News

စက်တင်ဘာ ၁၀ရက်နေ့မှာ iOS 7တရား၀င် ထွက်ရှိမည်

လာမယ့် စက်တင်ဘာ ၁၀ရက်နေ့မှာ Appleဟာ ၎င်းတို့ရဲ့ iPhoneအသစ်ကို မိတ်ဆက်ပွဲထုတ် သွားမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးတဲ့နောက် iOS 7ကိုလည်း အဲဒီနေ့မှာ ပွဲထုတ်သွားမယ်လို့ သတင်းရရှိပါတယ်။ Developerတစ်ဦး ဖြစ်တဲ့ Owen Williamဟာ iOS 7ကို စက်တင်ဘာ ၁၀ရက်နေ့မှာ ပွဲထုတ်မယ် ဆိုတဲ့ အီးမေးလ်တစ်စောင် လက်ခံရရှိခဲ့ပြီး အဆိုပါ အီးမေးလ်ဟာ Appleနဲ့ နီးစပ်တဲ့ နေရာကနေ ပို့လိုက်တာ ဖြစ်ပါတယ်။ အဆိုပါ သတင်းအရ iPhoneအသစ် ထွက်ရှိမယ့်ရက်ဟာ စက်တင်ဘာ ၁၀ရက်ထက် ပိုစောလိမ့်မယ်လို့လည်း ခန့်မှန်းရကြောင်း သိရပြီး တကယ်တမ်း ထွက်ရှိလာမယ့် နေ့ရက်တွေကိုတော့ Appleအနေနဲ့ပဲ အတည်ပြု ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *