးပြုသူတွေဟာ iOSမှ Touch IDကို အသုံးပြုပြီး Macမှ ၀န်ဆောင်မှုနဲ့ ၀က်ဆိုက်တွေကို Log In၀င်နိုင်မှာ ဖြစ်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *