Featured, News

Appleရဲ့ Swift Programming Languageဟာ ၂၀၁၄ မှာ နာမည်ကျော်ကြားလာ

Appleရဲ့ Swift Programming Languageဟာ ၂၀၁၄ မှာ နာမည်ကျော်ကြားလာ

Redmonkရဲ့ ၂၀၁၅ အတွက် Programming Language အဆင့်သတ်မှတ်ချက်တွေ ထွက်ပေါ်လာပြီး Appleရဲ့ Swift Development Languageအသစ်ရဲ့ လူကြိုက်များလာမှုကို ပြသလိုက်ပါတယ်။

ရလဒ်အရ Swiftဟာ ၂၀၁၄ ခုနှစ်ရဲ့ အောက်တိုဘာလကနေ ဒီဇင်ဘာလအတွင်းမှာ အဆင့်သတ်မှတ်ချက်  ၆၈ (စတင်ဖြန့်ချီစဉ်ကတည်းက အဆင့် ၆၈ နေရာဖြစ်ပါတယ်။) နေရာကနေ အခုတော့ ၂၂ နေရာကို ရောက်ရှိလာပါတယ်။ ဒါဟာ Redmonkရဲ့ အဆင့်သတ်မှတ်သမိုင်းတစ်လျှောက်မှာ တစ်ခါမှ မကြုံဖူးတဲ့ အဆင့် ၄၆ ခုလောက် ခုန်ပျံကျော်တက်လာတာ ဖြစ်ပါတယ်။

Swiftကို Appleက ၂၀၁၄ ခုနှစ် ဇွန်လမှာ ပြုလုပ်တဲ့ သူ့ရဲ့ WWDC Developer Conferenceမှာ ကြေညာခဲ့တာ ဖြစ်တဲ့အတွက် တစ်နှစ်သား အရွယ်တောင် မရှိသေးပါဘူး။ Swiftရဲ့ အောင်မြင်မှုနဲ့ Developerများစွာရဲ့ စိတ်၀င်စားမှုက ၂၀၁၅မှာလည်း လူကြိုက်များအုံးမယ်လို့ ညွှန်ပြနေပြီး Appleအမြဲတမ်းရည်မှန်းထားတဲ့ Objective-Cကို ကျော်လွန်နိုင်မယ်လို့ ထင်ရပါတယ်။
lang.rank_.plot_.q1151
Javascriptကတော့ အင်တာနက်မှာ အသုံးပြုမှု အများဆုံး ဖြစ်တဲ့ Github၀က်ဆိုက်မှာတော့ အကျော်ကြားဆုံး ကွန်ပြူတာ ဘာသာစကားအဖြစ် ပထမနေရာမှာ ရပ်တည်နေပါတယ်။ Swiftဟာ Javaကို အနည်းငယ်သာ တိုက်ခိုက်နိုင်ပါသေးတယ်။

ဘယ် ကွန်ပြူတာ ဘာသာစကားကိုလူကြိုက်များလဲ ဆိုတာနဲ့ ဘယ် ကွန်ပြူတာ ဘာသာစကားကို လူကြိုက်နည်းသွားလဲ ဆိုတာကို သိရှိဖို့ Githubမှ အသုံးပြုမှုများနဲ့ Stack Overflowမှ ကွန်ပြူတာ ဘာသာစကား ဆွေးနွေးမှုများကို ခွဲခြမ်းစိတ်ဖြာ ခြင်းဖြင့် အဆင့်သတ်မှတ်ချက်တွေကို ရေးဆွဲထားတာ ဖြစ်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *