How-to

ဖုန်းအသစ် လဲတော့မယ် ဆိုရင်

ဆဲလ်ဖုန်းတစ်လုံးဆိုတာ ငယ်သူငယ်ချင်း တစ်ယောက်နဲ့တူပါတယ်။ တစ်နှစ်(သို့)နှစ်နှစ် အချိန်အတော အတွင်းမှာ သူဟာ သင်နဲ့အတူ ရှိနေပြီး သင့်ရဲ့ လျှို့၀ှက်ချက်တွေ၊ အသုံးပြုမှုတွေ စတာတွေကို သိရှိနေကာ ဘယ်သူ့ကိုမှ ထုတ်မပြောတဲ့ အကောင်းမွန်ဆုံး မိတ်ဆွေအဖော်မွန် ဆိုရင်လည်း မမှားပါဘူး။ ဒါပေမယ့် အချိန်တန်တဲ့အခါ လိုချင်တပ်မက်စရာ ဖုန်းမော်ဒယ်အသစ်တွေ ပေါ်လာလို့ သင့်ရဲ့ စမတ်ဖုန်းအဟောင်းကို စွန့်ပစ်တော့မယ် ဆိုရင် ဘာတွေလုပ်ဆောင်သင့်တယ် ဆိုတာကို မြန်မာအိုင်စီတီ ပရိသတ်တွေ အတွက် တင်ဆက်ပေးလိုက်ပါတယ်။ ဒီလို လုပ်ထားတော့ ပိုမိုစိတ်ချရပြီး သင့်ရဲ့ Contactတွေ၊ ဓာတ်ပုံတွေနဲ့ Passwordတွေ တစ်ခြားသူ လက်ထဲမရောက် တော့ဘူးပေါ့။

၁။ နံပါတ်တစ်အနေနဲ့ စိတ်ချရအောင် သင့်ရဲ့ စမတ်ဖုန်းထဲက Data(အချက်အလက်)တွေ အားလုံးကို သင့်ရဲ့ ကွန်ပျူတာထဲ ဖြစ်စေ၊ Cloudပေါ် ဖြစ်စေ “Back Up”လုပ်ထား ရမှာဖြစ်ပါတယ်။

၂။ ဒုတိယအဆင့် အနေနဲ့ သင့်ဖုန်းရဲ့ ဆက်သွယ်မှုကွန်ရက် ၀န်ဆောင်မှု(Service)ကို ဖုန်းအသစ်ဆီ လွှဲပြောင်းရမှာ ဖြစ်ပြီးအဲဒီလို လုပ်ဖို့အတွက် သင့်ရဲ့ Service Providerကို ဆက်သွယ်ကာ ဆက်သွယ်မှုပိတ်တာ ဖြစ်စေ၊ ဖုန်းအသစ်ကို ဆက်သွယ်မှုကွန်ရက် လွှဲတာဖြစ်စေ လုပ်ဆောင်နိုင်ပါတယ်။

၃။ နောက်ပြီး ဖုန်းကို “Factory Reset”လုပ်ရပါမယ်။ အဲဒီလို လုပ်လိုက်ခြင်း အားဖြင့် သင့်စမတ်ဖုန်းကို မူလစက်ရုံက ထုတ်တဲ့ အသစ်အတိုင်း ဖြစ်သွားစေပြီး ဖုန်းထဲက ကိုယ်ရေးအချက်အလက်တွေ အားလုံးကိုလည်း ရှင်းလင်းသွားစေ ပါတယ်။ iPhoneတွေ မှာဆိုရင် Settings>General>Restကနေ သွားပြီး “Erase All Content and Settings”ကို နှိပ်လိုက်ရင် Factory Resetဖြစ် သွားပါပြီ။ အန်းဒရွိုက်ဖုန်း အများစုမှာကတော့ Settings>Privacy>Factory Data Resetဆိုရင် ဖြစ်မြောက်သွားပါပြီ။

၄။ သင့်ရဲ့ SIMကဒ်နဲ့ SD Cardကိုလည်း ဂရုစိုက်ရမှာပါ။ SIM Cardနဲ့ SD Cardထဲမှာ Factory Resetလုပ် လိုက်ရင်တောင် ကျန်ရှိနိုင်သေးတဲ့ Dataတွေကို ဖျက်ရမှာ ဖြစ်ပြီး အကောင်းဆုံးကတော့ လက်ရှိသုံးနေတဲ့ SIM Cardကို သင့်ရဲ့ ဖုန်းအသစ်မှာ ဆက်လက်သုံးစွဲ သင့်ပါတယ်။

၅။ အားလုံးပြီးသွားပြီ ဆိုရင်တော့ သင့်ရဲ့ဖုန်းအဟောင်းကို သေချာအောင် ထပ်မံ စစ်ဆေးလိုက်ပါဦး။ Contactတွေ၊ ဓာတ်ပုံတွေ၊ ပြက္ခဒိန်မှတ်တမ်းတွေနဲ့ Browserရဲ့ Cacheတွေ စသဖြင့် အချက်အလက် တွေအားလုံးကို ရှင်းလင်းပြီးပြီလား ဆိုတာကိုပေါ့။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *