Education

မြန်မာကျပ်ငွေ (၂၁၅)သိန်း ပညာသင်ဆုကို အမေရိကန် တက္ကသိုလ် Webster University (ထိုင်းနိုင်ငံ)မှ အောက်တိုဘာ ကျောင်းဖွင့်ချိန်အတွက် ပထမဦးဆုံးအကြိမ် ပေးအပ်မည်

မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းရှင်ဖြစ်ရန် ရည်ရွယ်သော ကျောင်းသားများအတွက် အထူးအခွင့်အရေး တစ်ရပ်အနေဖြင့် အမေရိကန်နိုင်ငံ၏ ကျောင်းခွဲဖြစ်သော ထိုင်းနိုင်ငံရှိ Webster University (Thailand Campus)တွင် ကျောင်းလခ၏ ၅၀ရာခိုင်နှုန်း (မြန်မာကျပ်ငွေ ၂၁၅သိန်း) ၀န်းကျင်ကို ပညာသင်ဆုအဖြစ် ပထမဆုံးအကြိမ် ချီးမြှင့်သွားမည်ဖြစ်ကြောင်း Myanmar Search International (MSI) နိုင်ငံခြားပညာရေး ၀န်ဆောင်မှုမှ သိရှိရသည်။

၄င်းအမေရိကန် တက္ကသိုလ်သည် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံဖြစ်သော ထိုင်းနိုင်ငံ Bangkokမြို့နှင့် Hua-Hin (Cham-am) မြို့များတွင် Campus နှစ်ခုဖြင့် ဖွင့်လှစ်ထားပြီး ၄င်း Campus နှစ်ခုတွင် American Degreeကို တိုက်ရိုက် သင်ယူရရှိနိုင်ကြောင်းနှင့် အမေရိကန် ပညာရေးနယ်ပယ်တွင် နှစ်ပေါင်း (၃၀)ကျော် ထိပ်တန်းတစ်နေရာမှ ဦးဆောင်ဦးရွက်ပြုနေသော တက္ကသိုလ် တစ်ခုအဖြစ် အမေရိကန်နိုင်ငံ အပါအ၀င် နိုင်ငံတကာမှ ယနေ့ထက်တိုင် အသိအမှတ်ပြုထားသည်။

ပင်မတက္ကသိုလ်ဖြစ်သော အမေရိကန်နိုင်ငံ Missouri ပြည်နယ် St.Louis မြို့ကြီး၌ (၁၉၁၅)ခုနှစ်မှ စတင်တည်ထောင်ခဲ့ပြီး Liberal Arts ဘာသာရပ်များတွင် အစဉ်အလာကြီးမားသည့် ကျောင်းတော်ကြီး တစ်ခုလည်းဖြစ်သည်။ ထို့အပြင် Webster Universityသည် အမေရိကန်နိုင်ငံ အနောက်အလယ်ပိုင်းရှိ ကျောင်းများထဲတွင် ထိပ်တန်းအဆင့် အကောင်းဆုံး ကျောင်းအဖြစ် ပါ၀င်၍ Distinctiveနှင့် Tier-1 University အဖြစ် US Newsနှင့် World Report တွင်လည်းကောင်း၊ အမေရိကန်နိုင်ငံ၏ လူကြိုက်အများဆုံး မဂ္ဂဇင်းတစ်ခုဖြစ်သော Forbes Magazine တွင် အမေရိကန်နိုင်ငံ၏ ထိပ်တန်းကောလိပ်အဖြစ် လည်းကောင်း ONESQA (Office For National Standards Thailand and Quality Assessment အဖွဲ့အစည်းမှ Certified “Excellent” အကောင်းဆုံး တက္ကသိုလ်တစ်ခုအဖြစ် လည်းကောင်း အသိအမှတ်ပြုခံထားရပြီး ထိုင်းနိုင်ငံရှိ ပညာရေး၀န်ကြီးဌာနတို့မှလည်း တရား၀င် အသိအမှတ်ပြု စာရင်းပေးသွင်း သတ်မှတ်ခဲ့ပြီး ဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံရှိ The Largest Graduate Business School အဖြစ် Association to Advance Collegiate School of Business (AACSB) အသိအမှတ် ပြုထားခြင်း၊ Study Abroad Program (နိုင်ငံခြား ဆင့်ကူး ပညာရေး) ဘာသာရပ်အနေဖြင့် Colleges 1600ထဲမှ ထိပ်ဆုံး Top 2% အဖြစ် အသိအမှတ် ပြုခံရခြင်းအပြင် နှစ်ပေါင်းတစ်ရာနီးပါး ရပ်တည်ခဲ့သော်ကြောင့် အမေရိကန်နိုင်ငံနှင့် အရှေ့တောင်အာရှနိုင်ငံများအပါအ၀င် နိုင်ငံတကာမှ နိုင်ငံခေါင်းဆောင်များကိုလည်း မွေးထုတ်ပေးခဲ့သော တက္ကသိုလ်ဖြစ်ကြောင်း Mynmar Search International (MSI)မှ ထပ်မံ သိရှိရပါသည်။

၄င်းတက္ကသိုလ်တွင် စီးပွားရေး ဘာသာရပ်များဖြစ်သော Management, Emphasls In (International Business/ Human Resource/ Marketing), Business Administration, Media Communication, Advertising and Marketing Communications, Psychology, International Relations ဘာသာရပ်များကို သင်ကြားပေးနေသည့်အပြင် အလုပ်အကိုင် အခွင့်အလမ်းနယ်ပယ် ပိုမိုကျယ်ပြန့်စေသော Double Major ဘာသာရပ်များကိုလည်း သင်ယူနိုင်သည်။

Webster University Thailand Campusတွင် ပညာသင်ကြားခြင်းဖြင့် Webster University Certificateသည် United State, Austria, Netherlands, Switzerland, Thailand စသည့် နိုင်ငံတကာတွင် ကျောင်းခွဲများရှိခြင်းကြောင့် Campus to Campus ကူးပြောင်းသင်ကြားလိုသော ကျောင်းသားများအတွက် ထိပ်တန်း၀န်ဆောင်မှုများ ရှိခြင်း၊ ၄င်းထိပ်တန်း ၀န်ဆောင်မှုဆိုသည်မှာ Semester by Semester အလိုက် နိုင်ငံတကာရှိ Webster ကျောင်းခွဲရှိရာ Campusများသို့ အချိန်မရွေး ပြောင်းရွှေ့သင်ကြားနိုင်ခြင်း၊ ပညာသင်ကြားမှုစရိတ်နှင့် နေထိုင်မှုစရိတ် စားသောက်မှုစရိတ်များ သက်သာစွာဖြင့် နိုင်ငံတကာ အသိအမှတ်ပြု အရည်အသွေးမှီ အမေရိကန်ဘွဲ့ကို ရရှိခြင်း၊ မြန်မာနိုင်ငံနှင့် အနီးဆုံး နိုင်ငံတစ်ခုဖြစ်၍ ကူးသန်းသွားလာမှု လွယ်ကူပြီး ယဉ်ကျေးမှုများမှာလည်း တူညီမှုရှိခြင်းကြောင့် သွားရောက်ပညာသင်ကြားရာတွင် ခက်ခဲမှုမရှိခြင်း၊ စသည့် အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း သိရှိရသည်။

Webster Universityတွင် သင်ကြားသော ဆရာ/ ဆရာမများမှာ အရည်အချင်း ပြည့်၀၍ နယ်ပယ်အသီးသီး၌လည်း အောင်မြင်နေသော Webster ကျောင်းဆင်းများလည်း ရှိပါသည်။

(၁) အင်ဒိုနီးရှား သမ္မတကြီး Susilo Bam Bang Yudhoyono
(၂) ထိုင်းနိုင်ငံ၏ ပညာရေး ဒု၀န်ကြီး Narlsaru Cativaltanpipt
(၃) အမေရိကန်နိုင်ငံ၏ (Commonder of all US Special Forces 03-07) General Bryar D Brown
(၄) Grace Akumu (Nobel Prize Winner)နှင့် Mr. Anusorn Amonchat (ယခု လက်ရှိ ထိုင်းနိုင်ငံ ၀န်ကြီးချူပ် Mrs. Yingluck Shinawatra၏ ခင်ပွန်း) တို့ကဲ့သို့သော အောင်မြင်ကျော်ကြားသည့် ကျောင်းဆင်းများကို မွေးထုတ်ပေးလျက်ရှိကြောင်း၊ မြန်မာနိုင်ငံမှ အောင်မြင်သော စီးပွားရေး လုပ်ငန်းရှင်များ၏ မျိုးဆက်သစ် ကျောင်းသား/ကျောင်းသူများလည်း တက်ရောက်နေကြောင်း၊ MSIမှ မန်နေဂျင်း ဒါရိုက်တာ ဒေါ်စုစုလှိုင်ထံမှ သိရှိရပါသည်။

၄င်း (၂၁၅)သိန်း ပညာသင်ဆုနှင့် ပတ်သက်၍ လျှောက်ထားရန် အသေးစိတ် သိရှိလိုပါက Webster University Thailand Campus၏ ကိုယ်စားလှယ်ရုံးခွဲဖြစ်သော MSI ရုံး ဖုန်းနံပတ် 01-389-915၊ 09-510-3915သို့ စက်တင်ဘာ ၃၀ရက် နောက်ဆုံးထား ဆက်သွယ်ပြီး လျှောက်ထားနိုင်သည်။

Leave a Reply

Your email address will not be published. Required fields are marked *