Apps

အန်းဒရွိုက်အတွက် Twitter

မြန်မာအိုင်စီတီ ပရိသတ်တွေ အတွက် မနေ့ကမှ ထွက်ရှိခဲ့တဲ့ Twitterဗားရှင်း အသစ်နဲ့ မိတ်ဆက်ပေးပါရစေ။ အန်းဒရွိုက်အတွက် ဖြစ်ပြီး Twitter Incမှ ထုတ်လုပ်ဖြန့်ချိတာပါ။ ဖိုင်အရွယ်အစား 5.9MBနဲ့ ဒီနေရာမှာ ဒေါင်းလုဒ် ရယူနိုင်ပါတယ်။ ဗားရှင်းကတော့ Twitter 4.1.6ဖြစ်ပြီး သင်တို့နေ့စဉ် အသုံးပြုနေကြတဲ့ Facebookလိုမျိုးပဲ Twitterဟာလည်း နာမည်ကြီး လူမှုကွန်ရက် တစ်ခုပါ။ သင်နှစ်သက်တဲ့ လူတွေ၊ သူငယ်ချင်း၊ မိတ်ဆွေ၊ မိသားစုတွေကို “Follow”လုပ်ထား နိုင်မှာ ဖြစ်ပြီး သင်ကိုယ်တိုင်လည်း စာသားတွေ၊ ဓာတ်ပုံတွေကို ေ၀မျှခံစားနိုင်မှာပါ။

ယခုဗားရှင်းအသစ်မှာတော့ Conversation(စကားပြောမှု) ပုံစံအသစ် ပြောင်းလဲသွားတယ်လို့ သိရပါတယ်။ ဒါ့အပြင် အရင်ဗားရှင်းတွေ တုန်းက အဆင်မပြေမှုတွေကို ပြင်ဆင်ပေးထားပြီး အခြားသော Featureအသစ် တွေလည်း ထပ်မံထည့်သွင်း ပေးထားပါတယ်။ Twitterကို သုံးကြည့်ပါ။ လှပတဲ့ ပြင်ဆင်မှု ပုံစံလေးတွေနဲ့ သင်တကယ်ပဲ နှစ်သက်သွားမယ့် Socialတစ်ခု ဖြစ်ပါတယ်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *