News

ရထားပေါ်မှာအိပ်ပျော်သွားတဲ့ကလေး တစ်ယောက် (၂၆) နှစ်ကြာမှ Gogle Earth ကိုအသုံးပြုပြီး အိမ်ပြန်ရှာတွေ့။

Saroo Munshi Khan ဆို တဲ့ ငါးနှစ်သားအရွယ် India ကလေး တစ်ယောက်ဟာ India နိုင်ငံ Berhanpur ဒေသက ရထားပေါ်မှာအိပ်ပျော်သွားရာကနေ အိမ်ပြန်ဖို့လမ်းပျောက်သွားခဲ့ပြီး (၂၆) နှစ်ကြာမှ Google Earth ကိုအသုံးပြုပြီးအိမ်ပြန်ဖို့ လမ်းကိုတွေ့ရှိသွားတယ်ဆို တဲ့အကြောင်း Google ကပြောပြခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ လွန်ခဲ့တဲ့ (၁၂) နှစ်အကြာ 1986 ခုနှစ်ကဖြစ်ပြီး Google Company မတည်ထောင်ရသေးပါဘူး။

Saroo က သူ့ရဲ့ (၁၄) နှစ်သားအရွယ်ရှိတဲ့ အစ်ကို ဖြစ်သူ Guddu နဲ ့အတူ မိသားစုအတွက်ပိုက်ဆံရှာထွက်ခဲ့တာပါ။ Guddu က Saroo ကိုရထားပေါ်မှာထားခဲ့ပြီး ပိုက်ဆံရှာထွက်သွားခဲ့ပါတယ်။ Saroo ကသူ့အစ်ကို ကို စောင့်ရင်းနဲ့ အိပ်ပျော်သွားခဲ့ပြီးနာရီအနည်းငယ်အကြာမှအိပ်ရာ ကနိုးလာခဲ့ပါတယ်။ အဲဒီအချိန်မှာတော့ သူ့အိမ်နဲ့ 1500 kilometers အကွာအဝေး ရှိတဲ့ Calcutta ကိုရောက်နေပြီဖြစ်ပါတယ်။ (၂၆) နှစ်အကြာမှာတော့ Google Earth ရဲ့အကူအညီနဲ့ သူ့အိမ်ကိုပြန်ရှာတွေ့ခဲ့ပါပြီ။

google-earth-2

Saroo က လမ်းပေါ်မှာ ရက်သတ္တပတ်ပေါင်းများစွာ အသက်ရှင်ဖို့ ရုန်းကန် ခဲ့ရပါတယ်။နောက်တော့ မိဘမဲ့ဂေဟာ ကိုရောက်သွားပြီးနောက်မှာ Australian မိသားစု က မွေးစားခဲ့ပါတယ်။ အဲဒီနောက်မှာ မိသားစုနဲ့အတူ Tasmania က Hobart ကိုပြောင်းသွားခဲ့ပါတယ်။ Saroo က သူ့ဘ၀အကြောင်းကို A Long Way Home ဆို ပြီးစာအုပ်တစ်အုပ် ရေးသားခဲ့ပါတယ်။ ဒီလို အဖြစ်အပျက်မျိုးအရင်ကလည်း ဖြစ်ခဲ့ဖူးပြီး တရုတ်ကလေးငယ်တစ်ယောက်ပြန်ပေးဆွဲခံရအပြီး (၂၃) နှစ်ကြာမှ Google Maps ကိုအသုံးပြုပြီးအိမ်ပြန်ရှာတွေ့ခဲ့တာပါ။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

2 thoughts on “ရထားပေါ်မှာအိပ်ပျော်သွားတဲ့ကလေး တစ်ယောက် (၂၆) နှစ်ကြာမှ Gogle Earth ကိုအသုံးပြုပြီး အိမ်ပြန်ရှာတွေ့။

  1. KoYe Min says:

    ၂၆နှစ်

Leave a Reply

Your email address will not be published. Required fields are marked *