Mobile, Review

Samsung Galaxy Mega Review

Galaxy Mega ဟာ အရွယ်ကြီးမားတဲ့ Phablet ဖုန်းဖြစ်ပြီး ၆.၃ လက်မ မျက်နှာပြင် တပ်ဆင်ထားပါတယ်။ Galaxy Note 2 , LG G2 , Huawei Ascend Mate, Sony Xperia Z Ultra တို့ နဲ့ အရွယ်အစား သိပ်မကွာပါဘူး။ အရွယ်ကြီးမားတဲ့အတွက် တက်ဘလက် လိုပါအသုံးပြုနိုင်ပါတယ်။ စွမ်းဆောင်ရည် အလယ်အလတ်ရှိပြီး ဈေးနှုန်းချိုသာတာပါတယ်။ Mega ကို ၅.၈ လက်မ နဲ့ ၆.၃ လက်မ နှစ်မျိုးထုတ်လုပ်ပေးထားပြီး အခုဆောင်းပါးမှာ ၆.၃ လက်မ အမျိုးအစားကို ရေးသားမှာဖြစ်ပါတယ်။ Galaxy Mega ရဲ့ အသေးစိတ်အချက်အလက်တွေကို အောက်မှာဆက်လက်လေ့လာရအောင်။

ဒီဇိုင်း

Mega ရဲ့ ထောင့်တွေကို လုံး၀န်း တဲ့ ပုံစံပြုလုပ်ထားပါတယ်။ ဘေးပတ်လည်မှာ တောက်ပြောင်တဲ့ သတ္တုနဲ့ ကာရံထားပါတယ်။ ၃.၅ လက်မအကျယ်ရှိပြီး အမြင့် က ၆.၆ လက်မ ၊ အထူ က ၀.၃ လက်မ ဖြစ်ပါတယ်။ အရွယ်အစားကြီးမားပေမယ့် လုံး၀န်း တဲ့ ထောင့်စွန်းတွေနဲ့ ချောမွတ်တဲ့မျက်နှာပြင်ကြောင့် ကိုင်တွယ်အသုံးပြုရလွယ်ကူပါတယ်။ တစ်ချို့အိတ်ကပ် တွေထဲထည့်ကြည့်ရင် ထည့်မရတာတွေ့ရပါတယ်။ Volume Button ကို ဘယ်ဘက်မှာ တပ်ဆင်ထားပြီး Power Button ကို ညာဘက်မှာ တပ်ဆင်ထား ပါတယ်။ Home, Menu , Back Button များကိုတော့ Display ရဲ့ အောက်ဘက်မှာ တပ်ဆင်ထားပါတယ်။

1

မျက်နှာပြင်

Mega မှာ 720×1280 Pixel Resolution Display တပ်ဆင်ထားပါတယ်။ အရွယ်အစားက ၆.၃ လက်မဖြစ်ပါတယ်။ တစ်လက်မကို Pixel သိပ်သည်းဆ (၂၃၃) ဖြစ်ပါတယ်။ Multitouch အသုံးပြုနိုင်ပါတယ်။ စွမ်းဆောင်ရည်မြင့် ဖုန်းတွေမှာ ပါတဲ့ 1920×1080 Pixel Resolution Display များနဲ့ နှိုင်းယှဉ် ရင် အားနည်းတာကိုတွေ့ရပါတယ်။ App Icon တွေကို ကြည့်ရတာ အနည်းငယ် မှုန်ဝါးပါတယ်။ ၀က်ဆိုက်တွေကြည့်ရင်တော့ အဆင်ပြေတာ တွေ့ရပါတယ်။

2

စွမ်းဆောင်ချက်

Mega မှာ Dual-Core 1.7GHz Krait Processor ကို အသုံးပြုထားပါတယ်။ Android 4.2.2 Jelly Bean နဲ့ Samsung ရဲ့ ကိုယ်ပိုင်ဆော့ဝဲ TouchWiz တို့ကို တွဲဖက်မောင်းနှင်မှာဖြစ်ပါတယ်။ RAM က 1.5GB ပါရှိပါတယ်။ NFC အသုံးပြုနိုင်ပြီး TV , Laptop, Tablet စတာတွေနဲ့ ဖိုင်တွေ အလွယ်တကူ Share လုပ်နိုင်တဲ့ စွမ်းဆောင်ချက်တွေပါရှိပါတယ်။ Call – Blocking Mode ပါရှိပြီး Notification , Call တွေကို မရရှိအောင် ပိတ်ထားနိုင်ပါတယ်။ Driving Mode လည်းပါရှိပါတယ်။ လက်ချောင်းကို ဓာတ်ပုံ ရဲ့ မျက်နှာပြင် အထက်နားကို ထားကြည့်ရင် ဓာတ်ပုံကို Preview ပြပေးနိုင်တဲ့ Air View ပါရှိပါတယ်။ Voice Control , Gestures တွေကိုလည်း အသုံးပြုနိုင်ပါတယ်။

WiFi, Bluetooth, GPS စတာတွေ အသုံးပြုနိုင်သလို Google Apps တွေဖြစ်တဲ့ Maps, Search စတာတွေကို အသုံးပြုနိုင် ပါတယ်။ Google Play ကနေ Apps , Media တွေကို ရယူနိုင်ပါတယ်။ တီဗီကို ထိန်းချုပ်နိုင်တဲ့ Watch On App ပါရှိပါတယ်။ ဒါ့အပြင် S Memo, S Translator စတာတွေလည်း အသုံးပြုနိုင်ပါတယ်။

