News

Apple က သူ့ ရဲ့ Customer တွေရဲ့ သတင်းအချက်အလက်တွေ ကိုတောင်းဆိုတဲ့ နိုင်ငံတွေကို ထုတ်ဖော်ပြသ

Apple က သူ့ ရဲ့  Customer တွေရဲ့ သတင်းအချက်အလက်တွေကိုတောင်းဆိုတဲ့ နိုင်ငံတွေနဲ့  တောင်းဆိုတဲ့ အကြိမ်အရေအတွက်ကို ထုတ်ဖော်ပြသလိုက်ပါတယ်။ အောက်မှာဖော်ပြထားတဲ့ ဇယားက 2013 ခုနှစ် January 1 ရက် နေ့ကနေ June 30 ရက်နေ့အထိ တောင်းဆိုခဲ့တဲ့ နိုင်ငံတွေနဲ့ တောင်းဆိုမှုအကြိမ်အရေအတွက်ကိုပြထားတာဖြစ်ပါတယ်။

Ashampoo_Snap_02

 

ဒီလိုသတင်းထုတ်ပြန်ချက်ဟာ Apple ရဲ့  ပထမဆုံးဖြစ်ပြီး ခွင့်ပြုပေးပို့လိုက်ရတဲ့သတင်းအချက်အလက်တွေကိုဖော်ပြထားပါတယ်။ သူ့ရဲ့  Customer တွေနဲ့ Apple ကြားမှာလည်း ပိုမိုပွင့်လင်းမြင်သာတဲ့ဆက်ဆံရေးမျိုးရှိအောင် နောက်ပိုင်းမှာ ဒီလို သတင်းတွေကိုပိုပြီးထုတ်ပြန်မယ်လို့ Apple ကပြောပါတယ်။

၂၀၁၂ ခုနှစ် ဒီဇင်ဘာလ တစ်လထဲကနေ အမေရိကန် အစိုးရရဲ့  သတင်းအချက်အလက်တောင်းဆိုမှုပေါင်း ၄၀၀၀ ကနေ ၅၀၀၀ ကြားမှာရရှိခဲ့တယ်လို့  Apple က ၂၀၁၃ ခုနှစ် ဇွန်လတုန်းက ပြောဆိုဖူးပါတယ်။အဲဒီအချိန်တုန်းကတော့ Apple က တောင်းဆိုမှုတွေကို သုံးသပ်ပြီး သတင်းအချက်အလက်တွေကို အနည်းဆုံးဖြစ်အောင်ပေးပို့ခဲ့တာပါ။

ဇူလိုင် လမှာတော့ Apple က တစ်ခြား အမေရိကန် နည်းပညာ Company တွေဖြစ်တဲ့ Gogle,Facebook တို့နဲ့ပူးပေါင်းပြီး အစိုးရရဲ့  သတင်းအချက်အလက်တောင်းဆိုမှု အကြိမ်အရေအတွက်ကို သူတို့ရဲ့ Customer တွေကို ပုံမှန်သတင်းထုတ်ပြန်ခွင့်ကိုတောင်းဆိုခဲ့ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *