News

၁၂၄ကို အထူး ၁၉အဖြစ် ပေးမယ့် Emirates ကိုယ်ပိုင်ဇိမ်ခံလေယာဉ်

လေယာဉ်လိုင်းတွေကတော့ လေယာဉ်ပြုလုပ်သူတွေဆီမှာ အော်ဒါမှာပြီး သူတို့ လိုအပ်တဲ့ ပုံစံမျိုး အတိအကျ တပ်ဆင်ကြပါတယ်။ ဒါပေမယ့် ကမ္ဘာကျော် လေယာဉ်လိုင်း Emirates ကတော့ သူတို့ရဲ့ လေယာဉ် Airbus A319ကို ပုံစံကွဲတစ်ခုအဖြစ် ပြောင်းလဲလုပ်ဆောင်ခဲ့ပါတယ်။

“Beyond First Class”လို့ ခေါ်တဲ့ အထက်တန်းလွှာထက်တောင်ကောင်းတဲ့ အဆင့်မှာ စီးနင်းလိုက်ပါချင်သူတွေအတွက် private jet ဝန်ဆောင်မှုပဲ ဖြစ်ပါတယ်။

သာမန်ဂျက်လေယာဉ်မှာ ပုံမှန်လူ ၁၂၄ ယောက် စီးနင်းလိုက်ပါနိုင်ပြီး ဒီ private jetလေးမှာတော့ လူ ၁၉ယောက်ပဲ ဝင်ဆ့ံတယ်လို့ ဆိုပါတယ်။

Emiratesရဲ့ အဆိုအရတော့ ဇိမ်ခံလေယာဉ်ကို စီးနင်းဖို့ အချိန်တိုအတွင်း ကြိုတင်စာရင်း ပေးနိုင်မှာ ဖြစ်ပြီး အိမ်တိုင်ရာရောက် chauffeur မောင်းနှင်လာတဲ့ ကားကြီးနှင့်အတူ လေယာဉ်၀န်ထမ်းတွေ၊ ရုံးတာ၀န်ရှိသူတွေရဲ့ ကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေကိုလည်း ရရှိမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အဆိုပါလေယာဉ်ထဲမှာ သီးသန့်ခန်းမကြီး ၁၀ ခု၊ ဧည့်ခန်း၊ စားသောက်ခန်း၊ shower spa စသည်တို့ကို လေယာဉ်ပေါ်ရှိ စီးနင်းသူ အားလုံးအတွက် စီစဉ်ထားပါတယ်လို့ ဆိုပါတယ်။

ဒီလို service အကောင်းစားတွေအတွက် စျေးနှုန်းကို အတိအကျ မထုတ်ပြန်သေးပေမယ့် ထိုက်တန်တဲ့ဈေးနှုန်း ဖြစ်ရပါမယ်လို့ ပြောကြားခဲ့ပါတယ်။

သေချာတာကတော့ သူတို့ရဲ့ ထိုက်တန်တဲ့ဈေးနှုန်းဆိုတာ အရမ်းကို ဈေးကြီးပါတယ်လို့ ယူဆနိုင်ပါတယ်ဗျာ။

Leave a Reply

Your email address will not be published. Required fields are marked *