Mega မှာ 16GB Storage ပါရှိပြီး 64GB အထိ၀င်ဆန့်တဲ့ SD Card အသုံးပြုနိုင်ပါတယ်။

ကင်မရာ နှင့် ဗီဒီယို

အနောက်ဘက်မှာ 8 Megapixel Camera တပ်ဆင်ထားပြီး Autofocus ပြုလုပ်နိုင်ပါတယ်။ LED Flash လည်းပါရှိပါတယ်။ အသံဖြင့် အမိန့်ပေးပြီး ဓာတ်ပုံ ရိုက်ကူးနိုင်ပါတယ်။ Camera Modes, Filters များစွာပါရှိပါတယ်။ Camera Settings ထဲမှာ Resolution တွေ ရွေးချယ်နိုင်ပါတယ်။ အချိန်သတ်မှတ်ပြီး ဓာတ်ပုံရိုက်ကူးနိုင်တာတွေလည်း ပြုလုပ်နိုင်ပါတယ်။ Galaxy S4 မှာ ပါတဲ့ Camera Mode တွေအားလုံးမပါရှိတာ တွေ့ရပါတယ်။ ဒါပေမယ့် HDR, Sport Mode, Panorama, Continuous Shot စတာတွေပါရှိပါတယ်။ Samsung ဖုန်းတော်တော်များများမှာ ဓာတ်ပုံအရည်အသွေးကောင်းမွန်ကြပါတယ်။ ဒါပေမယ့် Mega ရဲ့ ပုံထွက်အရည်အသွေးက ညံ့ဖျင်းတာတွေ့ရပါတယ်။ ဓာတ်ပုံတွေ ဟာကြည်လင်ပြတ်သားမှုမရှိဘဲ အရောင်က မစိုပြေတာတွေ့ရ ပါတယ်။

ဗီဒီယိုတွေ အတွက် Mega က 1080p HD Video တွေရိုက်ကူးပေးနိုင်ပါတယ်။ ဗီဒီယိုတွေက ကြည်လင်ပြီး အရောင်စိုပြေပါတယ်။ အလင်းရောင်နည်းတဲ့နေရာတွေမှာတောင် အရည်အသွေး ကောင်းတာ တွေ့ရပါတယ်။ မျက်နှာချင်းဆိုင် က 1.9 Megapixel Camera က လည်း အနောက်ကင်မရာ လိုပဲ စွမ်းဆောင်ရည် ကောင်းမွန်တာတွေ့ရပါတယ်။ ကိုယ်တိုင်ရိုက် ဓာတ်ပုံတွေနဲ့ Video Chat လုပ်လို့ အဆင်ပြေပါတယ်။

ဘက်ထရီ

Mega မှာ ကြာရှည်အသုံးခံတဲ့ 3200mAh Battery တပ်ဆင်ထားပါတယ်။ ဖုန်းပြောဆိုရင် (၁၇) နာရီ ၀န်းကျင် အသုံးခံပါတယ်။ Power Saving Mode ပါရှိပါတယ်။ တစ်ခါအားသွင်းထားရင် တစ်နေ့လုံး အသုံးခံပါတယ်။ တစ်ခါတစ်လေမှာ နှစ်ရက်တောင် အသုံးခံတာတွေ့ရပါတယ်။ Note 2 ရဲ့ ဘက်ထရီ ထက် 100mAh ပမာဏ ပိုများပါတယ်။

နိဂုံး

Mega ဟာ အရွယ်အစားကြီးမားတဲ့ ဖုန်းကိုင်ဆောင်ချင်တဲ့သူတွေအတွက် ၊ ဖုန်းကို တက်ဘလက် လိုပါအသုံးပြုချင်သူတွေ အတွက် သင့်တော်ပါတယ်။ ဒါပေမယ့် Display က သိပ်မကောင်းတာတွေ့ရပြီး ရုပ်ထွက်တွေ ကြည်လင်ပြတ်သားမှုမရှိပါဘူး။ မျက်နှာပြင်ကြီးတဲ့အတွက် Resolution ကအားနည်းသွားပါတယ်။ Samsung က Mega ရဲ့ မျက်နှာပြင်ကို အခုထက်ကောင်း အောင်ပြုလုပ်ပေးနိုင်မယ်ဆိုရင်တော့ Mega ဟာ ပြည့်စုံတဲ့ ဖုန်းတစ်လုံးလို့ပြောလို့ရမှာဖြစ်ပါတယ်။ Processor ရဲ့ စွမ်းဆောင်ရည် က အနည်းငယ်နှေးတာ တွေ့ရပါတယ်။ 8 Megapixel Camera က ကောင်းမွန်တယ်လို့ပြောလို့ရပါတယ်။ Samsung ရဲ့ Apps တွေကလည်း စွဲမက်စရာကောင်းပါတယ်။ Note 3 လို Stylus ကညစ်တံ မပါရှိတာက ပြောစရာ အချက်တစ်ခုဖြစ်ပါတယ်။ ဈေးနှုန်းက သင့်တင့်ပြီး ၃၉၈၀၀၀ ဖြင့် မြန်မာနိုင်ငံမှာ ၀ယ်ယူနိုင်ပါတယ်။

 

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *