News

Apple က အောက်တိုဘာ (၂၂) ရက် မှာ iPad Event ကိုပြုလုပ်ဖို့တရား၀င်သတ်မှတ်။

ဒီနှစ်ကတော့ Apple ရဲ့အလုပ်အရှုပ်ဆုံးနှစ်တစ်နှစ်လို့ပြောလို့ရပြီး Products များစွာကို ထုတ်လုပ်ရောင်းချခဲ့ပါတယ်။ အခုလည်းနောက်တစ်ပတ် မှာ Event တစ်ခုကျင်းပပြုလုပ်ဖို့ ဖိတ်ကြားနေပါပြီ။ Products အသစ်တွေ ဖြစ်တဲ့ iPads နဲ့ Macs တို့အတွက်ဖြစ်ဖွယ်ရှိပါတယ်။

ဖိတ်စာမှာ တော့ “ထုတ်ဖော်ပြသစရာတွေ အများကြီး ရှိတယ် “လို့ပဲရေးသားထားပြီး ဖိတ်စာကို Apple Logo ပုံစံ အရောင်အသွေးစုံတဲ့ သစ်ရွက်တွေနဲ့ အလှဆင်ထားပါတယ်။

Press Conference ကို San Francisco မှာ ရှိတဲ့ Yerba Buena Center for the Arts Theater မှာ နံနက် ၁၀ နာရီမှာကျင်းပမှာဖြစ်ပါတယ်။ CNET က အဲဒီကိုသွားမှာဖြစ်ပြီး သတင်း တွေကို ရယူ တင်ဆက်ပေးမှာပါ။

Apple က နောက်ဆုံးပြုလုပ်ခဲ့တဲ့ Event က September လမှာဖြစ်ပြီး iPhone 5S , 5C တို့ကို ထုတ်ဖော်ပြသခဲ့ပါတယ်။ နောက်တစ်ပတ် အကြာမှာ အဲဒီဖုန်းတွေကို ရောင်းချခဲ့ပါတယ်။ ဒီတစ်ခါမှာတော့ ပြီးခဲ့တဲ့ ရက်ပိုင်းကတည်းက သတင်းတွေထွက်ပေါ်နေတဲ့ iPad,iPad Mini တို့ကို ထုတ်ဖော်ပြသမယ်လို့မျှော်လင့်ရပါတယ်။ နောက်ပြီး Macs အသစ်တွေကိုလည်း ထုတ်ဖော်ပြသမယ်လို့ ထင်ရပြီးဖြစ်နိုင်ခြေရှိတာကတော့ MacBook Pros ဖြစ်ပါတယ်။ June လမှာအသိပေးခဲ့ပြီးဒီလအစောပိုင်းမှာ လက်စသတ်နိုင်ခဲ့တဲ့ OS X Mavericks ရဲ့ ထွက်ရှိမယ့် ရက်နဲ့ ဈေးနှုန်းကိုလည်း ပြောကြားမယ်လို့ ခန့်မှန်းရပါတယ်။

ကျင်းပပြုလုပ်မယ့် Event ရဲ့ရက် က AllThingsD က မကြာမီက သတင်းပေးပို့ခဲ့တဲ့ အတိုင်းတူညီနေတာတွေ့ရပါတယ်။

Apple ရဲ့ Chief Financial Officer က Wall Street Analysts ကို Company ရဲ့အလုပ်များတဲ့နှစ်လို့ ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်က နည်းဗျူဟာ နဲ့တူညီစွာ ပဲ Shopping Season မတိုင်မီမှာ အဓိက ကျတဲ့ Event နှစ်ခုပြုလုပ်ပြီး Apple က သူ့ရဲ့ Products တွေကို အချိန်ကိုက် ထုတ်ဖော်ပြသတာလည်းဖြစ်ပါတယ်။ CEO Tim Cook က လာမယ့်နှစ်မှာလည်း အဓိက Products တွေကို ထုတ်ဖော်ပြသဖို့ရှိတယ်လို့ အရိပ်အမြွက်ပြောဆိုထားပါတယ်။

အခုကျင်းပမယ့် Event မှာ Live Video Stream ပါရှိမလားဆိုတာကတော့ သေချာမသိရသေးပါ။ Full-Sized iPad ကိုထုတ်ဖော်ပြသခဲ့တဲ့ အောက်တိုဘာလ Event နဲ့ iPad Mini ကိုထုတ်ဖော်ပြသခဲ့တဲ့ ပွဲ Macs တစ်ချို့ကို Upgrades လုပ်တဲ့ ပွဲ တွေ မှာတော့ Live Video Stream ကို ထုတ်လွှင့်ပေးခဲ့ပါတယ်။

နောက်တစ်ပတ် မှာ ပြုလုပ်မယ့် Event နဲ ပတ်သက်တဲ့ သတင်းတွေကို CNET က စဉ်ဆက်မပြတ်တင်ဆက်ပေးနေမှာဖြစ်ကြောင်းတင်ပြလိုက်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *