How-to

iOS 7 ကို အခုပဲ Update လုပ်နိုင်ပါပြီ

Appleက iOS 7 ကို September 18 ရက်နေ့မှာ တရား၀င်အခမဲ့ ဒေါင်းလုပ်လုပ်ခွင့်ပေးမှာဖြစ်ပါတယ်။အခုလောလောဆည်တော့ Developer Version တွေပဲ ထွက်ရှိထားတာဖြစ်ပါတယ်။ 18 ရက်နေ့ မတိုင်ခင်စမ်းသပ်အသုံပြုချင်သူတွေအတွက် နောက်ဆုံး Version တွေရဲ့ Download Link တွေနဲ့ Update လုပ်နည်းကို ရေးပေးလိုက်ပါတယ်။

အောက်မှာ ပေးထားတဲ့ Update File တွေကို iDevices အနည်းငယ်မှာစမ်းသပ်အသုံးပြုကြည့်တာတော့ ပြဿနာတစ်စုံတစ်ရာ မရှိဘဲ အဆင်ပြေပါတယ်။ ဒါပေမယ့် iDevices အားလုံးအတွက်တော့ အဆင်ပြေနိုင်မလားဆိုတာ မသိပါဘူး။ နောက်ဆုံးထွက် Version တွေဖြစ်တဲ့အတွက် 18 ရက်နေ့မှာ တရား၀င်ထွက်ရှိလာမယ့် iOS 7 နဲ့ အတူတူ ပဲဖြစ်မယ်လို့ ယူဆပါတယ်။ အဲဒီအတွက် အဆင်ပြေနိုင်ပါတယ်။

အရင်ဆုံး Backup လုပ်ပါ။
သင့်ရဲ့ iDevice ကို iTunes နဲ့ Backup လုပ်ပါ။အမှားအယွင်းတစ်စုံတစ်ရာဖြစ်ခဲ့ရင် ပြန်ပြီး Restore လုပ်နိုင်မှာပါ။
iOS 7 ကို Download လုပ်ပါ။
သက်ဆိုင်ရာ iDevices အလိုက် iOS 7 ကို Download လုပ်ပါ။

iPhone 4 (GSM)
iPhone 4 (GSM Rev. A)
iPhone 4 (CDMA)
iPhone 4S
iPhone 5 (Model A1428)
iPhone 5 (Model A1429)
iPad 2 (Wi-Fi)
iPad 2 (Rev. A)
iPad 2 (Wi-Fi + GSM)
iPad 2 (Wi-Fi + CDMA)
iPad 3 (Wi-Fi)
iPad 3 (Wi-Fi + GSM)
iPad 3 (Wi-Fi + CDMA)
iPad 4 (Wi-Fi)
iPad 4 (Wi-Fi + GSM)
iPad 4 (Wi-Fi + CDMA)
iPad mini (Wi-Fi)
iPad mini (Wi-Fi + GSM)
iPad mini (Wi-Fi + CDMA)
iPod touch (5th Generation)
iTunes 11.1 Beta

iOS 7 ကို Update လုပ်ဖို့ iTunes နောက်ပိုင်းထွက်တဲ့ Version ရှိဖို့လိုအပ်ပါတယ်။

Install the Update

1. Disk Image (.dmg) ဖိုင်ကို ဖြည်ပြီး iPhone Software Update file(.ipsw) ဖိုင်ကိုရှာပါ။ Desktop ဒါမှမဟုတ် ဖိုဒါတစ်ခု မှာ သိမ်းပါ။ Image ဖိုင်ကို ဖြည်ဖို့ 7-Zip ကို သုံးနိုင်ပါတယ်။ .dmg ဖိုင် ထဲမှာရှိတဲ့ .hfs ကိုပါ ဖြည်ဖို့လိုအပ်ပါတယ်။

2. iTunes ကိုဖွင့်ပြီး iPhone,iPad,iPod နဲ့ ချိတ်ဆက်ပါ။

3. သင့် Device ကို iTunes က အလိုလို Select မလုပ်ဘူးဆိုရင် Manual Select လုပ်ပြီး “Summary” tab ကိုနှိပ်ပါ။

4. Windows User တွေ က Shift Key ကိုဖိထားပါ။ OS X User တွေကတော့ Option Key ကိုဖိထားပါ။ Restore Button ကိုနှိပ်ပြီး ဒေါင်းလုပ်လုပ်ထားတဲ့ .ipsw ဖိုင်ကို ရွေးပေးပါ။ ပြီးရင်တော့ Update လုပ်တာကို စောင့်ပါ။

5. လိုအပ်ရင် Backup ကနေ Restore လုပ်ပြီး iTunes နဲ့ Sync လုပ်ပေးပါ။

အပေါ်က အဆင့်တွေကို ပြုလုပ်ပြီးရင်တော့ iOS 7 ကို အသုံးပြုနိုင်ပါပြီ။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

7 thoughts on “iOS 7 ကို အခုပဲ Update လုပ်နိုင်ပါပြီ

  1. Lusifer Love says:

    လုပ်သေးဘူး jb ကမရသေးလို့

  2. Zaw Naing says:

    စာကိုဖတ်လို့မရဘူး ဘယ်လို့လုပ်ရမှာလဲ

  3. why now coz at the event they said ios is gonna be avaliable on 18 Sep

  4. ko aung says:

    ဟုတ်တယ် စာက လေးထောင့်တွေပဲ ပေါ်နေတယ် လုပ်ပါဦး

Leave a Reply

Your email address will not be published. Required fields are marked *