Mobile, Review

HTC One mini Review

HTC Oneနဲ့ ပုံစံတူ miniကတော့ လာမယ့် သြဂုတ်လ ၁၂ရက်နေ့မှာ အင်္ဂလန်မှာ စတင် ဖြန့်ချိသွားတော့မှာ ဖြစ်ပြီး ၀ယ်ယူသူတွေကို Simကတ်တွေ အခမဲ့ ပေးသွားမယ်လို့ ဆိုပါတယ်။ ဈေးနှုန်းကတော့ စတာလင်ပေါင် ၃၆၄.၉၈ ဖြစ်ပြီးတော့ ၄.၃ လက်မ အရွယ် ရှိမယ့် miniဟာ မကြာခင်မှာ ကျွန်တော်တို့လက်ထဲ ရောက်ရှိလာတော့မှာ ဖြစ်တာကြောင့် HTC One miniရဲ့ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

General
အသုံးပြုနိုင်မယ့် ကွန်ယက်စနစ်တွေကတော့ 2Gစနစ်မှာ GSM၊ 3Gစနစ်မှာ HSDPAနဲ့ 4Gစနစ်မှာ LTEတွေ ထိအောင် သုံးစွဲနိုင်မှာ ဖြစ်တာကြောင့် တကယ်လို့ ကျွန်တော်တို့ဆီမှာ 4Gစနစ်တွေ တပ်ဆင်ပြီးရင် အဆင်ပြေစေမယ့် ဖုန်းဖြစ်ပါတယ်။ ထည့်သွင်း အသုံးပြုရမယ့် Simအမျိုးအစားက micro-Simဖြစ်ပြီး ဇူလိုင်လ အတွင်းကမှ မကြာခင်မှာ ဖြန့်ချိမှာ ဖြစ်တဲ့အကြောင်း ကြေညာခဲ့တာ ဖြစ်ပါတယ်။

Body
ကိုယ်ထည်ပိုင်းရဲ့ အရွယ်အစားက အမြင့် ၅.၂၀ လက်မ၊ အကျယ် ၂.၄၉ လက်မနဲ့ အထူကတော့ ၀.၃၇ လက်မ ရှိမှာ ဖြစ်ပြီး အလေးချိန်က ၁၂၂ ဂရမ်သာ ရှိမှာ ဖြစ်တာကြောင့် HTC Oneထက် ၂၀ ဂရမ်ကျော် ပိုပြီး ပေါ့ပါး ပါလိမ့်မယ်။

Display
Displayအပိုင်းမှာ အသုံးပြုထားတဲ့ Screenရဲ့ အမျိုးအစားက Super LCD2ဖြစ်ပြီး အရောင်ပေါင်း ၁၆သန်းကို ပြသပေးနိုင်မှာ ဖြစ်ပါတယ်။ ၄.၃ လက်မ အရွယ်အဖြစ်နဲ့ ပြသပေးမှာ ဖြစ်ပြီး Resolutionက 720×1280 Pixel ရှိမှာ ဖြစ်ပြီး Pixelသိပ်သည်းဆနှုန်းက 342 ppiရှိမှာ ဖြစ်ပါတယ်။ Multitouchစနစ်ကိုလည်း အသုံးပြုနိုင်မှာ ဖြစ်ပြီးတော့ Corning Gorilla Glass 3နဲ့ အသုံးပြု တည်ဆောက်ထားတာ တွေ့ရပါတယ်။

Sound
Alert အမျိုးအစားတွေ အဖြစ် Vibration နဲ့ MP3, Wave Fileတွေကို သုံးနိုင်မှာ ဖြစ်သလို Loud Speakerကို ထည့်သွင်း တည်ဆောက်ထားပြီး ထူးခြားချက်အဖြစ် Amplifier ပါ ပါရှိတာ တွေ့နိုင်ပါတယ်။ Headphoneတွေ အတွက်တော့ ၃.၅ မီလီမီတာ ရှိမယ့် Jack Portပါရှိမှာ ဖြစ်ပါတယ်။

Memory
Memoryအပိုင်းမှာတော့ Memory Card Slotမပါ၀င်တာကြောင့် အားနည်းချက် ဖြစ်စေတာ အမှန်ပါပဲ။ Internal Memory အဖြစ်နဲ့တော့ 16 GBပါရှိမှာ ဖြစ်တာကြောင့် မဆိုးလှဘူးလို့ ဆိုနိုင်ပြီး RAMအပိုင်းမှာတော့ 1GB ပါရှိမှာ ဖြစ်ပါတယ်။

Data
ကြိုးမဲ့ ချိတ်ဆက် သုံးစွဲနိုင်ဖို့ကိုတော့ WiFi 802.11 a/b/g/nကို သုံးနိုင်မှာ ဖြစ်လို့ ပုံမှန်ပါပဲ။ ဒါပေမယ့် Version အသစ်ဖြစ်တော့ acကို မသုံးနိုင်တာကြောင့် ရှေ့နှစ်ဆန်းပိုင်းမှာ ထွက်လာမယ့် acစနစ်သာ အသုံးများလာရင်တော့ အခက်အခဲ ရှိလာနိုင်ပါတယ်။ Bluetoothအပိုင်းမှာတော့ Version 4.0ထိအောင် သုံးစွဲနိုင်မှာ ဖြစ်ပြီး ချိတ်ဆက် သုံးစွဲနိုင်မှု အတွက်ကိုတော့ microUSB 2.0နဲ့ သုံးနိုင်မှာ ဖြစ်ပါတယ်။

Camera
နောက်ဖက် ကင်မရာ အပိုင်းမှာတော့ 4 MPစွမ်းအား ရှိမှာ ဖြစ်ပြီး Resolutionနှုန်း 2688×1520 Pixelနှုန်းနဲ့ ပုံရိပ်တွေ ဖမ်းယူပေးနိုင်မှာ ဖြစ်ပြီးတော့ Autofocusစနစ်ကို သုံးစွဲနိုင်မှာ ဖြစ်ကာ LED Flashလည်း ပါ၀င်မှာ ဖြစ်ပါတယ်။ Videoအပိုင်း ရိုက်ကူးနိုင်မှုကတော့ 1080 Pixelနှုန်နဲ့ တစ်စက္ကန့်ကို 30 Frameနှုန်း ရိုက်ကူး နိုင်မှာပါ။ ရှေ့ဖက် ကင်မရာမှာတော့ 1.6 MPပဲ ရှိမှာ ဖြစ်ပြီးတော့ Resolutionနှုန်းက 720 Pixleပဲ ရှိမှာ ဖြစ်တာကြောင့် အလွယ်သုံးလောက်ပဲ ရမှာပါ။

Feature
အသုံးပြုထားတဲ့ OS အမျိုးအစားကတော့ Android 4.2.2 JeallyBeanဖြစ်ပြီးတော့ Chipset အမျိုးအစားက Qualcomm Snapdragon 400ဖြစ်ကာ CPUက Dual-core Krait 300ကို သုံးထားပါတယ်။ CPUရဲ့ အမြန်နှုန်း 1.4 GHzရှိမှာ ဖြစ်ပြီး Graphicအတွက်ကိုတော့ Adreno 305အမျိုးအစားကို ထည့်သွင်းထားပါတယ်။ Messaging စနစ်မျိုးစုံကို အသုံးပြုနိုင်မှာ ဖြစ်သလို Browserက HTML5ဖြစ်ပါတယ်။

Battery
ဘက်ထရီ အပိုင်းမှာလည်း အဖြုတ်အတပ် လုပ်နိုင်မှာ မဟုတ်တာကြောင့် ပုံမှန်ဖုန်းတွေနဲ့စာရင် အားနည်းချက် ရှိတယ်လို့ ပြောနိုင်မှာ ဖြစ်ပါတယ်။ အသုံးပြုထားတဲ့ ဘက်ထရီ အမျိုးအစားက Li-Poဖြစ်ပြီးတော့ စွမ်းအင် သိမ်းဆည်းနိုင်မယ့် ပမာဏကတော့ 1800 mAhဖြစ်ပါတယ်။ Stand-byအဖြစ်နဲ့ ဆိုရင် ပျမ်းမျှ နာရီ ၅၀၀ကနေ ၇၀၀ခန့် အထိအောင် ဆက်သွယ်ရေး စနစ်အပေါ် မူတည်ပြီးတော့ သုံးစွဲနိုင်မှာ ဖြစ်ပြီး Talk-Timeအဖြစ်နဲ့ ဆိုရင်တော့ 2Gမှာ ၂နာရီ ၄၀မိနစ်နဲ့ 3Gမှာ ဆိုရင် ၁၃နာရီ ၂၀မိနစ်ကျော် သုံးနိုင်မှာ ဖြစ်ပါတယ်။

Ref: http://www.gsmarena.com/htc_one_mini-5505.php

author-avatar

About Min Khant

အမည်ရင်းမှာ ခန့်ကျော်ဆွေဖြစ်ပြီး Myanmar ICT ဂျာနယ်တွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *