News

အမေရိကန် အသက်အာမခံ ကုမ္ပဏီ မြန်မာနိုင်ငံ တွင်ရုံးခွဲဖွင့် ခွင့်ရရှိ

အမေရိကန် ပြည်ထောင်စု အခြေစိုက် အသက်အာမခံ နှင့် ငွေကြေး ၀န်ဆောင်မှု လုပ်ငန်း Metlife Inc ကုမ္ပဏီ ခွဲ Metlife Asia Pacific Limited ကိုမြန်မာနိုင်ငံတွင်လုပ်ငန်း များလုပ်ကိုင်ဆောင်ရွက် နိုင်ရန် တရား၀င်ကိုယ်စားလှယ် ရုံးခွဲဖွင့်လှစ် ခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံရင်နှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

ယင်းအာမခံကုမ္ပဏီသည် နိုင်ငံတကာတွင်အောင်မြင်သောကုမ္ပဏီတစ်ခုဖြစ်ပြီး စက်တင်ဘာလကလည်း ဗီယက်နမ်နိုင်ငံတွင် ဗီယက်နမ်ဘဏ်အချို့နှင့် အာမခံလုပ်ငန်း အကျိုးတူပူးပေါင်းလုပ်ဆောင်ရန်သဘောတူညီရရှိထားပြီး မြန်မာနိုင်ငံတွင်လည်း မိတ်ဖက်ရှာဖွေ လုပ်ကိုင်ခြင်းများဆောင်ရွက်ဖွယ်ရှိကြောင်း ပြည်တွင်းဘဏ်လုပ်ငန်း ရှင်တစ်ဦး ကပြောသည်။ အာမခံ၊ အလုပ်သမား ရေးရာ၊ ရန်ပုံငွေ စနစ်နှင့် ငွေကြေး၀န်ဆောင် မှုလုပ်ငန်းများဆောင်ရွက်နေသော Metlife Inc(Metropolitan Life Insurance Company) သည် အသက်အာမခံ၊ ယာဉ်အာမခံ၊ ၀င်ငွေအာမခံ လုပ်ငန်းများ ဆောင်ရွက်နေသည်။

ကိုရီယား နိုင်ငံမှအာမခံ ကုမ္ပဏီ Samsung Life Insurance ကလည်း သြဂုတ်လ အတွင်းက ပြည်တွင်း၌ ရုံးခွဲ လာရောက်ဖွင့်လှစ်ရန် မှတ်ပုံတင်ထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန မှသိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ ပြည်ပအာမခံလုပ်ငန်းများကို လုပ်ငန်းလုပ်ကိုင်ခွင့် မပြုသေးပဲ နိုင်ငံသားပိုင် အာမခံလုပ်ငန်း ၁၂ခုကိုသာ အသက်အာမခံနှင့် အထွေထွေ အာမခံ ( မီး၊ မော်တော်ယဉ်၊ ငွေပို့ ငွေသယ်၊ ငွေသားလုံခြုံမှု၊ သမာဓိ အာမခံ) လုပ်ငန်းများလုပ်ကိုင် ခွင့်ပြုထားကြောင်း မြန်မာ့အာမခံလုပ်ငန်းမှ သိရသည်။ ပြည်တွင်းအာမခံ လုပ်ငန်းများအခြေတကျ ဖြစ်မှသာ ပြည်ပအာမခံလုပ်ငန်းများကို လုပ်ကိုင်ခွင့် ပြုဖွယ်ရှိ ကြောင်း စီပွားရေး လုပ်ငန်းရှင် များက ခန့်မှန်းသည် ဟုဆိုသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *