News

iOS 7ရဲ့ Lock Screenကို Hackနိုင်တဲ့ ကိစ္စ Appleမှ ဖြေရှင်းပေးမည်

Appleရဲ့ iOS 7ကို Hackerတွေက Hackလို့ ရကြောင်း သက်သေပြခဲ့ ကြပြီးတဲ့နောက် Appleကလည်း အဆိုပါ ကိစ္စကို တာ၀န်ယူဖြေရှင်း ပေးမယ်လို့ ကတိပေး ပြောကြားလိုက်ပြီ ဖြစ်ပါတယ်။ အသစ်ထွက် iOS 7ရဲ့ Lock Screenအားနည်း ချက်ကြောင့် အသုံးပြုသူတွေရဲ့ အီးမေးလ်၊ ဓာတ်ပုံတွေနဲ့ Twitter, Facebookစတဲ့ လူမှုကွန်ရက်တွေကိုပါ ပိုင်ရှင်ရဲ့ ခွင့်ပြုချက် မလိုဘဲ သုံးစွဲနိုင်ခဲ့ကြောင်းလည်း သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

iOS 7မှာ ပိုင်ရှင် မဟုတ်တဲ့ အခြားတစ်ယောက်ယောက်က သုံးချင်တယ်ဆိုရင် Passcode Lockတွေ ဘာတွေ မလိုဘဲ Lock Screenမှာ အနည်းငယ် ရွေ့လျားပြီး Bypassလုပ်လိုက် တာနဲ့ ဖုန်းကို ဖွင့်လို့ရပြီး Appတွေကို ပါသုံးစွဲ နိုင်ပြီလို့ သတင်းတွေ ထွက်ခဲ့ပါတယ်။ Appleရဲ့ ပြောရေးဆိုခွင့် ရှိသူတစ်ဦးကတော့ ၎င်းတို့အနေနဲ့ ဒီကိစ္စကို သိရှိပြီးဖြစ်ကာ မကြာခင်မှာလည်း ဒါကိုဖြေရှင်းပေးနိုင်မယ့် Software Updateတစ်ခု ဖြန့်ချိ ပေးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *