News

စမတ်ဖုန်း ပြန်ရောင်းမလား?

သင့်ရဲ့ စမတ်ဖုန်းအဟောင်းကို ရောင်းဖို့ အစီအစဉ် ရှိပါသလား? iPhone 5ဆိုရင်တော့ ဈေးအမြင့်ဆုံး ရမှာဖြစ်ပါတယ်။ လေ့လာနိုင်ဖို့အတွက် Unlockလုပ်ပြီး Good Conditionမှာ ရှိတဲ့ Usedဖုန်းတွေ ပြန်ရောင်းရင် ရနိုင်မယ့် ဈေးနှုန်းတွေကို တင်ဆက်ပေးလိုက် ပါတယ်။ ဒီထုတ်ပြန်ချက်ဟာ Statistaမှ ထွက်ရှိလာတာ ဖြစ်ပြီး မူရင်းပုံကိုလည်း ဖော်ပြပေးထားပါတယ်။ အသစ်ကျပ်ချွတ် မဟုတ်တော့ ပေမယ့် ဈေးရနိုင်သေးတဲ့ စမတ်ဖုန်းတွေဟာ ဘယ်ဟာတွေလဲ ဆိုတော့

၁။ နံပါတ်တစ် iPhone 5ဖြစ်ပါတယ်။ ၃၁၅ဒေါ်လာနဲ့ ထိပ်ဆုံးမှာ ရပ်တည်လျက် ရှိပါတယ်။

၂။ ဒုတိယကတော့ Samsung Galaxy S4ပါ။ ပြန်ရောင်းရင် ဒေါ်လာ နှစ်ရာ့ငါးဆယ်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။

၃။ နောက်တစ်ခုက HTC One(32GB)ပါ။ ဒေါ်လာ ၂၂၀လို့ ဆိုပါတယ်။

၄။ စတုတ္ထနေရာမှာလည်း Appleရဲ့ iPhone 4Sပါ။ ဒေါ်လာ ၂၀၀လို့ ထုတ်ပြန်ထားပါတယ်။

၅။ နောက်ပြီး Screenကြီးကြီးနဲ့ Samsungရဲ့ Galaxy Note 2ဖုန်းဟာလည်း ပြန်ရောင်းရင် ၁၇၅ဒေါ်လာ ရပါသတဲ့။

၆။ Samsungရဲ့ Galaxy S IIIဖုန်းကတော့ ၁၆၅ဒေါ်လာတောင် ရမှာပါ။

၇။ BlackBerry Z10စမတ်ဖုန်းကိုလည်း ၁၃၈ဒေါ်လာလို့ ကြေညာထားပါတယ်။

၈။ Appleရဲ့ iPhone 4ပါပဲ။ ၁၂၅ဒေါ်လာ ရမှာ ဖြစ်ပါတယ်။

၉။ LGနဲ့ Googleတို့က ထုတ်တဲ့ Nexus 4စမတ်ဖုန်း ကိုပြန်ရောင်းမယ် ဆိုရင်တော့ ၈၃ဒေါ်လာ ရမယ်လို့ ဆိုထားပါတယ်။

မြန်မာအိုင်စီတီ ပရိသတ်တွေလည်း စမတ်ဖုန်း ပြန်ရောင်းဖို့ အစီအစဉ်ရှိရင် Commentရေးသွား ပါဦး။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

46 thoughts on “စမတ်ဖုန်း ပြန်ရောင်းမလား?

  1. ဒီက second တွေကဈေးများနေသလိုပဲ?

  2. Thet Htar says:

    Buy htar tar tong zay gyi pay wal htar tar.why why

  3. Cho Zan says:

    iPhone 4s 32g ရောင်းမည်

    1. Han Tint Zaw says:

      ဘယ်​​လောက်​လဲ​ဗျ

  4. ဒီထက်စာရင် ဈေးသက်သာသလိုပဲ

  5. Flame Mage says:

    တောက် ဆဲချင်စိတ်တောင်ပေါက်တယ် ငါနော် မြန်မာ ပြည်မှပဲရောင်းရင်တောင်ဈေးကောင်ရအုံးမယ်

  6. Ascend P1 ဆိုဘယ်လောက်ရမလဲ

  7. Shan Lay says:

    အဲဒီဈေးဆိုရင် ရသလောက် ဝယ်ချင်ပါတယ် တကယ်ပြောတာ ပစ္စည်းတော့အစုံပါရမယ်နော်

  8. Achit Lu Soe says:

    ကြော်ညာထားတဲ့ဈေးအတိုင်း ပြန်ဝယ်ပါမယ်

    1. Zar Ni Lin says:

      ဟုတ်ပါတယ်….

    2. Shwe Thar says:

      ဟုတ်ပါ့မလား

    3. Shwe Thar says:

      ဘယ်နိုင်ငံကဈေးတွေလဲ

  9. Saw Thu Kha says:

    ဈေး တွေ က သေ လို့ ရ တယ်
    ရောင်း တဲ့ လူ က နစ် နာ တယ်

  10. Thar Sithu says:

    SII ဆိုရင်ရော

  11. samsung galaxy s4 yaung mal,,bal mharr yaung ya mhrr lal,,new naw

  12. Romeo Sage says:

    how about samsung galaxy s2? colour black..

  13. ပြန်ရောင်းပါမယ် iphone 4s ပါ

    1. aye tun says:

      how much

  14. Iphone5 ကို ကျွန်တော် ယူအပ်စ် ၄ ရာပေးပါမယ်ခင်ဗျာ

  15. အခု အကြောင်းအရာကို တင်ထားတဲ့ မမ အော် ညီမ ရောင်းမယ့်သူရှိရင် ကျွန်တော့်ကိုပြောဖို့  မေတ္တာရပ်ခံအပ်ပါတယ်ဗျာ

  16. San Moe says:

    i phone 4s ရောင်းမယ်

  17. for sale galaxy wonder…!

  18. Zarni Htun says:

    zte ရောင်းချင်တယ်ဗျာဘယ်လောက်ရမလဲ

  19. Min Khant says:

    iphone 5 32GB ကိုကျွန်တော် U.S 450$ အထက်ပေးပါ့မယ်

  20. htc Desire VC တစ်လုံးရှိပါသည် ၁သိန်းခွဲနည်းနည်းလျှော့ပါမည်

  21. Nokia ရော မပါဘူးလား N8

  22. Little SAi says:

    S4 ကို ၂၅၀ ဒေါ်လာဆိုရင် (၂) လုံးလောက်တောင် ၀ယ်ပစ်ချင်သေး 😛

  23. Note 2 175 ဒေါ်လာနဲ့ ရင်ဝယ်ခြင်ပါတယ် good condition ဖြစ်ရပါမယ်

  24. Samsung S4 ကြော်ညာထားတဲ့ဈေးအတိုင်း ပြန်ဝယ်ပါမယ်

  25. Ko Zay says:

    ဘုရင့်နောင်ကားပစ္စည်းရောင်း/၀ယ်တဲ့ ၀င်းထဲမှာ အဲဒီလိုဈေးမျိုးကို ..ခေါ်တဲ့အသုံးအနှုံးရှိတယ်…။

  26. Tin Mg Aye says:

    Nokia N97mini ရောင်းမယ်ကွယ်………

  27. Baldly Moon says:

    iphone4 unlock လုပ်ပြီး ရောင်းမယ်၊ Samsung GalaxyS2 & iphone3 ပါရောင်းရန်ရှိသည် အမြန်ဆက်သွယ်ပါ

  28. Zin Bo says:

    i wanna buy as much as u have.. please replied me….

  29. Aung Ko Kyaw says:

    ရူးတဲ့သူ(or)သုံးစားလို့မရအောင်စုတ်တဲ့ဖုန်းပဲအခုကြေငြာတဲ့ဈေးတွေနဲ့ရမယ်

  30. Kelven Chin says:

    ဒီကလည်းကြိုက်တာလာတလုံးတော့ယူလို့ရတယ်အဲဈေးနဲ့ဆိုရင်ပြောတာပါ

  31. Young Master says:

    my note ရောင်းချင်တယ်…..

  32. Lynnoo Lwin says:

    wall chin yin yaw de zay nae ya ma lar?

  33. Wyne Wyne says:

    imm…. ma soe bar bu
    bae mar sell yart mar lae?

  34. Sky says:

    အကောင်းအတိုင်းသာဆို ဒီဈေတွေနဲ့အကုန်ဝယ်မယ်

  35. san chain says:

    s2+

Leave a Reply

Your email address will not be published. Required fields are marked *