Review

Apple Event November 2020 မှာ Apple Product အသစ်တွေကို ထပ်မံကြေငြာသွားခဲ့ပါတယ်

Apple Event November 2020 မှာ Apple Product အသစ်တွေကို ထပ်မံကြေငြာသွားခဲ့ပါတယ်။ ကြေငြာခဲ့တဲ့ အကြောင်းအရာတွေကို ဖော်ပြပေးလိုက်ပါတယ်။

Apple M1 chip
Apple က သူ့ရဲ့ MacBook တွေမှာ သုံးဖို့ ကိုယ်ပိုင် M1 Ship တွေကို ထုတ်လုပ်လိုက်ပါပြီ။ 16 billion transistors တွေနဲ့ CPU, GPU တွေကို ပေါင်းစပ်ထားပါတယ်။ အမြန်နှုန်း၊ Graphic နဲ့ battery life တွေကို ပိုကောင်းလာစေမှာပါ။

MacBook Air
M1 chip ကြောင့် Apple ရဲ့ အပါးဆုံးနဲ့ အပေါ့ဆုံး Notebook တစ်လုံး ဖြစ်လာခဲ့ပါပြီ။ Graphic လည်း ပိုကောင်းလာမှာပါ။ Fan မပါတဲ့ဒီဇိုင်းကြောင့် လုံး၀အသံတိတ်တဲ့အပြင် battery life 18 hours ထိပါ ရရှိလာမှာ ဖြစ်ပါတယ်။

MacBook Pro 13”
M1 chip နဲ့ ပွဲထွက်လာမှာဖြစ်ပါတယ်။ ပိုကောင်းတဲ့ power နဲ့ graphic စွမ်းဆောင်ရည်တွေကို ရရှိစေမှာပါ။ Advanced Neural Engine ကြောင့် machine learning လုပ်ရာမှာ ပိုအဆင်ပြေစေပါတယ်။ အရမ်းမြန်တဲ့ memory speed နဲ့ ဘက်ထရီကလည်း နာရီ ၂၀ ထိ ခံဦးမှာပါ။ ဒါက MacBook သမိုင်းမှာ အားအကြာဆုံးခံတာ ဖြစ်ပါတယ်။

Mac Mini
M1 chip က Mac mini ကို နောက်တစ်ဆင့်ကို ခေါ်ဆောင်သွားနိုင်ပါပြီ။ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်၊ သွက်လက်တဲ့ Graphic၊ အရမ်းမြန်တဲ့ memory နဲ့ စွမ်းဆောင်ရည်ပြည့် Neural Engine တွေက တကယ်ကောင်းတဲ့ Desktop တစ်လုံး ဖြစ်လာစေမှာပါ။

ဒါတွေကတော့ ပြီးခဲ့တဲ့ Apple Event မှာ ကြေငြာခဲ့တာတွေပဲ ဖြစ်ပါတယ်။ မကြာမီအချိန်တွင်းမှာ ဖော်ပြပါ Apple Product တွေကို ICT.com.mm မှာ ရရှိနိုင်တော့မှာဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *