News

iOS 7တွင် အသုံးပြုရ လွယ်ကူသည့် စီးပွားရေး လုပ်ငန်းသုံး လက္ခဏာသစ်များ ပါ၀င်လာ

Apple details iOS 7's improved busines

iOS စနစ်တွင် စီးပွားရေးလုပ်ငန်းများအတွက် ပေါင်းစပ် ဖွဲ့စည်းလုပ်ကိုင်နိုင်ရန် Appများ တည်ရှိပြီးသား ဖြစ်သော်လည်း ယင်း၏ ယှဉ်ပြိုင်ဖက်များဖြစ်သည့် BlackBerry, Samsungတို့နှင့် နှိုင်းယှဉ်လာသောအခါ အာမခံပေးနိုင်မှု အားနည်းခဲ့သည်၊ သို့သော် Appleက စီးပွားရေး လုပ်ငန်းဆိုင်ရာသုံး လက္ခာသစ်များ iOS 7တွင် ထည့်သွင်းလာခဲ့ပြီး အချက်အလက်များကို WWDC 2013တွင် ရှင်းလင်းတင်ပြခဲ့သည်။

အသုံးပြုသူတွေအတွက် မိုပို ကောင်းမွန်လာသည့်အချက်က ယင်းတို့၏ လုပ်ငန်းတွေများအတွက် Sing on ပြုလုပ်ထားရုံဖြင့် ကွန်ယက်ပေါင်းများစွာဖြင့် ချိတ်ဆက်အသုံးပြုနိုင်မည်ဖြစ်ကာ အချက်အလက်များအတွက် လုံခြုံမှုတွေ ရရှိလာနိုင်မည် ဖြစ်သည်။ IT Managerတွေ အနေဖြင့်လည်း iOS Devices တွေကို စီမံခန့်ခွဲရခြင်းမှာ လွယ်ကူမှုများ ရှိလာပြီး ကုမ္ပဏီတစ်ခုမှာ သုံးမည်ဆိုပါကလည်း Appများ အသုံးပြုပုံ လွယ်ကူစွာ သိရှိလာနိုင််သည်။ ပါ၀င်လာသည့် လက္ခဏာသစ်များသည် လုပ်ငန်းသုံးအတွက် လွယ်ကူသည်ဟု ထင်ရပြီး လုပ်ငန်းများအတွင်း အခြေကျ အသုံးပြုလာနိုင်ဖွယ်ရာ ရှိသည်။

Ref : http://www.engadget.com

Related Posts

2 thoughts on “iOS 7တွင် အသုံးပြုရ လွယ်ကူသည့် စီးပွားရေး လုပ်ငန်းသုံး လက္ခဏာသစ်များ ပါ၀င်လာ

  1. Myo Thiha says:

    ကိုယ်တိုင်သုံးနိုင်မှပဲ ဒါတွေကို သိလာနိုင်မယ်ထင်တယ်

  2. thwethweaye says:

    ကျိန်းသေတာတော့ Apple ပစ္စည်းတွေက အကောင်းဆုံးလို့တောင် ပြောလို့ရပါတယ်

Leave a Reply

Your email address will not be published. Required fields are marked *