News

Apple က Mobile Payment ၀န်ဆောင်မှုကို ပြုလုပ်မည်

Apple က Mobile Payment ၀န်ဆောင်မှုကို ပြုလုပ်မယ်လို့ အင်တာနက် စာမျက်နှာများမှာ ရေးသားနေကြပါတယ်။ ကုန်ပစ္စည်းတွေနဲ့ ၀န်ဆောင်မှုတွေကို Apple ရဲ့ Device များမှ ငွေပေးချေနိုင်မှာဖြစ်ပါတယ်။ ဘယ်အချိန်မှာ ၀န်ဆောင်မှုကို စတင်ပေးမယ်ဆိုတာကိုတော့ မသိရသေးပါဘူး။ တစ်ချို့ကလည်း iOS 8 မှာ စတင်ပါ၀င်မယ်လို့ပြောကြပါတယ်။ iOS 8 ကို Apple က စတင်ပြုလုပ်နေတာကတော့ သေချာပါတယ်။

Apple ရဲ့ ၀န်ဆောင်မှုဟာ Paypal , Google Wallet, Square, Stripe နဲ့ အခြား Mobile Payment ၀န်ဆောင်မှုများကို ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ Apple ရဲ့ iTunes Account (၅၇၅) သန်း ဟာ Credit Card တွေနဲ့ ချိတ်ဆက်ထားတာဖြစ်ပြီး Apple က အဲဒီ သူတွေကို သူ့ရဲ့ ၀န်ဆောင်မှု ကို အသုံးပြုဖို့ အလွယ်တကူ သိမ်းသွင်းနိုင်မှာဖြစ်ပါတယ်။

၂၀၁၂ ခုနှစ်တုန်းကလည်း Apple က Mobile Payment ကို ပြုလုပ်မယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် အမှန်တကယ် ဖြစ်ပေါ်လာခြင်းမရှိပါဘူး။ အဲဒီအစား Apple က ဈေး၀ယ်ကူပွန်၊ လက်မှတ် တွေကို သိမ်းဆည်းနိုင်တဲ့ Passbook App ကို ၀န်ဆောင်မှုပေးခဲ့ပါတယ်။ အဲဒီ App ဟာ Credit Card နဲ့ တိုက်ရိုက်ချိတ်ဆက်လို့မရပါဘူး။

Apple က iOS 7 မှာ iCloud Keychain ကိုထည့်သွင်းခဲ့ပြီး Credit Card တွေကို သိမ်းဆည်းနိုင်ပြီး Sync လုပ်နိုင်တဲ့ စွမ်းရည် ကိုထည့်သွင်းခဲ့ပါတယ်။ Wall Street Journal ရဲ့ သတင်းသာမှန်မယ်ဆိုရင် Apple က Mobile Payment ၀န်ဆောင်မှုကို စတင်တော့မှာဖြစ်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *