News

iOS 7ရဲ့ Wallpaperတွေကို Downloadရယူနိုင်မယ့် နေရာ

ပြီးခဲ့တဲ့ ရက်ပိုင်းကမှ Appleရဲ့ iPhoneအသစ်တွေနဲ့ iOS 7ကို မိတ်ဆက် ကြေညာတဲ့ပွဲ ကျင်းပပြီးစီး ခဲ့ပါတယ်။ iOS 7ဟာ စက်တင်ဘာ ၁၈ရက်နေ့မှသာ Freeသတ်မှတ်ပေးမှာ ဖြစ်ပေမယ့် မှတ်ပုံတင်ထားတဲ့ Developerတွေကိုတော့ Appleက iOS 7 GMဖြန့်ချိ ပေးခဲ့ပါတယ်။ အဆိုပါ Updateမှာ စိတ်လှုပ်ရှားဖွယ် Wallpaperနဲ့ အသံတွေ များစွာ ထည့်သွင်းပေးထားပြီး မြန်မာအိုင်စီတီ ပရိသတ်တွေ အတွက် iOS 7ရဲ့ Wallpaperအသစ်တွေ အကုန်လုံး တင်ဆက်ထားတဲ့ Linkတစ်ခုကို ဖော်ပြပေးလိုက် ပါတယ်။ ပုံပေါ်ကို ထောက်ပြီး “Save Image”လုပ်လိုက် တာနဲ့ အလွယ်တကူ အသုံးပြု နိုင်မှာပါ။
iOS 7အတွက် Wallpaperအသစ်တွေ Download ရယူနိုင်မှာကတော့ ဒီနေရာမှာပဲ ဖြစ်ပါတယ်။ တစ်ပုံချင်းစီ မယူပဲ တစ်ခါတည်း အကုန်Download ယူချင်ရင်လည်း ဒီနေရာမှာ ရယူနိုင်ပါတယ်။ ဒါ့အပြင် iOS 7မှာ ဘာတွေ ထူးခြားပြောင်းလဲ သွားမလဲဆိုတာ ကိုလည်း Myanmar ICTမှာ ဖတ်ရှုနိုင်ပါတယ်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *