News

အပစ်အခတ် ရပ်စဲရေးတွင် သမ္မတ၊ ကာ/ချူပ်တို့ ပါ၀င်လက်မှတ်ထိုးပြီး ကုလအတွင်းရေးမှူးချူပ်နှင့် ကန်သမ္မတဟောင်းများလည်း တက်ရောက်မည်

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးလက်မှတ်ရေးထိုးပွဲတွင် သမ္မတ၊ ဒုတိယ သမ္မတများနှင့် ကာကွယ်ရေးဦးစီးချူပ်တို့ ကိုယ်တိုင်လက်မှတ် ရေးထိုးသွားမည်ဖြစ်ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချူပ် ဘန်ကီမွန်းနှင့် အမေရိကန် သမ္မတဟောင်းများကိုပါ လေ့လာသူအဖြစ် ဖိတ်ကြားသွားမည်ဟု သမ္မတရုံး၀န်ကြီး ဦးအောင်မင်း၏ ပြောကြားချက်ကို ကိုးကားပြီး သျှမ်းသံတော်ဆင့် မီဒီယာ အယ်ဒီတာချူပ် ဦးခွန်စိုင်းက ပြောကြားသည်ဟု သိရသည်။

အဆိုပါ လက်မှတ်ရေးထိုးပွဲကို ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီမှ အောက်တိုဘာလအတွင်း ပြုလုပ်နိုင်ရန် ကြိုးစားနေပြီး ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA)နှင့် ကရင် အမျိုးသားအစည်းအရုံး (KNU)တို့နှင့် မြန်မာငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးလုပ်ငန်း ဗဟိုဌာန (MPC)၌ တွေ့ဆုံစဉ် ၀န်ကြီးဦးအောင်မင်းက ယင်းကဲ့သို့ ပြောကြားခြင်းဖြစ်သည်ဟု ဆိုသည်။

RCSS/SSA နှင့် KNUတို့သည် အဆိုပါ မြန်မာငြိမ်းချမ်းရေး ဖော်ဆောင်မှုဗဟို (MPC)၌ တွေ့ဆုံမှုအပြီး ထိုင်းနိုင်ငံချင်းမိုင်မြို့၌ ရှင်းလင်းပွဲပြုလုပ်ခဲ့ပြီး ယင်းဆွေးနွေးပွဲတွင် ၄င်းတို့က ပြန်လည်ပြောကြားခဲ့ခြင်း ဖြစ်သည်ဟု ဦးခွန်စိုင်းက ပြောကြားသည်။ စတွေ့တုန်းက လေးယောက်ပဲ ဒီဘက်က တင်ပြတာ၊ သမ္မတရယ်၊ အထက်လွှတ်တော်၊ အောက်လွှတ်တော် ဥက္ကဌတွေရယ်၊ ကာချူပ်ရယ်၊ လေးယောက်ကို တင်တယ်။ အဲဒီတော့ သူတို့က နိုင်ငံတော် ရှေ့နေ့ချူပ်လည်း ပါဖို့ကောင်းတယ်ဆိုပြီး ပြောတယ်။ ဒါပေမယ့် နောက်ပိုင်းကျတော့ ထပ်ဖြည့်ရင်း ဖြည့်ရင်းနဲ့ ဒုသမ္မတတို့ တရားသူကြီးချူပ်တို့ပါ ပါလာတယ်။ ဒါပေမယ့် တရားသူကြီးချူပ်ကိုတော့ လက်နက်ကိုင် အဖွဲ့တွေဘက်က သက်သေပဲဖြစ်ဖို့သင့်တယ်။ သူကတာ၀န်ခံတဲ့ လက်မှတ်အနေနဲ့ သွားထိုးမယ်ဆိုရင် သူ့ရဲ့ ကြားနေမှု၊ သူ့ရဲ့ လွတ်လပ်မှုကို ထိပါးနိုင်တယ်ဆိုပြီး အသိသက်သေအနေနဲ့ပဲ ထည့်ချင်တယ်။ အသိသက်သေထဲမှာ ဦးအောင်မင်းတို့ကိုယ်တိုင် အဆိုပြုထားတာက ဒေါ်အောင်ဆန်းစုကြည်၊ ဦးခွန်ထွန်းဦး၊ တခြားနိုင်ငံရေး ခေါင်းဆောင်တွေပါ ထည့်မယ်လို့ သိရတယ်”ဟု ဦးခွန်စိုင်းက ဆိုသည်။

အခြားအသိသက်သေများအဖြစ် ကုလသမဂ္ဂ အတွင်းရေးမှူးချူပ်ကို ဖိတ်ကြားထားပြီးဖြစ်ကြောင်းနှင့် အမေရိကန် သမ္မတဟောင်းများဖြစ်သည့် ဂျင်မီကာတာ၊ ဘီလ်ကလတန်နှင့် ၄င်း၏ ဇနီးဖြစ်သည့် နိုင်ငံခြားရေး ၀န်ကြီးဟောင်း၊ ဟီလာရီကလင်တန်၊ ဗြိတိန်၀န်ကြီးချူပ်ဟောင်း တိုနီဘလဲတို့ကိုလည်း ဖိတ်ကြားသွားမည်ဟု ၀န်ကြီးဦးအောင်မင်းက ပြောကြားခဲ့ကြောင်း သိရသည်။

“အဲဒါနဲ့ ပတ်သက်ပြီး ညှိတဲ့ကိစ္စတွေကတော့ လုပ်နေကြပါတယ်။ ဘန်ကီမွန်းကိုတော့ အဲဒါလုပ်ဖြစ်ရင် တက်ပေးပါလို့ ပြောထားတာ ရှိပါတယ်။ အဲဒီကိစ္စတွေကို တိုင်းရင်းသားတွေနဲ့ ညှိနေတာတော့ ကြာပါပြီ။ အဓိကကတော့ KNUက အခြားအဖွဲ့တွေနဲ့ ပြောထားတာတွေ ရှိတယ်။ တခြားအဖွဲ့တွေ လိုချင်တဲ့ ကိစ္စတွေကို ချူပ်ထားတာရှိတယ်။ အဲဒီတော့ အဲဒီနှစ်ဖွဲ့ထဲ မဟုတ်ဘူး။ အားလုံးကိုချူပ်ပြီး ဆွေးနွေးကြတာပါ။ မစ္စတာ ဘန်ကီမွန်းကိုတော့ ရက်တွေ ဘာတွေသတ်မှတ်ပြီးပြီ။ ဘယ်အဖွဲ့တွေ တက်မယ်ဆိုတာ သိပြီးရင်တော့ တရား၀င် အကြောင်းကြားရမှာပါ”ဟု MPCမှ ဒေါက်တာ ဇော်မင်းဦးက အတည်ပြု ပြောကြားသည်ဟု ဆိုသည်။

အစိုးရနှင့် တိုင်းရင်းသားများသာ ပါ၀င်ပါက အဆိုပါ ကတိက၀တ်မှာ မမျှော်လင့်ပဲ ပျက်ပြယ်သွားနိုင်သည့်အတွက် နိုင်ငံတကာ အသိအမှတ်ပြု ခေါင်းဆောင်များရှေ့တွင် လက်မှတ်ရေးထိုးခြင်းကို ၄င်းတို့အနေဖြင့် လိုလားကြောင်း၊ အဆိုပါ ခေါင်းဆောင်များ ပါ၀င်လာမည်ဟု ၀န်ကြီးဦးအောင်မင်း ပြောကြားခဲ့သည်မှာ မှန်ကန်ကြောင်း KNU ဗဟိုအလုပ် အမှုဆောင် အဖွဲ့၀င် ဖဒိုမန်း ငြိမ်းမောင်က အတည်ပြု ပြောကြားသည်ဟု သိရသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *