News

HTC One ရဲ့ မျိုးဆက်ကို မတ်လတွင် မြင်တွေ့ရဖွယ်ရှိ

HTC ရဲ့ စွမ်းဆောင်ရည်မြင့်ဖုန်းဖြစ်တဲ့ HTC One ရဲ့မျိုးဆက်ကို မတ်လမှာ New York မြို့တွင် ထုတ်ဖော်ပြသမယ်လို့ EvLeaks မှ သတင်းထွက်ရှိလာပါတယ်။ အဆိုပါဖုန်းအသစ်အား HTC M8 ဟု Codename ပေးထားပါတယ်။ EvLeaks မှ သတင်းသာမှန်မယ် ဆိုပါက အရင်ထွက်ပေါ် ခဲ့သော သတင်းများအရ ဖေဖော်ဝါရီလတွင် ကျင်းပပြုလုပ်မည့် Mobile World Congress တွင်အဆိုပါ ဖုန်းအား မြင်တွေ့ရဖွယ် မရှိပါ။ New York မှာ နောက်လထဲတွင် ပြုလုပ်မယ့် HTC ၏ ကိုယ်ပိုင်ပြပွဲတွင်သာ မြင်တွေ့နိုင်မယ်လို့ မျှော်လင့်ရပါတယ်။

အဆိုပါ HTC M8 မှာ 5 လက်မ, 1080p Display တပ်ဆင်ထားပါတယ်။ 2.3GHz Quad-Core Snapdragon 800 Processor, 2GB RAM, 16GB Storage, 2,900mAh Battery တပ်ဆင်ထားပြီး microSD ကိုလည်း ထည့်သွင်း အသုံးပြုနိုင်ပါတယ်။ Android 4.4 KitKat နှင့် မောင်းနှင်လည်ပတ်မှာ ဖြစ်ပါတယ်။ အခြားထွက်ပေါ်နေသော သတင်းအရင်းအမြစ်များအရ အဆိုပါ HTC M8 တွင် ကင်မရာအတွက် Sensors နှစ်ခု တပ်ဆင်ပေးထားမယ်လို့လည်း သိရပါတယ်။ HTC M8 တွင် Back, Home, Menu စတဲ့ခလုတ်များမပါရှိဘဲ မျက်နှာပြင်တွင် On-Screen Buttons အဖြစ် အသုံးပြုရမှာဖြစ်ပါတယ်။

၂၀၁၃ ခုနှစ်ကုန်ပိုင်းမှာ ထွက်ပေါ်ခဲ့တဲ့သတင်းအရ အဆိုပါဖုန်းကို “HTC One Two” လို့ အမည်ပေးမှာဖြစ်ပြီး ၂၀၁၄ ခုနှစ်ရဲ့ ဖေဖော်ဝါရီလကနေ မတ်လအတွင်း ထုတ်ဖော်ပြသသွားမှာ ဖြစ်ပါတယ်။ HTC က အဆိုပါဖုန်းနဲ့ ပတ်သက်ပြီး တရား၀င် ပြောကြားခြင်း မရှိသေးတဲ့အတွက် စောင့်မျှော်ကြည့်ရှုရမှာဖြစ်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *