News

အာဇာနည်နေ့နှင့် တံဆိပ်ခေါင်း

မြန်မာနိုင်ငံမှာ တံဆိပ်ခေါင်းကို 1937 ခုနှစ်က စတင်အသုံးပြုတယ်လို့ သိရပါတယ်။ အဲဒီတုန်းက မြန်မာပြည်ကို အုပ်ချုပ်နေတဲ့ အင်္ဂလိပ်ကပဲ မြန်မာပြည်အတွက် စတင်သုံးစွဲခဲ့တာပါ။ တစ်ကမ်ဘာလုံးကိုလည်း တံဆိပ်ခေါင်းကို စတင်အသုံးပြုစေခဲ့တာ အင်္ဂလိပ်ကပဲ ဖြစ်ပြီး ဗြိတိသျှလို့ခေါ်တဲ့ အင်္ဂလိပ်က ကမ်ဘာတစ်လွှား သူကိုလိုနီပြုခဲ့တဲ့ နိုင်ငံတွေအားလုံးကို တံဆိပ်ခေါင်းသုံးပြီး တိုင်းပြည်အခွန်ငွေရအောင် သင်ကြားပေးခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံကို စောစောက အိန္ဒိယ လက်အောက်ခံ အဖြစ်ထားရာကနေ ခွဲထုတ်ပြီး ၁၈၈၆ လောက်မှာ မြို့ပြအုပ်ချုပ်ရေးကစပြီးအင်္ဂလိပ်ကတိုက်ရိုက်အုပ်ချုပ်ပါတယ်။ ရခိုင်ကမ်းရိုးတန်းဘက်မှာ အိန္ဒိယတံဆိပ်ခေါင်းကို ယူပြီး စစ်တွေမှာ စာတိုက်ဖွင့်ကာ ချောစာအိတ်တွေကို (စစ်တွေမြို့ကို အင်္ဂလိပ်တွေ ခေါ်တဲ့ Akyab ဆိုတဲ့) တံဆိပ်တုံးရိုက်နှိပ်ဖျက်ထုတ်လို့ သုံးစွဲခဲ့တဲ့ တံဆိပ်ခေါင်းတွေကိုတော့
India use in Burma လို့တံဆိပ်ခေါင်း စုဆောင်းသူတွေက အမည်ပေးကြတယ်လို့ သိရပါတယ်။

မြန်မာတစ်နိုင်ငံလုံးအတွက်ကိုတော့ 1937 ခုနှစ်က စတင်ပြီး Burma လို့အမည်ရိုက်နှိပ်ကာ 1st April 1937 နေ့ကမှ စတင်ပြီး သုံးစွဲခဲ့ပါတယ်။ အင်္ဂလန် King George V ပုံနဲ့ ရိုက်နှိပ်ထားတဲ့ India နာမည်နဲ့ တံဆိပ်ခေါင်းပေါ်မှာ Burma လို့ overprint ရိုက်ကာ သုံးစွဲခဲ့ခြင်းဖြစ်ပါတယ်။ အဲဒါကတော့ မြန်မာနိုင်ငံအတွက် ပထမဆုံးတံဆိပ်ခေါင်းအဖြစ် ထုတ်ေ၀ခြင်းဖြစ်ပါတယ်။

ဒုတိယအကြိမ်အဖြစ် သုံးစွဲခဲ့တဲ့ တံဆိပ်ခေါင်းက အင်္ဂလန် King George VI ပုံနဲ့ Burma လို့ ပုံနှိပ်ပြီး 1938 ခုနှစ်က ထုတ်ေ၀ခဲ့တာပါ။ အဲဒီ ဒုတိယအကြိမ် ထုတ်ေ၀တဲ့ တံဆိပ်ခေါင်းဟာ ပုံနှိပ်စဉ်ကတည်းက မြန်မာနိုင်ငံအတွက်သာ ရည်ရွယ်ပြီး Burma ဟု နိုင်ငံအမည်နဲ့ ပထမဆုံးပုံနှိပ်တဲ့ မြန်မာနိုင်ငံရဲ့ တံဆိပ်ခေါင်း ဖြစ်ခဲ့ပါတယ်။
1948 လွတ်လပ်ရေးရပြီးချိန်မှာတော့ လွတ်လပ်သော မြန်မာနိုင်ငံရဲ့ ပထမဆုံး ထုတ်ေ၀ခြင်းအဖြစ် မှတ်တမ်း၀င်ခဲ့တဲ့ တံဆိပ်ခေါင်းကတော့ ဗိုလ်ချုပ်အောင်ဆန်းပုံနဲ့ တန်ဖိုး ငါးမျိုးရှိတဲ့ တံဆိပ်ခေါင်း ၅ လုံးဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ထုတ်ေ၀ခဲ့တဲ့ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် တံဆိပ်ခေါင်းတွေရဲ့
ပထမ လွတ်လပ်ရေးတံဆိပ်ခေါင်း ဖြစ်သွားပါတယ်။ 6th.January.1948 ခုနှစ်ကထုတ်ေ၀ခဲ့ခြင်း
ဖြစ်ပါတယ်။

လွတ်လပ်သော မြန်မာနိုင်ငံရဲ့ ဒုတိအကြိမ် ထုတ်ေ၀ခြင်းကတော့ ၁၉ ဂျူလိုင် ၁၉၄၈ နေ့က ပထမနှစ်ပတ်လည် အာဇာနည်နေ့ အထိမ်းအမှတ် တံဆိပ်ခေါင်း ၁၂ လုံးဖြစ်ပြီး ရီဆက် နည်းနဲ့ လန်ဒန် ဒီလာရု printing မှာ ပုံနှိပ်ခဲ့ခြင်းဖြစ်ပါတယ်။ တံဆိပ်ခေါင်းက ဒီဇိုင်း တစ်မျိုးတည်းဖြစ်ပြီးတော့ အရောင် ၁၂ မျိုးနဲ့ဖြစ်ပါတယ်။ တံဆိပ်ခေါင်းဒီဇိုင်းက ပြည်ထောင်စု ပါလီမန် အဆောက်အဦရှေ့မှာ နိုင်ငံတော်အလံကိုတစ်၀က်လွှင့်ထူထားတဲ့ပုံဖြစ်ပြီး အလံတိုင်အုတ်ခုံအောက်ခြေမှာလွမ်းသူ့ပန်းခွေများကို မြင်တွေ့ရပြီး ဘေးနှစ်ဖက်မှာ ခြငေ်္သ့ရုပ်နှစ်ရုပ်က ကာရံထားပါတယ်။

တန်ဖိုးနဲ့ အရောင်များကတော့ ၃ ပိုင် (အပြာဖျော့)၊၆ ပိုင် (အစိမ်း)၊ ၉ ပိုင် (အနီဖျော့)၊ ၁ ပဲ (ခရမ်း)၊ ၂ ပဲ (အပြာ) ၊၃ ပဲ ၆ ပိုင် (အစိမ်း)၊၄ ပဲ (အညို) ၊၈ ပဲ (အနီ) ၊၁၂ ပဲ (ခရမ်း)၊ ၁ ရူပီး (စိမ်းပြာ)၊ ၂ ရူပီး (အပြာ)၊ ၅ ရူပီး (ခရမ်းရင့်) တို့ဖြစ်ကြပါတယ်။ အင်္ဂလန် သောမတ် ဒီလာရု ကုမ္ပဏီမှာ ပုံနှိပ်ခဲ့တဲ့ အဲဒီတံဆိပ်ခေါင်းတွေက တံဆိပ်ခေါင်း တစ်ချပ်မှာ ၁၂၈ လုံးပါ၀င်ပါတယ်။ ခြငေ်္သ့နှစ်ကောင်ရဲ့ ကြားမှာ ၁၃၀၉ ခုနှစ်၊ ဝါခေါင်လဆန်း ၂ ရက် အောက်မှာ 19th July 1947 ရက်စွဲရိုက်နှိပ်ထားပြီး အဲဒီအောက်မှာ မှန်ဘီလူးနဲ့ကြည့်မှ ထင်ထင်ရှားရှားမြင်ရမယ့်
“ဗိမ္မာန်နန်းမြင့် ပျော်စံတင့် လင့်ခါနှစ်လည် မေ့နိုင်ပြီ” ဆိုတဲ့ စာတန်းလေးလည်း ပါ၀င်ပါတယ်။

အဲဒီ အာဇာနည်နေ့ အထိမ်းအမှတ် တံဆိပ်ခေါင်းက ယခုအချိန်အထိ တစ်ခုတည်းသော အာဇာနည်နေ့အထိမ်းအမှတ် တံဆိပ်ခေါင်းပဲ ဖြစ်ပါတယ်။ အချို့ လွတ်လပ်ရေးနေ့ အချို့ ပြည်ထောင်စုနေ့များမှာ ဗိုလ်ချုပ်အောင်ဆန်းပုံနှင့် တံဆိပ်ခေါင်းများကို ထုတ်ေ၀ခဲ့သော်လည်း အာဇာနည်နေ့ အထိမ်းအမှတ် တံဆိပ်ခေါင်းအဖြစ် ပထမနှစ်ပတ်လည် တံဆိပ်ခေါင်းကိုသာ တွေ့မြင်ရပြီး ယခု ၆၆ ကြိမ်မြောက်အထိ နောက်ထပ်ထုတ်ေ၀သည်ကို မတွေ့ရှိရကြောင်း သိရပါသည်။

Credit to: Myo Swe Than

Ref : https://www.facebook.com/DESIGN.MST/posts/498586176886816

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *