News

ဝဏ္ဏသိဒ္ဓိကွင်း ပျက်စီးမှု နိုင်ငံခြား သတင်းများ ဖော်ပြ

ပြီးခဲ့သည့် သြဂုတ်လ ၄ရက်နေ့က နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သည့် ၂၀၁၃ MNL အမှတ်ပေးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲ နေပြည်တော်-ရန်ကုန် ပွဲစဉ်တွင် ပရိသတ်များ၏ အလွန်အကြူး အားပေးမှုကြောင့် ဆီးဂိမ်းစ်ပြိုင်ပွဲ ဖွင့်ပွဲနှင့် ပိတ်ပွဲ အခမ်းအနား ကျင်းပမည့် ကွင်းကြီး ပျက်စီးခဲ့မှုအပေါ် နိုင်ငံခြား သတင်းဌာနများက ဖော်ပြခဲ့ကြကြောင်း သိရသည်။

နာမည်ကြီး သတင်းဌာနတစ်ခုဖြစ်သော AFP သတင်းဌာနကလည်း ယင်းဖြစ်ရပ်ကို ဖော်ပြခဲ့ပြီး ပရိသတ်များ၏ အလွန်အကြူး အားပေးမှုကြောင့် ဝဏ္ဏသိဒ္ဓိ အားကစားကွင်း၏ ထိုင်ခုံ ၁၅၀ အပါအဝင် အခြား ပျက်စီးခဲ့ရမှုများ ဖော်ပြခဲ့သည်။ “ပရိသတ်တွေရဲ့ အားပေးပုံကြောင့် အခုလို ဖြစ်ပွားခဲ့ရတာပါ။ ထိုင်ခုံတွေကို ဖျက်ဆီးပြီး ကွင်းထဲကို ပစ်ပေါက်မှုတွေ ရှိခဲ့ပါတယ်”ဟု မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် (MFF) မီဒီယာ ဒါရိုက်တာ ဦးစိုးမိုးက AFP သတင်းဌာနသို့ ပြောကြားခဲ့သည်ဟု သိရသည်။

AFP၏ ဖော်ပြမှုကို ကိုးကား၍ ဘန်ကောက်ပို့စ်၊ Fox News၊ Yahoo၊ The Star Online၊ France 24 စသည်တို့က ယင်းသတင်းကို ဖော်ပြခဲ့ကြသည်။ နေပြည်တော်အသင်းနှင့် ရန်ကုန်ယူနိုက်တက် အသင်းတို့၏ ပွဲစဉ်ကို ပရိသတ် နှစ်သောင်းကျော် လာရောက် ကြည့်ရှုခဲ့ကြောင်း သိရပြီး ပရိသတ်များ၏ အလွန်အကြူးအားပေးမှု၊ နှစ်ဖက်ကစားသမားများ၏ အချင်းများမှုနှင့် လုံခြုံရေး အားနည်းမှုများကြောင့် ပွဲချိန် ၃၇မိနစ်တွင် ပွဲစဉ်ကို ရပ်နားခဲ့ရခြင်း ဖြစ်သည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *