Appleရဲ့ iPhoneအသစ် ပွဲထုတ်မိတ်ဆက်ခြင်းနဲ့ အတူပါ၀င်လာတာကတော့ iOSဗားရှင်းအသစ် ဖြစ်တဲ့ iOS 7ပဲ ဖြစ်ပါတယ်။ အဆိုပါ iOS 7ဟာ iPhone, iPadတွေ အတွက် ဖန်တီးထုတ်လုပ် ထားတာဖြစ်လို့ သင့်မှာiPhone, iPadရှိရင် iOS 7ကို Downloadလုပ်ပြီး အခမဲ့ Installလုပ်နိုင်မှာပါ။ Appleဟာ ၎င်းတို့ရဲ့ OSအသစ်မှာ Mail, Message, Stock, Weatherစတဲ့ Appတွေကို အစအဆုံးပြန်လည် ဒီဇိုင်းဆွဲ ဖန်တီးထားပြီးတော့ Menuနဲ့ အခြားSettingတွေဟာလည်း ကွဲပြားခြားနားသွားတာကို တွေ့ရပါတယ်။ ဒါကြောင့် အတိုချုံးပြောရရင် သင့်ရဲ့ iPhoneဟာ မကြာခင်မှာ လုံး၀ပြောင်းလဲသွားတော့မှာ ဖြစ်ပါတယ်။ မြန်မာအိုင်စီတီ ပရိသတ်တွေ လေ့လာနိုင်ဖို့အတွက် Appleရဲ့ iOS 7မှာ ဘာတွေ ပြောင်းလဲသွားလဲ ဆိုတာကို ပုံတွေနဲ့တကွ တင်ဆက်ပေးလိုက် ပါတယ်။
၁။ နံပါတ်တစ်ကတော့ ဖုန်းမှာအရင်ဦးဆုံး မြင်ရမယ့် Lock Screenဖြစ်ပါတယ်။ ဖုန်းဖွင့်ဖို့ ဘယ်ဘက်ကနေ ညာဘက်ကို Swipeလုပ်ရမှာ ဖြစ်ပြီး Interfaceလည်း အနည်းငယ်ပြောင်းလဲ သွားတာကို တွေ့ရမှာပါ။
၂။ နောက်တစ်ခုကတော့ ပုံစံအသစ်နဲ့ မြင်တွေ့ရမယ့်Passcode Keypadဖြစ်ပါတယ်။
၃။ ဒါကတော့ Home Screenပါ။ အရင်ပုံစံတွေနဲ့ သိပ်မကွာပေမယ့် သေချာသတိထား ကြည့်ရင် Appleဟာ Appsတွေ၊ Menuတွေကို ပြန်လည်ဒီဇိုင်းဆွဲ ဖန်တီးထားတာကို တွေ့ရမှာ ဖြစ်ပါတယ်။
၄။ ဒါကတော့ ဖုန်းရဲ့ Status Barကို ဆွဲချလိုက်ရင် မြင်ရမယ့် ပုံစံပါ။ Drop-Down Notification Centerလို့ ခေါ်ပြီး ပုံစံအသစ် ဖန်တီးထားပါတယ်။
၅။ နောက်ပြီးတော့ အထက်ကဖော်ပြထားတဲ့ Notification Centerမှာ “Today”ဆိုတဲ့ Tabကို နှိပ်လိုက်ရင် သင့်ရဲ့ Calendarထဲမှာ မှတ်သားထားတဲ့ အချက်အလက်တွေကို ဖော်ပြပေးမယ့်အပြင် ရာသီဥတု အခြေအနေတွေပါ သိရမှာ ဖြစ်ပါတယ်။
၆။ ဒါ့အပြင် စတော့ဈေးကွက် အခြေအနေတွေကို စောင့်ကြည့်ဖော်ပြ ပေးသွားမယ့် Widgetတစ်ခုလည်း ထားရှိနိုင်မှာပါ။
၇။ Screenရဲ့ အောက်ခြေကနေ အပေါ်ကို တွန်းတင်လိုက်ရင် ပုံပါအတိုင်း Control Panelအသစ်ကို မြင်တွေ့ ရမှာဖြစ်ပါတယ်။ အဆိုပါ နေရာမှာ Wi-Fi, Bluetooth, Airplane Modeစတာတွေကို အဖွင့်အပိတ် လုပ်နိုင်ရုံသာမက Brightnessနဲ့ သီချင်းဖွင့်တာတွေကိုပါ Controlလုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် အခြားသော အခြေခံလုပ်ဆောင်မှုတွေကိုလည်း ဒီနေရာကနေ လုပ်နိုင်မှာပါ။
၈။ အဆိုပါ Control Panelမှာ AirDropဆိုတဲ့ Featureအသစ် တစ်ခုပါ၀င် လာမှာဖြစ်ပါတယ်။ အဲဒီ AirDropကို ဖွင့်ထားလိုက်ရင် Bluetoothစနစ်သုံးပြီး အခြားiPhone, iPadတွေနဲ့ ဖိုင်တွေ၊ အချက်အလက်တွေ ဖလှယ်နိုင်မှာပါ။
၉။ Appတွေကို တစ်စုတစ်စည်းတည်း ထားပေးတဲ့ App Folderအသစ် ဟာလည်း ပိုမိုတောက်ပတဲ့ ပုံစံရှိလာပါတယ်။
၁၀။ ဖုန်းScreenရဲ့ အလယ်ကို Swipe Downလုပ်လိုက်ရင် ပုံမှာ ပြထားတဲ့အတိုင်း ဖုန်းရဲ့ Search Functionပေါ်လာပြီး Contactတွေ၊ Appsတွေ၊ Text Messageတွေ သာမက သင့်ဖုန်းထဲမှာ သိမ်းထားတဲ့ အရာတွေ အကုန်လုံးကို ရှာဖွေနိုင်မှာပဲ ဖြစ်ပါတယ်။
၁၁။ Camera Appဟာလည်း ပုံစံပြောင်းလဲ သွားတာကို တွေ့ရမှာပါ။
၁၂။ Instagramမှာ သုံးသလို မျိုးပဲ ယခု iOS 7မှာ သင့်ရဲ့ Photoတွေကို Filterတွေ ထည့်သွင်းနိုင်မှာ ဖြစ်ပါတယ်။
၁၃။ ဒါကတော့ OSမှာ ပါ၀င်လာမယ့် Video Playerအသစ် ဖြစ်ပါတယ်။
၁၄။ ဒီတစ်ခုကတော့ အဆန်းပါပဲ။ ဖုန်းမှာ အဓိက သုံးရမယ့် Dialerဟာ ဒီလိုပုံစံ ပါခင်ဗျာ။
၁၅။ ဒါကလည်း App Storeပုံစံ အသစ်ပါ။ အဖြူရောင် နောက်ခံထား ဖန်တီးထား ပါတယ်။
၁၆။ ဒါ့အပြင် သင့်ရဲ့ Appတွေဟာလည်း အလိုလျောက်Update လုပ်သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ Appတစ်ခုရဲ့ Latest Versionကို ရဖို့ App Storeကို ဖွင့်နေစရာ မလိုတော့ဘူးပေါ့။
၁၇။ ဒါကတော့ iOS 7ရဲ့ Settingပုံစံကို ပြထားတာပါ။
၁၈။ ဒီပုံကတော့ iMessageကို Screenshotပြထားတာပဲ ဖြစ်ပါတယ်။
၁၉။ ဒါလေးက iOS 7မှာ ထည့်သွင်းထားတဲ့ ပြက္ခဒိန် ဖြစ်ပါတယ်။
၂၀။ ဒီပုံလေးကတော့ iOS 7ရဲ့ Weather Appအသစ် ဖြစ်ပါတယ်။ Yahooက နောက်ဆုံးထုတ်လုပ် ထားတဲ့ Weather Appနဲ့လည်း ဆင်တူနေပါတယ်။
၂၁။ ဒါကတော့ iTunes Movies Storeပါ။
၂၂။ ဒါကတော့ iTunes Music Storeပါ။
၂၃။ Music Appအသစ်မှာ ပါ၀င်လာတာ ကတော့ Streaming Radio Serviceဖြစ်ပြီး အခမဲ့ ဖြစ်ပါတယ်။ ဒါပေမယ့် ကြော်ငြာအချို့ကိုတော့ နားထောင်ရမှာပါ။
၂၄။ သင်နှစ်သက်တဲ့ Artist, သီချင်း၊ သီချင်းအမျိုးအစား စတာတွေကို ရွေးချယ်ပြီး သင့်ကိုယ်ပိုင် Radio Stationတစ်ခုပုံစံ ဖန်တီးနိုင်ပါသေးတယ်။
၂၅။ ဒါကလည်း Websiteပေါ်မှာ သီချင်းတွေ Streamနားထောင် ရတဲ့ပုံစံ ဖြစ်ပါတယ်။
၂၆။ iOS 7မှာ ပါ၀င်လာမှာ ဖြစ်တဲ့ Game Centerကတော့ လုံး၀ ပြောင်းလဲသွားပါတယ်။
၂၇။ အဲဒီမှာ ပါ၀င်လာတဲ့ Stock Appပုံစံ အသစ်ပါ။
၂၈။ Appleရဲ့ ကိုယ်ပိုင် Safari Web Browserပုံစံပါ။
၂၉။ အဲဒီ Browserကို သုံးနေရင်းနဲ့ Tabအသစ် တစ်ခုဖွင့်ချင်ရင် ဖြစ်သွားမယ့် 3Dပုံစံအသစ်က ဒီလို။
၃၀။ အဆိုပါ 3Dအန်နီမေးရှင်း ပုံစံကို ပြထားတာပါ။
၃၁။ Apple Mapsဟာလည်း အခုဆိုရင် Controlအသစ်တွေ ထည့်သွင်းထားပါတယ်။
၃၂။ ဒါကတော့ iOS 7ရဲ့ Email Appအသစ် ဖြစ်ပါတယ်။
၃၃။ ဒါက iOS 7မှာ ပါ၀င်လာမယ့် သံလိုက်အိမ်မြှောင်ပါ။
၃၄။ အသံတွေ သွင်းထားနိုင်ဖို့ Voice Recorderအသစ်ပါ။
၃၅။ Notesတွေ ရေးမှတ်ထားဖို့ Notes Appအသစ်ကတော့ ဒီလိုပုံစံ ဖြစ်ပါတယ်။
ပုံတွေကမှားနေပါတယ်….
ဘယ်နေရာမှာ မှားနေတာပါလဲ ခင်ဗျာ?
ပုံတွေက Android က Themes ကြီးပါခင်ဗျ Music ကိုကြည့်ရင်သိသာပါတယ်…ဆရာလုပ်ချင်းမဟုတ်ပါခင်ဗျာ အခုလိုဖေါ်ပြပေးတာကျေးဇူးတင်ပါတယ် ကျွန်တော်က ICT ရဲ့  Fan ပါ
ယခု တင်ဆက်ထားက iOS 7ရဲ့ နမူနာပုံစံအချို့ကို မြန်မာအိုင်စီတီ အနေနဲ့ Collectionလုပ်ထားတာပါ။ တကယ်တမ်း iOS 7ကတော့ စက်တင်ဘာ ၁၈ရက်နေ့ကျမှ Freeသတ်မှတ် ပေးပြီး တရားဝင် သုံးစွဲ နိုင်မှာဖြစ်ပါတယ်။ အခုလို ထောက်ပြတဲ့ ကိုထူးမြတ်အောင်ကို ကျေးဇူးအထူးပဲ တင်ရှိပါတယ်။