Mobile

NEC Medias W (N-05E) Smartphone

nec-meidas

စပိန်နိုင်ငံ ဘာစီလိုနာမြို့မှာ ကျင်းပပြီးစီးခဲ့တဲ့ 2013 Mobile World Congress ပြပွဲတွင် ဂျပန်နိုင်ငံ အခြေစိုက် အိုင်တီ နည်းပညာ ကုမ္ပဏီကြီး တစ်ခုဖြစ်တဲ့ NECဟာ နည်းပညာမြင့်မားပြီး ၄.၃လက်မ Display နှစ်ခုပါတဲ့ NEC Medias W (N-05E) စမတ်ဖုန်းကို မိတ်ဆက် ပြသ ခဲ့ပါတယ်။ NEC Medias Wဟာ Display နှစ်ခု ပါ၀င်ပြီး စမတ်ဖုန်းနှင့် Tablet နည်းပညာ နှစ်မျိုး ပေါင်းစပ် တီထွင် ဆန်းသစ်ထားတဲ့ Tablet-O-Phone အမျိုးအစား ဖြစ်ပါတယ်။ တွေ့မြင်နေကျ ပုံမှန် စမတ်ဖုန်းတွေထက် ဒီဇိုင်း ပုံစံဟာ Dual Screenကြောင့် ဆန်းသစ် လှပနေပြီး စွမ်းဆောင်ရည်မြင့် နည်းပညာတွေကို ထည့်သွင်း ပေးထားတဲ့ NECရဲ့ အရွယ်အစား ကြီးမားတဲ့ Medias W စမတ်ဖုန်းကို အိုင်စီတီ ပရိသတ်တွေ အတွက် တင်ဆက် ပေးလိုက်ရပါတယ်။

Medias W စမတ်ဖုန်းကို ၄.၃လက်မ အရွယ်အစားရှိ qHD Screens နှစ်ခုဖြင့် တည်ဆောက် ထားပြီး Screen တစ်ခုချင်းစီမှာ 540×960 Resolution ရရှိပါတယ်။ Tablet အနေဖြင့် ပြောင်းလဲ အသုံးပြုရင်တော့ ထောင့့်ဖြတ် မျက်နှာပြင် အရွယ်အစားက ၅.၆လက်မ အနေအထားနှင့် 960×1080 Resolutionကို ရရှိမှာ ဖြစ်ပါတယ်။ Touchscreen အမျိုးအစား ဖြစ်တဲ့အတွက်ကြောင့် စကရင်ကို လက်ချောင်းလေးများနှင့် ထိတွေ့လိုက်တာနဲ့ လျင်မြန် ချောမွေ့တဲ့ တုံပြန်မှုကို ရရှိ ခံစား နိုင်မှာပါ။ Dual Screen အနေအထားဖြင့် Website နှစ်ခုကို တပြိုင်နက် ကြည့်ရှူနိုင်ပြီး စကရင် တစ်ခုမှာ ဗီဒီယို ကြည့်ရှူနိုင်သလို တခြား စကရင်တစ်ခုမှာ အင်တာနက်ကို တချိန်တည်းမှာ အသုံးပြုနိုင်ပါတယ်။ Operating Systemပိုင်း ကိုတော့ Android 4.1 (JellyBean) OSကို ထည့်သွင်း ပေးထားပြီး Qualcomm Snapdragon S4 Dual Core Processorကို တပ်ဆင်ထားပြီး အမြန်နှုန်းကတော့ 1.5GHz ရှိပါတယ်။ ပရိုဂရမ်၊ သီချင်းနှင့် ဗီဒီယိုဖိုင်များကို လုံလောက်စွာ သိမ်းဆည်းပေးမယ့် Internal Storageကတော့ 16GBရရှိမှာ ဖြစ်ပြီး RAMကတော့ 1GB ဖြစ်ပါတယ်။ အပျော်တမ်း ဓာတ်ပုံတွေကို ရိုက်ကူးဖို့အတွက် 8 Megapixels ကင်မရာ ပါ၀င်ပြီး ကင်မရာရဲ့ Featuresတွေကတော့ Flash (LED)နှင့် Contact Picturesတွေပဲ ဖြစ်ပါတယ်။ Wireless အင်တာနက် ချိတ််ဆက် အသုံးပြုရန် Wi-Fi 802.11 b,g,n (2.4,5 GHz) စနစ်ကို အသုံးပြုနိုင်ပါတယ်။ ဘက်ထရီ အမျိုးအစားကတော့ 2100mAh အမျိုးအစားဖြစ်ပြီး အချိန် ဆယ်နာရီကြာ အသုံးခံနိုင်ပါတယ်။ Micro SD ကဒ်ကို တိုးချဲ့ အသုံးပြုနိုင်သလို Bluetooth 4.0,USB 2.0 အစရှိတဲ့ စနစ်တွေလည်း ပါ၀င်ပါတယ်။ Medias Wရဲ့ ကိုယ်ထည် အထူက 12.2mm ရှိပြီးတော့ အလေးချိန် 183gသာ လေးတဲ့ အတွက် သွားလေရာကို အလွယ်တကူ ယူဆောင်သွားနိုင်ပါတယ်။ NEC ကုမ္ပဏီကတော့ Medias W စမတ်ဖုန်းကို ၂၀၁၃ ဧပြီလအတွင်း ရောင်းချ ပေးမယ်လို့ ပြောကြားထားပြီး ဈေးနှုန်း ကိုတော့ ထုတ်ပြန်ထားခြင်း မရှိသေးတာ တွေ့ရ ပါတယ်။

author-avatar

About Myo Zin

အမည်ရင်းမှာ မျိုးဇင်ကိုဖြစ်ပြီး Myanmar ICTတွင် နည်းပညာသတင်းများ၊ ကွန်ပျူတာ၊ မိုဘိုင်းဖုန်းစသည့် IT ပစ္စည်းများအကြောင်း ရေးသားလျက်ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *