News

Twitterမှာ iOS 7အကြောင်း Tweetsတွေ ၇သန်းလောက် တက်လာ

ကမ္ဘာကျော် လူမှုကွန်ရက်တစ်ခု ဖြစ်တဲ့ Twitterမှာ iOS 7ထွက်ရှိလာပြီး တဲ့နောက် နှစ်ရက်အတွင်း iOS 7အကြောင်း Tweetလုပ်မှုတွေ ၇သန်းလောက် တက်လာခဲ့တယ်လို့ သိရပါတယ်။ ဒါဟာ iOS 7ကို Launchမလုပ်ခင်နဲ့ လုပ်ပြီးမှာ ထွက်ပေါ်လာခဲ့တာ ဖြစ်ပြီး ကမ္ဘာအရပ်ရပ်က iOS Userတွေဟာ ထူးခြားသစ်လွင်တဲ့ iOS 7ကို ၎င်းတို့ရဲ့ Deviceတွေမှာ Updateလုပ်ခဲ့ ကြပါတယ်။ Twitterမှာတော့ iOS 7အကြောင်း ပြောတဲ့ Tweetတွေဟာ တစ်နာရီကို ငါးသိန်းလောက် တက်နေခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံတွေတင်တဲ့ လူမှုကွန်ရက်တစ်ခု ဖြစ်တဲ့ Instagramမှာလည်း #iOS7ကို Tagလုပ်ထားတဲ့ ပုံပေါင်း ငါးသိန်းကျော် တက်လာခဲ့ပါတယ်။ ဒါဟာ ပရိသတ်တွေရဲ့ iOSကို စိတ်၀င်စားမှုပမာဏကို ပြသခဲ့ခြင်း ဖြစ်ပြီး Appleရဲ့ အောင်မြင်မှုကိုလည်း သက်သေထူနိုင်ခဲ့ ပါတယ်။ အခြား Mobile OSတွေ ဖြစ်တဲ့ Windows OS, Android OSတွေကရော ဘယ်လိုယှဉ်ပြိုင် သွားဦးမလဲ ဆိုတာ စိတ်၀င်စားစရာပါပဲ။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *