News

Googleရဲ့ Nexus 7ကို နိုင်ငံတကာမှာ ၀ယ်ယူနိုင်ပြီ

နာမည်ကြီးလျက် ရှိတဲ့ Googleရဲ့ နောက်ဆုံးထွက်ဗားရှင်း Nexus 7 Tablet ကတော့ နိုင်ငံတကာမှာ ၀ယ်ယူရရှိ နိုင်တော့မှာပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လက အမေရိကန်မှာ စတင် ပွဲထုတ်ပြသခဲ့ပြီး ကနေဒါကို ရက်သတ္တပတ် အနည်းငယ်အတွင်း ရောက်ရှိခဲ့တဲ့ အဆိုပါ Tabletဟာ အခုအခါမှာတော့ ယူကေ၊ ဂျာမနီ၊ ပြင်သစ်၊ စပိန်၊ သြစတြေးလျ၊ ဂျပန်နဲ့ တောင်ကိုရီးယား နိုင်ငံတွေမှာ ရရှိနေပြီလို့ သိရပါတယ်။

ဈေးနှုန်းကတော့ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ကွာခြားမှာ ဖြစ်ပါတယ်။ ယူကေမှာ ဒေါ်လာ သုံးရာခန့်နဲ့ စတင်ရောင်းချ ခဲ့ပြီး ဥရောပမှာ ၂၆၆ဒေါ်လာနဲ့ အမေရိကန်မှာတော့ 16GB Tabletကို ၂၂၉ဒေါ်လာနဲ့ ရောင်းချ ပါတယ်။ အဆိုပါ Nexus 7 Tabletဟာ အန်းဒရွိုက်ဗားရှင်း 4.3အသုံးပြု မောင်းနှင်ထားပြီး 1.5GHzအမြန်နှုန်းနဲ့ Qualcomm Snapdragon S4 Processorကိုလည်း တပ်ဆင်ထားပါတယ်။ ၇လက်မရှိတဲ့ မျက်နှာပြင်မှာ ရုပ်ထွက်အရည်အသွေး 1920×1080pixelsနဲ့ အသုံးပြုရမှာ ဖြစ်လို့ စွဲမက်ဖွယ်ရာ ပါပဲ။ ဒါ့အပြင် 5MPကင်မရာ၊ Bluetooth 4.0, microUSB 2.0နဲ့ LTEစနစ်တွေ မှာပါချိတ်ဆက် အသုံးပြုနိုင်မယ်လို့ ဆိုပါတယ်။ ဒါကြောင့်မို့လို့ Googleရဲ့ ဗားရှင်းအသစ် Nexus 7 Tabletကို ရင်ခုန်စွာနဲ့ စောင့်ကြိုလိုက်ရအောင်ဗျာ။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *