အမေရိကန် ဆယ်ကျော်သက် လူငယ်များအကြား အီလက်ထရွန်နစ် စီးကရက် (E-Cigarette) သောက်သုံးမှု ပမာဏမြင့်တက်လာကြောင်း အစိုးရမှ ထုတ်ပြန်ခဲ့သည်။ National Youth Tobacco စစ်တမ်းသစ်တစ်ရပ်တွင် ဖော်ပြထားခြင်းဖြစ်သည်။
ရောဂါထိန်းချူပ်မှုနှင့် ကာကွယ်မှုစင်တာမှ သုတေသီများ လေ့လာတွေ့ရှိခဲ့သည့် အချက်အလက်များအရ ၂၀၁၁မှ ၂၀၁၂ခုနှစ်အထိ အမေရိကန်နိုင်ငံ အလယ်တန်းနှင့် အထက်တန်းကျောင်းသား/ ကျောင်းသူများ၏ အီလက်ထရွန်နစ် စီးကရက် သောက်သုံးသူ နှုန်းသည် နှစ်ဆမြှင့်တက်ခဲ့ကြောင်း သိရသည်။
ယင်းစစ်တမ်းကို ခြောက်တန်းမှ ဆယ့်နှစ်တန်းအထိ တက်ရောက်နေသည့် ကျောင်းသား/ ကျောင်းသူ ၂၀၀၀၀ထံတွင် ကောက်ယူခဲ့ခြင်း ဖြစ်သည်။ အထက်တန်း ကျောင်းသား/ ကျောင်းသူများ၏ အီလက်ထရွန်နစ် စီးကရက် သောက်သုံးမှုနှုန်းသည် ၂၀၁၁ခုနှစ်က ၄.၇ ရာခိုင်နှုန်းသာ ရှိခဲ့ပြီး ၂၀၁၂ခုနှစ်တွင် ၂.၇ရာခိုင်နှုန်း ရှိခဲ့ကြောင်း သိရသည်။
ဆေးလိပ်သောက်သုံးသူ ၉၀ရာခိုင်နှုန်းသည် ဆယ်ကျော်သက် အရွယ်ကတည်းက စတင် သောက်သုံးခြင်း ဖြစ်သည့်အတွက် အဆိုပါ လေ့လာတွေ့ရှိချက်မှာ စိုးရိမ်စရာဖြစ်ကြောင်း ရောဂါထိန်းချူပ်မှု စင်တာ (CDC)မှ ပြောကြားခဲ့သည်ဟု ဆိုသည်။ E-Cigaretterများကို ဆယ်ကျော်သက် လူငယ်များ သောက်သုံးမှု မြှင့်တက်လာခြင်းမှာ ကြီးမားသည့် ပြဿနာတစ်ရပ်ဖြစ်ကြောင်း CDCမှ ဒေါက်တာ တွမ်ဖရိုင်ဒန်က ပြောကြားခဲ့သည်။
E-Cigarette ဆိုသည်မှာ သုံးစွဲသူများထံ နီကိုတင်းဓာတ် ထောက်ပံ့ပေးသည့် ဘက်ထရီ စွမ်းအင်သုံး ထုတ်ကုန်တစ်ခုဖြစ်ပြီး ၄င်းကို ပုံမှန်စီးကရက် သောက်သုံးခြင်းအတွက် အစားထိုး သုံးစွဲကြကြောင်း သိရပါသည်။
Like IOS7