News

Appleက iMacအသစ်ကို ပိုမိုကောင်းမွန်သွားအောင် ဖန်တီးလိုက်ပြီ

ကမ္ဘာကျော် နည်းပညာကုမ္ပဏီ Appleမှ ၎င်းတို့ရဲ့ All-In-Oneသုံးလို့ ရတဲ့ iMacကို နောက်ဆုံးထွက် Haswell Processor, ပိုမိုကောင်းမွန်တဲ့ ဂရပ်ဖစ်၊ ပိုမိုမြန်ဆန်တဲ့ SSD, Wi-Fi Generationအသစ် တွေနဲ့အတူ မိတ်ဆက်ကြေညာ လိုက်ကြောင်း သိရပါတယ်။ ပြောင်းလဲ ပြင်ဆင်မှုတွေနဲ့ ဖန်တီးထားတဲ့ အဆိုပါ iMacအသစ်ဟာ ဒီနေ့မှ စတင်ပြီး Apple Storeတွေနဲ့ Onlineပေါ်မှာ ၀ယ်ယူနိုင်ပြီလို့ ဆိုပါတယ်။

မျက်နှာပြင်အကျယ် ၂၁.၅လက်မအရွယ် ရှိတဲ့ အဆိုပါ iMacမှာ 2.7GHz Quad-Core Intrel Core i5 Processorတပ်ဆင် ထားတဲ့ Modelဆိုရင် ဒေါ်လာ ၁၃၀၀ကျသင့်မှာ ဖြစ်ပါတယ်။ 2.9GHz Quad-Core Intel Core i5နဲ့ ဂရပ်ဖစ်အတွက် Nvidia GeForce GT 750Mပါ ထည့်သွင်း အသုံးပြုထားတဲ့ Modelဆိုရင်တော့ ဒေါ်လာ ၁၅၀၀လို့ သတ်မှတ်ထားပါတယ်။ သူတို့ထက် အရွယ်အစား ပိုမိုကြီးမားတဲ့ ၂၇လက်မအရွယ် iMacကတော့ 3.2GHz Processorနဲ့ ဆိုရင် ဒေါ်လာ ၁၈၀၀၊ 3.4GHz Processorနဲ့ ဆိုရင် ဒေါ်လာ နှစ်ထောင် အသီးသီး ဈေးနှုန်းတွေ သတ်မှတ် ထားပါတယ်။

အဆိုပါ iMacတွေမှာ အသုံးပြုထားတဲ့ Nvidiaဂရပ်ဖစ်ဟာ ဗီဒီယို memory 4GBရှိတယ်လို့ လည်းသိရပါတယ်။ ဒါ့အပြင် DDR3 RAMကိုလည်း 32GB of 1600MHသုံးထားကာ Flash Storage 1TBသုံးထားတာ မို့လို့ အလွန်အဆင့်မြင့်တဲ့ All-In-One Desktopတစ်လုံးပါ။ Fusion Storageအနေနဲ့လည်း 3TBစီစဉ် ပေးထားတယ်လို့ ဆိုပါတယ်။ ယခု အသစ်ပြင်ဆင် မွမ်းမံ ထွက်ရှိလာတဲ့ iMacဟာ ရှေ့ကထွက် ရှိလာတဲ့ မျိုးဆက်တွေ ထက် Storage Optionပိုင်းတွေမှာ ၅၀%ပိုမို မြန်ဆန်ပြီး 802.11ac Wi-Fiစနစ် အသစ်ကိုလည်း ထည့်သွင်း ပေးထားပါတယ်။ အဆိုပါ စနစ်အသစ်ဟာ Wi-Fi Routerကနေ လွှင့်ပေးတဲ့ ကြိုးမဲ့ Conncetionကို Rangeပိုေ၀းတဲ့ နေရာကနေ ဖမ်းနိုင်သလို ပိုမိုမြန်ဆန်တဲ့ Transfer Speedလည်း ရရှိနိုင်မှာ ဖြစ်ပါတယ်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *