Phones, Review

Samsung ရဲ့ Galaxy A12 နဲ့ A02s စမတ်ဖုန်းတွေ

Samsung ဟာ ၂၀၂၁ ခုနှစ်မှာ ရောင်းချဖို့ ပထမဆုံးဖုန်းတွေကို မိတ်ဆက်ခဲ့ပါပြီ။Samsung ရဲ့ Galaxy A12 နဲ့ A02s စမတ်ဖုန်းတွေက ဈေးသက်သာပြီး ဘက်ထရီ 5,000m Ah ပါဝင်လာပါတယ်။ ဈေးနှုန်းကလည်း ဒေါ်လာ ၂၃၇ ပဲရှိမှာပါ။

Samsung Galaxy A12 နဲ့ A02s ဖုန်းတွေက ဈေးသက်သာပြီး ဘက်ထရီလည်း ကြီးပါတယ်။ မျက်နှာပြင်အရွယ်ကလည်း ၆.၅ လက်မ နဲ့ HD+ ရုပ်ထွက်အရည်အသွေး ပါဝင်ကိုယ်ထည်ကတော့ ပလတ်စတစ်ဖြစ်ပါတယ်။

Samsung ဟာ Galaxy A02s အတွက် 1.8GHz octa-core ပရိုဆက်ဆာ၊ RAM 3GB နဲ့ storage 32GB နဲ့ ကျောဘက်ကင်မရာ 13MP, 2MP macro နဲ့ 2MP depth sensor တွေ သုံးပေးထားပါတယ်။ ရှေ့ကင်မရာကတော့ 5MP ပါဝင်လာမှာပါ။ ဖုန်းမှာတော့ fingerprint scanner မပါဝင်ပေမယ့် passcode ကိုအသုံးပြုနိုင်ပါမယ်။

Galaxy A12 မှာတော့ 2.3GHz octa-core ချစ်ပ်ပါဝင်ပြီး RAM 6GB နဲ့ ထပ်တိုးနိုင်တဲ့ storage 32GB ကနေ 128GB အထိ ပါဝင်လာပါတယ်။ ကျောဘက်ကင်မရာ 48MP, 5MP ultra-wide, 2MPP macro နဲ့ 2MP depth sensor ပါဝင်လာမှာပါ။

ရှေ့ကင်မရာက 8MP ဖြစ်ပါတယ်။ ဒီဖုန်းမှတေ့ာ fingerprint reader ပါဝင်လာမှာပါ။Samsung က Galaxy A12 ရဲ့ 64GB မော်ဒယ်နဲ့ 128GB မော်ဒယ်ကို ၂၁၂ ဒေါ်လာနဲ့ ၂၃၆ ဒေါ်လာတွေနဲ့ ဇန်နဝါရီလမှာ ဥရောပမှာ ရောင်းချပါတော့မယ်။ Galaxy A02s ကိုတော့ ဖေဖော်ဝါရီလမှာ ရောင်းချမှာပါ။ Samsung ဟာ Galaxy A02s 32GB မော်ဒယ်ကိုတော့ ၁၇၈ ဒေါ်လာနဲ့ ရောင်းချမယ်လို့ သိရပါတယ်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *