Apps

ဖိုးဖိုး ဖွားဖွားတို့နဲ့ သားသားမီးမီးတို့ရဲ့ လူမှုကွန်ရက် အသုံးပြုနှုန်း

လူမှုကွန်ရက် Site (Social Media) တွေဟာ အများအားဖြင့် ဆယ်ကျော်သက်လူငယ်တွေနဲ့ လူလတ်ပိုင်းတွေသာ သုံးတာ များပါတယ်။ “Pew” သုတေသနအဖွဲ့ရဲ့ တင်ပြချက်တစ်ခုအရ အသက် ၁၈မှ ၂၉ နှစ်အတွင်း ရှိတဲ့ အွန်လိုင်းအသုံးပြုသူအများစုဟာ လူမှုကွန်ရက်တွေကို သုံးကြပါတယ်တဲ့။ အသက် ၆၅နှစ်အထက် လူကြီးပိုင်းတွေဟာလည်း ပြီးခဲ့တဲ့ လေးနှစ်လောက်က စပြီး လူမှုကွန်ရက်တွေကို လက်ခံအသုံးပြုလာကြပြီး ရိုးရှင်းပြီး သုံးရ လွယ်ကူတဲ့ လူမှုကွန်ရက် Facebook ဟာလည်း သူတို့ရဲ့ ရွေးချယ်မှု ဖြစ်လာခဲ့ပါတယ်။

အဆိုပါ သုတေသနအဖွဲ့ရဲ့ ခန့်မှန်းချက်အရ အင်တာနက်အသုံးပြုသူ လူလတ်ပိုင်း လေးပုံသုံးပုံဟာ လူမှုကွန်ရက်တွေကို အသုံးပြုပြီး အချိန်ကုန်နေကြခြင်း ဖြစ်ပြီး၊ အသက် ၁၈မှ ၂၉အတွင်း လူငယ်တွေရဲ့ ၁၀ ယောက်မှာ ၉ ယောက်နဲ့ အသက် ၃၀မှ ၄၉နှစ်အတွင်းကတော့  ၁၀ ယောက်မှာ ၈ ယောက်ဖြစ်ပြီး၊ အသက် ၅၀ကနေ ၆၄နှစ်ကြား လူကြီးများကတော့ ၁၀ ယောက်မှာ ၆ ယောက်Social Media ကို ပုံမှန် login လုပ်ကြပါသတဲ့။ ၆၅နှစ်အထက် လူကြီးများရဲ့ ၁၃ ရာခိုင်နှုန်းသာ social media အသုံးပြုတာ ပျော်မွှေ့တယ်လို့ ၂၀၀၉ ခုနှစ် နွေဉီးရဲ့ စစ်တမ်းများက ဆိုပါတယ်။ မည်သို့ပင်ဆိုစေ အဆိုပါ ခန့်မှုန်းချက်ဟာ ၄၃% အထိ တိုးတက်လာခဲ့ပြီး လူကြီးတွေဟာ သူတို့ရဲ့ အချိန်တွေကို အင်တာနက်အသုံးပြုပြီး Social Media အတွက် ပိုမို ကုန်ဆုံးစေလာတယ်လို့ ရည်ညွှန်းပါတယ်။

Pew သုတေသနအဖွဲ့က စီနီယာသုတေသီ တစ်ဦးဖြစ်တဲ့ Aaron Smith ကတော့ Social Media တွေကို သုံးနေကြတဲ့ လူကြီးပိုင်းတွေကတော့ အခု Facebook မှာတင် လာဆုံနေကြပြီ လို့ဆိုပါတယ်။ Twitter တို့ Pinterest တို့ စတဲ့ Social Media ဆိုဒ်တွေထက်စာရင် လူကြီးတွေဟာ Facebook သုံးနေကြတာ ပိုများပြီး လူငယ်တွေလို Social ဆိုဒ်တွေ အများကြီး မသုံးဘူးလို့ သိရပါတယ်။

ဉီးဉီးဒေါ်ဒေါ်တို့ဟာ Facebook ကို လက်စွဲ ဖြစ်နေသော်လည်း Twitter ဘက်ကို လှည့်လာသည့် နှုန်းမြင့်မားလာနေတယ်လို့ ဆိုပါတယ်။ ၁၈ ရာနှုန်းသော Social အသုံးပြုသူ လူလတ်ပိုင်းတွေကတော့ Twitter အသုံးပြုသူတွေ ဖြစ်လာကြပြီလို့ သိရပါတယ်။ ဒါဟာ၂၀၁၀ စာရင်းများနှင့် ယှဉ်ပါက အရေအတွက်ထက် နှစ်ဆ များလာခြင်းပဲ ဖြစ်ပါတယ်။ Social Media တွေကို ယေဘုယျအားဖြင့် လက်ခံအသုံးပြုလာကြခြင်းနဲ့အတူ Microblogging Site တွေပေါ် အများဆုံး ရောက်လာနေတဲ့ အသက်အပိုင်းအခြားကတော့ ၁၈မှ ၂၉အရွယ်တွေ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သုံးယောက်မှာ တစ်ယောက်ဟာ Account တွေရှိတယ်လို့ ဝန်ခံလို့ပါပဲ။ သုတေသနအဖွဲ့ Pew ရဲ့ မေလပိုင်းမှာ တွေ့ရှိချက်အရတော့ ဆယ်ကျော်သက် လေးယောက်မှာ တစ်ယောက်က Twitter ကို အသုံးပြုကြပြီး အသက် ၆၅ နှစ်အထက် လူကြီးပိုင်းတွေရဲ့ ၅%သာ အဆိုပါ Site ကို သုံးကြပါတယ်လို့ ဆိုပါတယ်။

သုတေသနအဖွဲ့ Pew ကတော့ ဒီနေ့ခေတ် လူငယ်တွေက Social Site တွေကို လွယ်လွယ်ကူကူ မြန်မြန်ဆန်ဆန် လက်ခံသုံးစွဲကြတဲ့ တစ်ချိန်တည်းမှာပဲ လူကြီးတွေဟာလည်း အလားတူ အသုံးပြုပြီး သူတို့ရဲ့ သူငယ်ချင်း၊ မိတ်ဆွေတွေနဲ့ ဆက်သွယ်လာနေကြတယ်ဆိုတဲ့ အချက်အလက်များကို ယေဘုယျအားဖြင့် ကောင်းမွန်စွာ တင်ပြပေးထားတယ်လို့ ဆိုနိုင်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *