ယခုနှစ် စက်တင်ဘာ ၁ရက်မှ ၁၆ရက်အတွင်း မွေးဖွားသည့် သူများသည် ဓနုရာသီလဂ်နှင့် အဘိဇိနက္ခတ်တို့ ပူးယှဉ်နေခြင်းတို့ကြောင့် ကမ္ဘာသိ နိုင်ငံကျော် ခေါင်းဆောင်ပုဂ္ဂိုလ်များ ဖြစ်လာနိုင်ကြောင်း နက္ခတ်သိပ္ပံကျောင်း၏ အဆိုအရသိရသည်။
နိုင်ငံတကာရေးရာ နက္ခတ်သိပ္ပံကျောင်းမှ အမှုဆောင်အရာရှိချုပ် ဦးဇေယျာကိုက “ဒီကာလမှာ မွေးလာမယ့် ကလေးတွေဟာ နောင်အနာဂတ်တိုင်းပြည်ရဲ့ အကြီးအကဲခေါင်းဆောင်၊ ကမ္ဘာကသိတဲ့ပုဂ္ဂိုလ်တွေ ဖြစ်လာပါလိမ့်မယ်။ လုထုက ချစ်ခင်တောင့်တပြီး ပြည်သူအကျိုးသယ်ပိုးနိုင်တဲ့ ခေါင်းဆောင်ဖြစ်လာမှာပါ”ဟု ပြောသည်။
ယင်းကာလတွင် နေ့လယ်ခင်းများ၌ ဓနုလဂ်နှင့် အဘိဇိနက္ခတ်တို့ ပူးပေါင်းနေမည်ဖြစ်ကြောင်းနှင့် ယင်းနက္ခတ်ကြယ်သည် ဓနုရာသီ ၂၁ဒီဂရီ ၂၇မိနစ်နှင့် မြောက်လတ္တီတွဒ် ၃၈ဒီဂရီ ၄၇မိနစ်တွင် တည်ရှိနေပြီး အလွန်တောက်ပသော ကြယ်တစ်ပွင့် ဖြစ်ကြောင်းသိရသည်။ အဆိုပါ နက္ခတ်ကြယ် အဘိဇိသည် ပါဠိစကားဖြစ်ပြီး အောင်နိုင်စိုးမိုးခြင်းဟု အဓိပ္ပါယ်ရကာ မာန်ဟုန်ရှိသည့် သိန်းငှက်လို အဆက်မပြတ် ပျံသန်းနိုင်ခြင်း ဟူ၍လည်း ဂရိတို့က ယူဆကြောင်း၊ ယင်းကဲ့သို့ ဖြစ်နိုင်ရန် ရာထူးဂြိုဟ် တနင်္ဂနွေ၊ အလုပ်အကိုင်ဂြိုဟ် ဗုဒ္ဓဟူး၊ စီးပွားရေးနှင့် ငွေကြေး သောကြာဂြိုဟ်နှင့် စနေဂြိုဟ်တို့သည်လည်း အားကောင်းစွာတည်ရှိနေပြီး ကြာသာပတေးဂြိုဟ်၏ ရပ်တည်မှုကြောင့် သြဇာအာဏာ ရယူပိုင်ဆိုင်မှုတွေလည်း အားကောင်းစွာ တည်ရှိနေသည်ဟု ဆိုသည်။
အဆိုပါနက္ခတ်နှင့် ယှဉ်တွဲ၍ မွေးဖွားခဲ့ကြသော ကမ္ဘာကျော်ပုဂ္ဂိုလ်များမှာ ငြိမ်းချမ်းရေး ဗိသုကာ ဖြစ်သူ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုးချုပ်ဟောင်း ဦးသန့်၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ခေတ်အကြီးအကဲ ဦးနေဝင်း၊တပ်မတော်အစိုးရ ခေါင်းဆောင်ဖြစ်သူ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် (ငြိမ်း) ဗိုလ်ချုပ်မှုးကြီး သန်းရွှေ၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျပန်ဘုရင် ဟီရိုဟီတို အစရှိသည့် ပုဂ္ဂိုလ်များအပြင် အမေရိကန်နိုင်ငံမှ ဝါရှင်တန် ဒီစီမြို့တော်နှင့် တရုတ်နိုင်ငံ ဘေဂျင်း (ပီကင်း)တို့သည်လည်း ယင်းနက္ခတ်နှင့် ယှဉ်တွဲစိုးမိုးထားသောကြောင့် ကမ္ဘာပေါ်တွင် ထင်ရှားနေရကြောင်းလည်း သိရသည်။
ပြောနိုင် လို့လား လူ တစ်ယောက် ရဲ့ကံကြမ္မာကိုဘောင် ခတ်တာ လို့မြင် တယ် ကောင်းခြင်းဆိုးခြင်း တော်ခြင်းမ တော်ခြင်းဟာမွေးတဲ့နေ့နဲ့လုံးဝမဆိုင် ဘူး
အိမ်က ငါးတွေ အဲ့ရက်အတွင်းပေါက်အောင်ဖောက်လိုက်မယ်လေ 😀
အဲဒီနေ့မှာမွေးပြီးသူတောင်းစားဖြစ်မဲ့သူကောဘယ်လေါက်ရှိမလဲ