News

BlackBerry မှအသစ်ထွက်ရှိလာတဲ့ BlackBerry OS Version 10.2.1

BlackBerry စမတ်ဖုန်းပိုင်ရှင်တွေအတွက် ပျော်ရွှင်ကြည့်နူးစေမယ့် သတင်ကောင်းတစ်ခုပါ။ BlackBerry ကုမ္ပဏီက  BlackBerry OS 10 ကိုအဆင့်မြှင့်အသုံးပြုနိုင်အောင် BlackBerry OS Version 10.2.1 ကိုဖြန့်ချိပေးလိုက်ပါတယ်။ အသစ်ပြုပြင် မွမ်းမံထားတဲ့ BlackBerry OS 10.2.1 ဟာဆိုရင် UI အသစ်တွေ ပါဝင်လာမှာ ဖြစ်ပါတယ်။ BlackBerry OS 10.2.1 မှာပါဝင်တဲ့ Features တွေကိုအောက်မှာဖော်ပြပေးထားပါတယ်။

Customize Pinch Gesture to Filter BlackBerry Hub
BlackBerry Hub က သင့်ရဲ့ မက်ဆေ့နဲ့ Notifications များကို တစ်နေရာတည်းမှာ ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ အသစ်ထည့် သွင်းပေးထားတဲ့ Feature က Hub အတွင်းထဲမှာဝင်ရောက်လာတဲ့ မက်ဆေ့များကို ချက်ချင်းဆိုသလို စစ်ထုတ်ပေးနိုင်ပါလိမ့်မယ်။

Picture Password for Quick Unlocking
သင့်ရဲ့မိုဘိုင်းဖုန်းကို လျှင်မြန်စွာ unlock ပြုလုပ်ပေးဖို့အတွက် ရုပ်ပုံနှင့် ကိန်းဂဏန်းရောထားတဲ့ (Picture Password) ဆိုတဲ့ Feature အသစ်ဟာဖြင့် ဖုန်းရဲ့ Personal Data တွေကိုလည်းလုံခြုံစိတ်ချမှုကို ပေးစွမ်းပေးနိုင်ပါလိမ့်မယ်။

Customizable Quick Setting Menu
Setting Menu မှာပါဝင်တဲ့ Features အသစ်တွေကတော့ ဖုန်းမျက်နှာပြင်ရဲ့ Brightness ကိုမိမိစိတ်ကြိုက် လျင်မြန်စွာ ပြောင်းလဲနိုင်အောင် ပြုလုပ်ပေးထားပြီး Bulit-in ထည့်သွင်းပေးထားတဲ့ Flashlight လည်းပါဝင်ပါသေးတယ်။

Device and Battery Monitor
ဖုန်းအတွင်းပိုင်းမှာ လုပ်ဆောင်နေတဲ့ ဘက်ထရီအသုံးပြုမှုပမာဏတွေရဲ့အသေးစိတ်အချက်အလက်တွေ၊ ဖုန်း System ပိုင်းအတွက် Memory မျှဝေသုံးစွဲမှုနဲ့ Memory လက်ကျန်ပမာဏတွေကိုပါ ရှင်းလင်းစွာဖော်ပြပေးထားတာတွေ့မြင်ရမှာပါ။

Offline Browser Reading Mode
အင်တာနက် စာမျက်နှာတွေကိုလည်း Save လုပ်ထားနိုင်ပြီး အင်တာနက် ကွန်နက်ရှင်မရှိတဲ့အချိန်နဲ့ Offline ဖြစ်နေတဲ့ အချိန်မျိုးတွေမှာတောင် Save လုပ်ထားခဲ့တဲ့ အင်တာနက် စာမျက်နှာများကို ပြန်လည်ကြည့်ရှူ့နိုင်မှာ ဖြစ်ပါတယ်။

author-avatar

About Myo Zin

အမည်ရင်းမှာ မျိုးဇင်ကိုဖြစ်ပြီး Myanmar ICTတွင် နည်းပညာသတင်းများ၊ ကွန်ပျူတာ၊ မိုဘိုင်းဖုန်းစသည့် IT ပစ္စည်းများအကြောင်း ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *