News

iOS 7နဲ့ ပတ်သက်ပြီး Complaintsများ

Appleမှ iPhoneအသစ်များ ထွက်ရှိလာခြင်းနဲ့ အတူ iOS 7ကိုပါ တစ်ခါတည်း မိတ်ဆက်ပွဲထုတ် ခဲ့ပါတယ်။ iOS 7မှာက ပြောင်းလဲ ပြင်ဆင်မှုတွေ များစွာ ပြုလုပ်ခဲ့ပြီး ကြိုက်တဲ့လူတွေ ရှိသလို မကြိုက်တဲ့ လူတွေလည်း အများအပြားပါ။ ဒါကြောင့် အဆိုပါ iOS 7နဲ့ ပတ်သက်ပြီး အသုံးပြုသူတွေရဲ့ မကြိုက်တဲ့ အချက်အချို့ကို စုစည်းတင်ဆက် ပေးလိုက်ပါတယ်။

၁။ နံပါတ်တစ်ကတော့ iOS 7မှာ ပါ၀င်လာတဲ့ ပြားချပ်ချပ် iconတွေဟာ ကလေးတွေ အတွက် ရည်ရွယ်ဖန်တီးထားတာ ဖြစ်တယ်လို့ ဆိုနေကြပါတယ်။ ဒါ့အပြင် Batteryသုံးစွဲ နှုန်းကလည်း အရမ်းမြန်နေပါတယ်။

၂။ ဒါ့အပြင် iOS 7ရဲ့ ထူးခြားချက် တစ်ခုဖြစ်တဲ့ Control Centreမှာ Wi-Fi On/Offသာ လုပ်နိုင်ပြီး ဘယ် Wi-Fiကွန်ရက်နဲ့ ချိတ်ဆက်မယ် ဆိုတာကိုတော့ မရွေးချယ်နိုင်ပါဘူး။

၃။ အရင် Notificationအဟောင်း မှာလိုမျိုး Tweetလုပ်လို့ ရတဲ့ ပုံစံကိုလည်း အခု စနစ်အသစ်မှာ သုံးချင်ပါသတဲ့။

၄။ ပြီးတော့ Conversationတစ်ခုမှာ Messageတွေကို ဖျက်ချင်ရင် တစ်ခါတည်း ‘Delete’ဆိုတာ မပါဘဲနဲ့ Copy, More… ဆိုပြီး အရစ်ရှည်အောင် စီစဉ်ခြင်းဟာ အလုပ်ရှုပ်စေပါတယ်။

၅။ Folderတစ်ခုထဲမှာ ထားတဲ့ Appတစ်ခုကို ဖွင့်သုံးပြီး Home Buttonကို နှိပ်လိုက်ရင် Home Screenကို မရောက်ဘဲနဲ့ သင်မူလဖွင့်ခဲ့တဲ့ Folderကို ပြန်ရောက်မှာ ဖြစ်ပါတယ်။ Home Screenကို ရောက်ချင်ရင်တော့ နှစ်ချက်နှိပ်ရမှာပါ။

၆။ နောက်တစ်ချက်က Screenဟာ အရမ်းကို တောက်ပလွန်းနေ ပါသတဲ့။

၇။ ဒါ့အပြင် iOS 7မှာ ပါ၀င်လာတဲ့ Weather Appဟာ ပုံမှန် Updateမလုပ်ဘူးလို့ ဆိုထားပါတယ်။ အသုံးပြုသူ တစ်ယောက်က သူ့ဖုန်းရဲ့ Weatherဟာ မိုးရွာနေတဲ့ ပုံကိုပဲ တစ်နေကုန်ပြနေပြီး တကယ်တမ်း အပြင်မှာကျတော့ နေပူနေတာ ဖြစ်ပါတယ်။

၈။ ပြီးတော့ iOS 7မှာ အသစ်ထည့်သွင်း ပေးထားတဲ့ Wallpaperအချို့ဟာ မလှပဘူး ဆိုတဲ့ ေ၀ဖန်မှုတွေနဲ့လည်း ကြုံနေရပါတယ်။

၉။ အချို့ Appတွေကတော့ ဖွင့်လိုက်ရင် ရပ်သွားတတ်ပြီး အဆင်မပြေဘူးလို့လည်း သိရပါတယ်။

၁၀။ ဒါ့အပြင် ဖုန်းထဲမှာ Alarm Ringtoneဟာလည်း အလိုလျောက် ပြောင်းလဲသွားပါသတဲ့။

၁၁။ နောက်ဆုံး တစ်ချက်ကတော့ Home Screenကနေ ညာဖက်ကို Swipeလုပ်လိုက်ပေမယ့် Search Functionပေါ် မလာဘူးလို့ သိရပါတယ်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

17 thoughts on “iOS 7နဲ့ ပတ်သက်ပြီး Complaintsများ

  1. Liar says:

    Search Option ကိုသုံးချင်ရင် Screenရဲ့ တစ်နေရာရာ (ထိပ်ဆုံးမှအပ) မှအောက်သို့ဆွဲချပါ။

  2. Smiley Sing says:

    မသုံးချင်ရင် မသုံးကြနဲ.ပေါ iOS6 ကိုဘဲပြန်သွားပေါ့

  3. Lu soe lay says:

    ၈။ ပြီးတော့ iOS 7မှာ အသစ်ထည့်သွင်း ပေးထားတဲ့ Wallpaperအချို့ဟာ မလှပဘူး ဆိုတဲ့ ေ၀ဖန်မှုတွေနဲ့လည်း ကြုံနေရပါတယ်။…. Wallpaper မလွတာ Complaint လား???

  4. La MIn Thant says:

    Home screen ကို အောက်စွဲလိုက်တာနဲ့ Search Function ပေါ်ပါတယ်.. ပိုပီး လွယ်ကူသွားတာပါ.. Screen အရောင်တောက်လွန်းလို့တဲ့ ရီရတယ်.. ဘာပဲ ဖြစ်ဖြစ် Ios 7 ကို ကြိုက်တယ်

  5. ZAR NI says:

    ဒီတစ်ခါ ပေါက်ကရတွေလျှောက်ရေးထားတယ် ဘာတွေမှန်းမသိဘူး။
    Search က စာမျက်နှာသပ်သပ် မထားပဲ အပေါ်နားကိုလက်နဲ့ဆွဲချလိုက်။ iOS 6 ထက်တောင်မြန်မြန်ရှာပေးသေးတယ်။
    Application မဟန်းဘူး။ App တချို့ကို Update လုပ်။ Crack app ဆိုရင်တော့ PP နဲ့ပြန်ပြင်လိုက်ရင်ရတယ်။ အားလုံးအေးဆေးပဲ။ ဘက်ထရီလဲ ပိုတောင်ကြာရှည်ခံသေးတယ်။ 2 hours Video ကို ၁၅% တောင် မသုံးရဘူး။ Internet သုံးတဲ့တုံ့ပြန်နှုန်းနဲ့ Siri က ပိုတောင်မြန်လာသေးတယ်… iOS 7 ပိုကောင်းပါတယ်။ လိုက်ခ် လိုက်ခ် လိုက်ခ် 😛

  6. yanagmyo says:

    touch ကို အောက်ကို ဆွဲမှ search function ပေါ်လာမှာ

  7. Ye Htut Lin says:

    နည်းနည်း လွဲနေပါတယ်။ ကျွန်တော် အိုင်ပက် မီနီမှာ သုံးတာ
    ၁. Battery သုံးစွဲမှုက iOS 6 မှာထက် ပိုပြီး သက်သာပါတယ်…
    ၆. Screen Brightest မချိန်တက်လို့ ဖြစ်ပါလိမ့်မယ်။
    ၇. အလကား နေရင်း Weather Update လုပ်မှာတော့ မဟုတ်ပါဘူး။ Internet ချိတ်ထားမှ လုပ်ပါလိမ့်မယ်။ (မြန်မာနိုင်ငံဆိုရင် မှားကောင်း မှားနိုင်ပါလိမ့်မယ်) 😛
    ၁၁. Search Function (Spotlight Search) ရှာမတွေ့တာတော့ တော်တော် ဆိုးပါလိမ့်မယ်။ ညာဘက်ဆုံး Page မှာ မရှိတော့ပါဘူး။ Page အပေါ်ကနေ အောက်ကို ဆွဲချမှ ပေါ်ပါလိမ့်မယ်။

    နံပါတ် (၁၁) ဖတ်ပြီးတော့ ရေးတဲ့သူကို သုံးရော သုံးဖူးရဲ့လားလို့ ပြန်မေးလိုက်ချင်တယ်ဗျာ။ 🙂

    1. ဟာ တော်တော်ကြီးကိုလွဲတာ >:(

  8. pho chit says:

    ye htut lin ,right

  9. Welcome Home says:

    နဲနဲလွဲတာမဟုတ်ဘူး တော်တော်လွဲတာ ပေါက်ကရတွေ လျှောက်ရေးထားတယ်။ ဘက်ထရီလည်းသက်သာတယ်။ အင်တာနက်သုံးတာလဲပိုမြန်တယ်။ search ကလည်းပိုမြန်လာတယ် siri ရဲ့ တုန့်ပြန်မှုကလည်းပိုမြန်လာတယ်… ရေးတဲ့သူဘာတွေလျှောက်ရေးထားမှန်းမသိဘူး။ ဒီတခါ အလကား

  10. Polapyae says:

    စာရေးသူဟာ ios 7 ကိုလုံးဝမသုံးဖူးဘဲ ရေးသည်ဟုထင်မိပါသည်။

  11. Phola Pyae says:

    စာရေးသူဟာ ios 7 ကိုသေချာမသုံးဖူးဘဲနဲ့ ရေးသည်ဟုထင်မိပါသည်

  12. L!N says:

    that is right! 🙂

  13. aung zi hane says:

    အခုထွက်တဲ့ အိုအက်စ် က အရမ်းကောင်းပါတယ်။ သုံးကြည့်လေ့လာပြီးမှ ပြောရင်ပိုကောင်းပါလိမ့်မယ်။ အခုဟာက အိုင်အိုအက်စ် ဆဲဗင်းက ၆၄ဘစ် ဗားရှင်းပါ… ဂရပ်ဖစ်ကောင်းလွန်းလို့ ဒီလိုရတာပါ။ အိုင်အိုအက်စ်ဆဲဗင်း ကတော်တော်လေးကို ပြောင်းလဲလိုက်ပါတယ်။ဝေါပေပါတွေမလှဘူးဆိုတာကတော့ အဲဒီလူ မခံစားတတ်လို့ဖြစ်မှာပါ… တော်တော်ကောင်းပါ

  14. naymyohtet says:

    မကောင်းဘဲနဲ့ အသစ်မထုတ်ပါဘူး

Leave a Reply

Your email address will not be published. Required fields are marked *