News

ဒုတိယအကြိမ် ကမ္ဘာ့ကျောင်းများ နို့တိုက်ကျွေးရေးနေ့ ကျင်းပမည်

မြန်မာနိုင်ငံတွင် ဒုတိယအကြိမ် ကမ္ဘာ့ကျောင်းများ နို့တိုက်ကျွေးနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး မူလတန်းအဆင့် ပန်းချီပြိုင်ပွဲကိုပါ ထည့်သွင်းပြုလုပ်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ မွေးမြူရေး လုပ်ငန်းအဖွဲ့ချူပ်မှ သိရသည်ဟု ဆိုသည်။ အဆိုပါ ပြိုင်ပွဲကို ကမ္ဘာ့ကျောင်းများ နို့တိုက်ကျွေးရေးနေ့ဖြစ်သည့် စက်တင်ဘာ ၂၅ရက်တွင် မရမ်းကုန်းမြို့နယ် အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပသွားမည်ဖြစ်ပြီး အခမ်းအနားတွင် ပန်းချီပြိုင်ပွဲအား ထည့်သွင်း ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

နို့စားနွားမွေးမြူရေး အသင်းဥက္ကဌ ဦးခင်လှိုင်က “ကမ္ဘာ့ (၁၄)ကြိမ်မြောက် နို့တိုက်ကျွေးရေးနေ့ကို မြန်မာနိုင်ငံမှာ ဒုတိယအကြိမ် ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ အဲဒီနေ့မှာ ကျောင်းသားကျောင်းသူ ၅၀၀၀ကို နို့တိုက်ကျွေးပြီး ပန်းချီပြိုင်ပွဲလေးတစ်ခု ကျင်းပသွားဖို့ ရှိပါတယ်”ဟု ပြောသည်။ ယင်းပန်းချီပြိုင်ပွဲအတွက် ပထမ၊ ဒုတိယ၊ တတိယဆုနှင့် နှစ်သိမ့်ဆု နှစ်ဆုအပါအ၀င် စုစုပေါင်း ၅ဆု ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံ၌ ပထမအကြိမ် ကျင်းပခဲ့သည့် ကမ္ဘာ့ကျောင်းများ နို့တိုက်ကျွေးရေးနေ့ အခမ်းအနားကို အလုံမြို့နယ်ရှိ အမှတ် (၄)အခြေခံ ပညာအထက်တန်းကျောင်းတွင် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့၊ အမှတ် (၃) အခြေခံပညာဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန၊ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (FAO)နှင့် မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်း အဖွဲ့ချူပ်တို့မှ ပူးပေါင်းကျင်းပခဲ့ကြောင်း သိရပါသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

2 thoughts on “ဒုတိယအကြိမ် ကမ္ဘာ့ကျောင်းများ နို့တိုက်ကျွေးရေးနေ့ ကျင်းပမည်

  1. ဟိုဘက်လှည့်ခိုင်းပြီးမသိအောင် ကန့်တော့မလို့လား

  2. ဆရာမတွေတိုက်မှာလား စို့မယ်စို့မယ်

Leave a Reply

Your email address will not be published. Required fields are marked *