News

iPhone ဖြင့် သင့် အိမ် တစ်ခုလုံးကို ထိန်းချုပ်နိုင်အောင် Apple ကပြုလုပ်ပေးမည်

iPhone ဖြင့် သင့် အိမ် တစ်ခုလုံးကို ထိန်းချုပ်နိုင်အောင် Apple ကပြုလုပ်ပေးမည်

သင် အိမ် ရောက်တဲ့ အခါသင်ကိုယ်တိုင်ပြုလုပ်စရာမလိုဘဲ မီးတွေ အလိုလိုဖွင့်ပေးမယ်၊ Air Conditioner ကို အလိုလိုဖွင့်ပေးမယ်၊ ညစာအတွက်ဟင်းတွေကိုနွှေးပေးဖို့မီးဖိုအလိုလိုဖွင့်ပေးနိုင်မယ်ဆိုရင် အလွန်အဆင်ပြေမှာပါ။ အနာဂတ်မှာတော့ အဲဒီအလုပ်တွေကို iPhone ကပြုလုပ်ပေးတော့မှာပါ။

အင်္ဂါနေ့က Apple ရဲ့ ထုတ်ဖော်ပြောကြားချက်အရ မကြာခင်မှာ ဒီနည်းပညာဟာ အကောင်အထည်ပေါ်လာတော့မှာပါ။ iPhone ရဲ့ GPS နဲ့  Wireless နည်းပညာတို့ကို အသုံးပြုပြီး သင့်အိမ်က Wireless Device တွေကို အလိုလိုခိုင်းစေနိုင်တာပါ။

မီးအဖွင့်အပိတ်ပြုလုပ်ပေးတဲ့ System တွေ၊ Security နဲ့  ပတ်သက်တဲ့  System တွေ၊ ကားသိမ်းတဲ့ အခန်း ရဲ့  တံခါးကိုဖွင့်ပေးတာတွေ၊ မီးဖိုချောင်သုံးပစ္စည်းတွေကို ဖွင့်ပေးတာတွေ ကို iPhone ကအလိုလိုပြုလုပ်ပေးနိင်တော့မှာပါ။

Apple ရဲ့ နည်းပညာဟာ Wireless Device တွေသာမကဘဲ Ethernet နဲ့ချိတ်ဆက်နိုင်တဲ့ Device တွေကိုပါ ထိန်းချုပ်နိုင်မယ်လို့သိရပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *