News

Appleရဲ့ တရား၀င်ခွင့်ပြုချက်နဲ့ မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး mDriveဆိုင် စာနယ်ဇင်းရှင်းလင်းပွဲ ကျင်းပ

မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး AAR(Apple Authorized Reseller)ဖြစ်တဲ့ mDriveဆိုင် ဖွင့်လှစ်သည့်အကြောင်း စာနယ်ဇင်းရှင်းလင်းပွဲကို ယနေ့နံနက် ၁၀နာရီက ရန်ကုန်မြို့၊ လသာမြို့နယ်ရှိ Junction Mawtin Shopping Centreတွင် ကျင်းပပြုလုပ် ခဲ့ပါတယ်။ အခမ်းအနားမှာ အခမ်းအနားမှူးအဖြစ် မတင်မိုးလွင်မှ ဆောင်ရွက်ခဲ့ပြီး mDriveဆိုင်ကို ဖွင့်လှစ်သူ ကိုမြတ်ထူးမှ ဆိုင်ဖွင့်လှစ်ရသည့် အကြောင်းရင်းနှင့် ဆိုင်ဖြစ်ပေါ်လာဖို့ ကြိုးစားခဲ့ရပုံတွေကို အင်္ဂလိပ်လို ရှင်းလင်းပြောကြား ခဲ့ပါတယ်။

mDriveဆိုင် ဖွင့်လှစ်သူ ကိုမြတ်ထူးမှ ရှင်းလင်းပြောကြားစဉ်

mDriveဆိုင် ဖွင့်လှစ်သူ ကိုမြတ်ထူးမှ ရှင်းလင်းပြောကြားစဉ်

လက်ရှိ ပြည်တွင်းဈေးကွက်မှာ ရှိနေတဲ့ Appleပစ္စည်းတွေဟာ Grey Marketလို့ ခေါ်တဲ့ သူ့နည်းသူ့ဟန်နဲ့ တင်သွင်းရောင်းချ နေကြတာ ဖြစ်ပြီး သက်ဆိုင်ရာ ကုမ္ပဏီဖြစ်တဲ့ Appleရဲ့ တရား၀င်အသိအမှတ်ပြု ဆိုင်ကတော့ Junction Mawtinမှာ ဖွင့်လှစ်တော့မယ့် ယခု mDriveဆိုင်ပဲ ဖြစ်ပါတယ်။

Presenter Tin Moe Lwin

Presenter Tin Moe Lwin

mDriveမှာ “m”ဆိုတာက Myanmarကို ကိုယ်စားပြုတယ်လို့ သိရပါတယ်။ ဒါ့အပြင် “Mac”လို့လည်း ယူဆနိုင်ပြီး မြန်မာနိုင်ငံမှာ Appleရဲ့ တရား၀င်အသိအမှတ်ပြု စတိုးဆိုင် ဖွင့်နိုင်တယ်ဆိုတာကို ပြဖို့ ယခုလို ဆိုင်ဖွင့်လှစ်ရခြင်း ဖြစ်ကြောင်းလည်း ကိုမြတ်ထူးမှ ပြောကြားခဲ့ပါတယ်။

ဧရာ၀တီဘဏ် တာ၀န်ရှိသူမှ ရှင်းလင်းပြောကြားစဉ်

ဧရာ၀တီဘဏ် တာ၀န်ရှိသူမှ ရှင်းလင်းပြောကြားစဉ်

ထူးခြားတာတစ်ခုကတော့ အဆိုပါ mDriveဆိုင်မှာ ပထမဦးဆုံး ၀ယ်ယူအားပေးမယ့် Customerကို “I’m the first customer of Myanmar”စာတန်းပါ အပြာရောင် တီရှပ်တစ်ထည် လက်ဆောင် ပေးသွားမှာ ဖြစ်ပြီး အဲဒီ တီရှပ်ဟာလည်း ပထမဆုံး ၀ယ်ယူမယ့် Customerတစ်ယောက်တည်း အတွက် တစ်ထည်တည်း ဖန်တီးချုပ်လုပ် ထားတာဖြစ်ပါတယ်။

ဆိုင်အတွင်း MacBookများ စမ်းသပ်သုံးစွဲ နိုင်ရန် စီစဉ်ပေးထားပုံ

ဆိုင်အတွင်း MacBookများ စမ်းသပ်သုံးစွဲ နိုင်ရန် စီစဉ်ပေးထားပုံ

ဒါ့အပြင် အဆိုပါ mDriveဆိုင်မှာ Appleပစ္စည်းတွေကို ၀ယ်ယူချင်တဲ့ ၀န်ထမ်းတွေ၊ ကျောင်းသားတွေ အဆင်ပြေစေဖို့ အတွက်လည်း ဧရာ၀တီဘဏ်နဲ့ ချိတ်ဆက်ပြီး Hire Purchaseအစီအစဉ်တွေ လုပ်ပေးထားတဲ့ အကြောင်းကို ဧရာ၀တီဘဏ်မှ တာ၀န်ရှိသူက ရှင်းလင်းပြောကြားခဲ့ပါတယ်။

ကိုမြတ်ထူးမှ Myanmar International Channelရဲ့ မေးမြန်းမှုများကို ဖြေကြားနေစဉ်

ကိုမြတ်ထူးမှ Myanmar International Channelရဲ့ မေးမြန်းမှုများကို ဖြေကြားနေစဉ်

Appleရဲ့ တရား၀င် Authorizedရထားတဲ့ အဆိုပါ mDriveဆိုင်ဟာ တစ်ကမ္ဘာလုံးက AARဆိုင်တွေ လိုက်နာရမယ့် စည်းကမ်းတွေနဲ့ အညီဖန်တီး ထားတာ ဖြစ်တယ်လို့လည်း သိရပါတယ်။ ထူးခြားချက် တစ်ခုကတော့ mDriveဆိုင်မှာ လောလောဆယ် iPhoneမရောင်း သေးဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် Macနဲ့ ပတ်သက်တဲ့ ပစ္စည်းတွေ၊ Accessoriesတွေတော့ စုံစုံလင်လင် စီစဉ်ပေးထား တာကိုတွေ့ရပါတယ်။

mDriveဆိုင် အတွင်း

mDriveဆိုင် အတွင်း

တာ၀န်ရှိသူများက အသီးသီးရှင်းလင်း ပြောကြားပြီးတဲ့နောက် အခမ်းအနားမှူး မတင်မိုးလွင်မှ ဦးဆောင်ပြီးတော့ Lucky Drawအစီအစဉ်ကို ပြုလုပ်ခဲ့ပါတယ်။ ဒါ့အပြင် အခမ်းအနားသို့ တက်ရောက်လာကြတဲ့ သူတွေကို အကွေျးအမွေးဖြင့် တည်ခင်းဧည့်ခံကာ ဆိုင်အတွင်းကိုလည်း လေ့လာခွင့် ပေးခဲ့ပါတယ်။ နေ့လည် ၁၂နာရီခန့်မှာ အခမ်းအနား ရုပ်သိမ်းခဲ့ပါတယ်။ မြန်မာအိုင်စီတီ ပရိသတ်တွေ လေ့လာနိုင်ဖို့ အတွက် ဓာတ်ပုံတွေကိုလည်း တင်ဆက်ပေးလိုက် ပါတယ်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

3 thoughts on “Appleရဲ့ တရား၀င်ခွင့်ပြုချက်နဲ့ မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး mDriveဆိုင် စာနယ်ဇင်းရှင်းလင်းပွဲ ကျင်းပ

  1. Banyar Tun says:

    ဘယ်လိုဘဲတရားဝင်ဝင် အပြင်ထက် လက်တွပ် ဆို ၂ သိန်း ဖုံးဆို ၁သိန်းလောက်ကွာနေမှတော့

  2. Shok Zay says:

    No Store is currently aurhorized by Apple for Myanmar yet, Check on this link https://locate.apple.com/asia/en/#

Leave a Reply

Your email address will not be published. Required fields are marked *