News

iPhoneအသစ်တွေ ဖန်တီးဖို့ ကုန်ကျစရိတ်

မကြာမီကမှ ထွက်ရှိထားတဲ့ Appleရဲ့ iPhoneအသစ်တွေ ဖြစ်တဲ့ iPhone 5Sနဲ့ iPhone 5Cတို့ရဲ့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ အဲဒါကတော့ iPhone 5Sဟာ တပ်ဆင်ဖန်တီးဖို့ ဒေါ်လာ ၂၀၀ခန့် ကုန်ကျပြီး iPhone 5Cကတော့ ၁၇၃ဒေါ်လာကနေ ၁၈၃ဒေါ်လာခန့် ကုန်ကျတယ် ဆိုတာပါပဲ။ အဲဒီမှာမှ iPhoneတစ်လုံး ချင်းစီမှာ ပါ၀င်တဲ့ Displayဟာ ကုန်ကျစရိတ် အမြင့်ဆုံး ဖြစ်ပြီး သတင်းထုတ်ပြန်ချက်အရ ၄၁ဒေါ်လာ ကုန်ကျတယ်လို့ သိရပါတယ်။

iPhone 5Sမှာ 16GB Modelအတွက် ဆိုရင် ဒေါ်လာ ၂၀၀ကုန်ကျပြီး 64GBအတွက် ဆိုရင်တော့ တပ်ဆင် ဖန်တီးဖို့ ၂၁၈ဒေါ်လာ ကုန်ကျတယ်လို့ သိရပါတယ်။ ဒါနဲ့တင် မပြီးသေးပါဘူး။ iPhoneတစ်လုံး ဖြစ်တည်လာဖို့ အစိတ်အပိုင်းတွေ တပ်ဆင်ဖို့ကိုလည်း Appleအနေနဲ့ ၈ဒေါ်လာစီ အသုံးပြုရတာ ဖြစ်ပါတယ်။
အဲဒီလိုတွေ ကုန်ကျပြီးတော့ ပြန်လည်ရောင်းချတဲ့ အခါမှာတော့ Appleအနေနဲ့ iPhone 5Sကို ၆၄၉ဒေါ်လာ၊ ၈၄၉ဒေါ်လာ အသီးသီး ရောင်းချနေပြီး iPhone 5Cကိုတော့ ၅၄၉ဒေါ်လာ၊ ၆၄၉ဒေါ်လာ အသီးသီး ရောင်းချလျက် ရှိပါတယ်။ ဘာပဲပြောပြော Appleရဲ့ iPhoneအသစ်ဟာ ထွက်ရှိပြီး သုံးရက်အတွင်းမှာတင် အလွန်အောင်မြင် ခဲ့ပြီး ကမ္ဘာအရပ်ရပ်မှာ အလုံးရေ ကိုးသန်းခန့် ရောင်းချခဲ့ရကာ စံချိန်တင်ခဲ့ပါတယ်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *