Review

Appleက ငွေပေးချေမှုများကို ရိုးရှင်းစွာ သုံးနိုင်မယ့် Apple Payကို မိတ်ဆက်

Appleက ငွေပေးချေမှုများကို ရိုးရှင်းစွာ သုံးနိုင်မယ့် Apple Payကို မိတ်ဆက်

Appleရဲ့ နောက်မျိုးဆက် ကိရိယာတွေဟာ ပိုက်ဆံနဲ့ Credit Cardများ မလိုအပ်ဘဲ သင့်ကို စတိုးဆိုင်များမှာ ဈေး၀ယ်စေနိုင်မှာပါ။ iPhone အသစ်နှစ်လုံးနဲ့ Apple Watchတို့မှာ မိုဘိုင်းငွေပေးချေမှုကို ရိုးရှင်းစွာ ပြုလုပ်နိုင်တဲ့ NFC or Near Field Communicationပါရှိပါတယ်။

Appleက Apple Payလို့ အမည်ပေးထားတဲ့ ၀န်ဆောင်မှုအသစ်ကို ဖန်တီးလိုက်ပါတယ်။ iPhone 6နဲ့ iPhone 6 Plusတို့မှာ အသုံးပြုနိုင်ပါတယ်။ Appleက Touch IDလုံခြုံရေးစနစ်ကို မှီခိုထားပြီး သင့်ရဲ့ အရေးကြီးဒေတာများကို သိမ်းထားတဲ့ Secure Elementလို့ ခေါ်တဲ့ ဟဒ်ဝဲအစိတ်အပိုင်းအသစ်တစ်ခု ပါရှိလာပါတယ်။

Credit Cardတစ်ခုကို Apple Deviceမှတဆင့် Apple Payမှာ မှတ်ပုံတင်လိုက်ရင် ကဒ်ကို ကုန်သည်များ၊ စီးပွားရေးလုပ်ငန်းများနဲ့ မျှဝေမှာ မဟုတ်ဘဲ Appleက အဲဒီ Deviceမှာ ကဒ်အတွက် သီးသန့် နံပါတ်တစ်ခုကို ဖန်တီးလိုက်မှာပါ။ သင့်ဖုန်း ပျောက်ဆုံး ဒါမှမဟုတ် ခိုးခံရရင် Find my iPhoneစွမ်းဆောင်ချက်က ဖုန်းကနေ ငွေပေးချေမှုများကို ပိတ်လိုက်မှာဖြစ်ပြီး သငင့်ရဲ့ ကဒ်ကို ပိတ်ဖို့ မလိုအပ်တော့ပါဘူး။

Credit Cardတစ်ခုကို မှတ်ပုံတင်ဖို့ ကင်မရာကနေ ကဒ်ကို ဓါတ်ပုံရိုက်နိုင်ပါတယ်။ ဘဏ်က သင့်ရဲ့ ကဒ်ကို စစ်ဆေးပြီးတာနဲ့ Passbookမှာ ထည့်သွင်းနိုင်ပါပြီ။

iPhoneတစ်ခုစီမှာ ကြိုးမဲ့ NFC Chipပါရှိပြီး စားသုံးသူများအနေနဲ့ စတိုးဆိုင်များမှ ငွေရယူစက်များနဲ့ ဖုန်းကို တို့ထိလိုက်ရုံ သို့မဟုတ် အနားနား ကပ်လိုက်ရုံနဲ့ ငွေပေးချေနိုင်ပါပြီ။ အစောပိုင်း ပါတနာများအနေနဲ့ American Express, Mastercard, Visaတို့အပါအ၀င် အမေရိကမှ အကြီးဆုံးဘဏ်ခြောက်ခုပါပါတယ်။

Macy’s and Bloomingdales, Walgreens, Duane Reade, Staples, Subway, McDonalds, Whole Foods, Disneyနဲ့ Apple Storeများမှာ Apple Pay၀န်ဆောင်မှု စတင်တာနဲ့ အသုံးပြုနိုင်ပါပြီ။ Targetက သူတို့ရဲ့ ဈေး၀ယ် Appမှာ Apple Payကိုထည့်သွင်းခဲ့ပြီး Apple Payကို လက်ခံတဲ့ အခြား ကုမ္ပဏီများကတော့ Uber, MLB, OpenTableတို့ ဖြစ်ပါတယ်။

Apple Payကို iOS8ရဲ့ Free Updateအနေနဲ့ အောက်တိုဘာလမှာ ဖြန့်ချီပေးမှာပါ။ Developerများအနေနဲ့ ၀န်ဆောင်မှုစတင်တာနဲ့ Apple Payကို သူတို့ရဲ့ Appsများမှာ ထည့်သွင်းနိုင်မှာပါ။

ဒါဟာ ဆန်းသစ်တဲ့ နည်းပညာတော့ မဟုတ်ပါဘူး။ LG, Samsung, Google Nexusတို့ရဲ့ ဖုန်းများမှာလည်း NFCပါရှိပါတယ်။ ဒါပေမယ့် Appleဟာ အရောင်းဆိုင်များမှာ တိုးကျိတ်နေတဲ့ ငွေရှင်းကောင်တာများမှာ တစ်ချက်ထိတွေ့ရုံနဲ့ မိုဘိုင်းဖုန်းကနေ ငွေပေးချေနိုင်တဲ့ နည်းလမ်းကို ပံ့ပိုးပေးလိုက်တာက ထူးခြားပါတယ်။

Appleဟာ NFC Deviceများနဲ့ ငွေပေးချေမှုများကို ပြုလုပ်နိုင်တာထက်ပိုတဲ့ စွမ်းဆောင်ချက်များကို ပြုလုပ်နိုင်ပါတယ်။ အဲဒီနည်းပညာကို HomeKitမှာလည်း သုံးနိုင်ပါတယ်။ အဲဒါကတော့ Appleရဲ့ နေအိမ်ကို iDeviceများကနေ ထိန်းချုပ်နိုင်တဲ့ စမတ်နေအိမ်နည်းပညာပါ။ ဒါကိုတော့ ပွဲမှာ ကြေညာသွားခြင်းမရှိပါဘူး။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *