News

HTC M8 လာမည်

Codename M8 လို့နာမည်ပေးထားတဲ့ HTC ရဲ့ စွမ်းဆောင်ရည်မြင့် ဖုန်းတစ်လုံးထွက်ပေါ်လာဖို့ ရှိနေပါတယ်။ 1080×1920 Pixel Display တပ်ဆင်ထားမယ်လို့ သိရပါတယ်။ အရင်က ထွက်ပေါ်ခဲ့တဲ့သတင်းတစ်ပုဒ်မှာ M8 ရဲ့ Display ဟာ 2160×1920 Pixel Display ဖြစ်တယ်လို့ သိရပေမယ့် အခုမှထွက်ပေါ်တဲ့ သတင်းက ပိုပြီး ဖြစ်နိုင်ခြေရှိတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

M8 က Codename ဖြစ်ပြီး HTC One ရဲ့ မျိုးဆက်ဖြစ်တဲ့အတွက် HTC One+ or HTC One 2 လို့ အမည်ပေးမယ့်ပုံပေါ်ပါတယ်။ M8 မှာ ငါးလက်မ မျက်နှာပြင် ကို တပ်ဆင်ထားမှာဖြစ်ပြီး Android 4.4 KitKat ကိုမောင်းနှင်မှာဖြစ်ပါတယ်။ Sense UI 6.0 ကို Android OS နဲ့ တွဲဖက် အသုံးပြုမှာဖြစ်ပါတယ်။ Quad-Core Qualcomm Snapdragon Processor ကို အသုံးပြုမှာဖြစ် ပါတယ်။ အနောက်ဘက်မှာ UltraPixel Camera တပ်ဆင်ထားမှာဖြစ်ပါတယ်။ ငါးလက်မ 1080×1920 Pixel Resolution ဟာ တစ်လက်မလျှင် Pixel သိပ်သည်းဆ (၄၄၁) တောင်ရရှိမှာဖြစ်ပါတယ်။

HTC M8 ကို မတ်လလောက်မှာ စတင်ရောင်းချမယ်လို့ သိရပါတယ်။ ဒီသတင်းတွေဟာ အင်တာနက်၀က်ဆိုက်တွေမှာ ဖော်ပြ နေကြတာဖြစ်ပြီး HTC ရဲ့ တရား၀င် ထုတ်ဖော်ပြောဆိုချက်တွေမဟုတ်ပါဘူး။ အဲဒီအတွက် HTC ရဲ့ တရား၀င်ထုတ်ဖော်ပြောဆို ချက်ကို ဆက်လက်စောင့်စားကြည့်ကြရအောင်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *