Mobile, Review

Review လေးတွေကောင်းနေတဲ့ Tecno Mobileအကြောင်း

Tecno Mobile အမှတ်တံဆိပ်ဟာ တရုတ်နိုင်ငံ၊ ရှန်ကျန်းအခြေစိုက်ဖြစ်ပြီး ၂၀၀၆ ခုနှစ်က စတင်တည်ထောင်ခဲ့ပါတယ်။ Transsion Holdings လုပ်ငန်းစုရဲ့လက်ခွဲအနေနဲ့ အာဖရိကနဲ့တောင်အာရှဈေးကွက်တွေကို ပစ်မှတ်ထားပြီး စားသုံးသူအီလက်ထရောနစ်ထုတ်ကုန်အမျိုးမျိုး ထုတ်လုပ်ဖြန့်ဖြူးနေပါတယ်။

၂၀၀၆ ခုနှစ် စတင်တည်ထောင်ခါစ Tecno တယ်လီကွန်လီမိတက်အနေနဲ့ ရပ်တည်ခဲ့ပေမယ့် နောက်ပိုင်းမှာ Transsion Holdings ရဲ့လက်ခွဲ ဖြစ်သွားခဲ့ပါတယ်။ ၂၀၀၇ ခုနှစ်မှာ Tecno ဟာ ဒုတိယအမှတ်တံဆိပ်ဖြစ်တဲ့ iTel ကို စတင်ခဲ့ပြီး အာဖရိကဈေးကွက်ထဲ ဖြန့်ဖြူးခဲ့ပါတယ်။

၂၀၀၈ ခုနှစ်အရောက်မှာတော့ Tecno ဟာ အာဖရိကဈေးကွက်တစ်ခုလုံးကို ဖြန့်ဖြူးနိုင်တဲ့အနေအထား ဖြစ်လာခဲ့ပါတယ်။
အဲဒီနောက် ၂၀၁၀ ပြည့်နှစ်မှာတော့ အာဖရိကမှာ ထိပ်တန်းမိုဘိုင်းလ်ဖုန်းအမှတ်တံဆိပ် ၃ ခုထဲက ၁ ခုအဖြစ် Tecno ဟာ အောင်မြင်မှုတွေ ဆက်တိုက်ရရှိလာခဲ့ပါတယ်။

၂၀၁၂ ခုနှစ်မှာ Tecno ဟာ Made in Ethiopia ဆိုပြီးတော့ အီသီယိုးပီးယားနိုင်ငံမှာ စက်ရုံတည်ဆောက်၊ ထုတ်လုပ်တဲ့ ပထမဆုံးမိုဘိုင်းလ်အဖြစ် ကြေညာနိုင်ခဲ့ပါတယ်။
၂၀၁၆ ခုနှစ်အရောက်မှာတော့ အာဖရိကရဲ့ အကောင်းဆုံးစမတ်ဖုန်းကင်မရာ ဆိုပြီး Tecno က ထုတ်ဖော်ဝင့်ကြွားခဲ့ပါတယ်။

Tecno ဖုန်းတွေကို အာဖရိကနိုင်ငံတွေထဲမှာ အများဆုံးသုံးတာက နိုင်ဂျီးရီးယားနိုင်ငံဖြစ်ပြီးတော့ အဲဒီနိုင်ငံရဲ့ဈေးအချိုဆုံး မိုဘိုင်းလ်ဖုန်းအမှတ်တံဆိပ်လည်း ဖြစ်ပါတယ်။
အဲဒီလို အာဖရိကနိုင်ငံမှာ အစောပိုင်းအောင်မြင်မှုတွေရလာခဲ့တဲ့ Tecno Mobile ဟာ အိန္ဒိယနိုင်ငံဈေးကွက်ထဲကို ထိုးဖောက်ကြည့်ပြီး Tecno ရဲ့တရားဝင်ဖုန်းအရောင်းဆိုင်များ နိုင်ငံတဝန်း လိုက်ဖွင့်ခဲ့ပါတယ်။

လူဦးရေများပြီး ဝယ်နိုင်အားနည်းပါးတဲ့ဈေးကွက်တွေကို ရွေးချယ်ထိုးဖောက်တဲ့ဗျူဟာကို Tecno က ကျင့်သုံးခဲ့တာလည်း ဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်မှာတော့ Tecno ဟာ ဘင်္ဂလား‌ဒေ့ရှ်နဲ့နီပေါဈေးကွက်တွေထဲလည်း ဝင်ရောက်ခဲ့ပြီး ပါကစ္စတန်နိုင်ငံကိုပါ စမ်းသပ်တင်ပို့ရောင်းချကြည့်ပါတယ်။ Tecno ရဲ့ ကိုယ်ပိုင်ဝက်ဘ်ဆိုက်အပါအဝင် အမျိုးမျိုးသော E-commerce လမ်းကြောင်းတွေကနေ ပါကစ္စတန်ဈေးကွက်ကို ထိုးဖောက်နိုင်ဖို့ ယနေ့တိုင် ကြိုးစားနေဆဲဖြစ်ပါတယ်။

Tecno Phantom 9 ဟာ မနှစ်က ဇူလိုင်လမှာ အာဖရိကဈေးကွက်အတွက် ထုတ်လုပ်ခဲ့တဲ့ နောက်ဆုံးပေါ် စမတ်ဖုန်းလို့ ဆိုပါတယ်။ Tecno Phantom 9 ဟာ AMOLED မျက်နှာပြင်နဲ့ဖြစ်ပြီး လက်ဗွေစနစ်(fingerprint) ထည့်ထားတဲ့ ဖုန်းဒီဇိုင်းသစ်ဖြစ်ပါတယ်။

မြန်မာနိုင်ငံဈေးကွက်ထဲ ရောက်ရှိလာတဲ့ Tecno အမှတ်တံဆိပ် မိုဘိုင်းလ်ဖုန်းတွေကို ICT.com.mm မှာ ဝင်ရောက်လေ့လာရင်း ဝယ်ယူနိုင်ပါပြီ။

ဈေးနှုန်းတွေကတော့ K119,900 ကနေ K229,000 အထိ အစားစားရှိပါတယ်။

https://www.ict.com.mm/brand/tecno/

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *