News

Apple က နောက်ထုတ်မယ့် iPad များမှာ Smart Bezel ကို သုံးမည်

Apple က iPad မျက်နှာပြင်ရဲ့ ဘေးပတ်လည်က ဘောင်တွေကို Smart Area အဖြစ် အသုံးချပြီး အလုပ်တွေလုပ်ခိုင်းဖို့ကြံရွယ် နေပါတယ်။ အဲဒီနည်းပညာဟာ iPad ရဲ့ ဘောင်တွေမှာ Sensor များကို ထည့်သွင်းမှာဖြစ်ပါတယ်။ Sensor များက ဖိအားနဲ့ တည်နေရာကို သိရှိပြီး အလုပ်တွေလုပ်ပေးနိုင်ပါတယ်။

အခုလောလောဆယ်မှာ အဲဒီနည်းပညာနဲ့ ပတ်သက်လို့ Apple က တရား၀င်ပြောကြားခြင်းမရှိသေးဘဲ ပုံစံကို မှတ်ပုံတင်ထားခြင်း သာဖြစ်ပါတယ်။ Apple ဟာ အရင် iPad များမှာ ကြီးမားတဲ့ဘောင်တွေကို အသုံးပြုနေရာက အခုနောက်ပိုင်းထုတ်တဲ့ iPad Mini နဲ့ iPad Air တို့မှာတော့ သေးငယ်တဲ့ဘောင်တွေနဲ့ အစားထိုးခဲ့ပါတယ်။ မှတ်ပုံတင်ထားတဲ့ပုံအရ Sensor တွေတပ်ဆင်ထားတဲ့ ဘောင်ကို အနက်ရောင်ပြုလုပ်ထားမှာဖြစ်ပြီး အရွယ်ကြီးတဲ့ ဘောင်တွေကို အသုံးပြုထားမှာဖြစ်ပါတယ်။ ဒါပေမယ့် ကြီးမားတဲ့ ဘောင်တွေကို ပြန်အသုံးပြုမလား၊ သေးငယ်တဲ့ ဘောင်ကိုပဲဆက်လက် အသုံးပြုမလား ဆိုတာကိုတော့ သေချာမသိရသေးပါဘူး။

Apple အပါအ၀င် အခြား Company များဟာ ပုံစံတွေကို မှတ်ပုံတင်ထားလေ့ရှိပေမယ့် ပုံစံအားလုံးကို ထုတ်ကုန်အဖြစ် ပြုလုပ်ခြင်းမရှိတာကို သိရှိရပါတယ်။ အခု မှတ်ပုံတင်ထားတဲ့ ပုံစံကိုလည်း Apple က တကယ်ထုတ်လုပ်မလားဆိုတာကို စောင့်ကြည့်ရမှာဖြစ်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *